Thursday, November 25, 2021

ကြော်ငြာ ဌာန =


" ဟဲ့ - မောင်လေး ၊ ကြော်ငြာ ထည့်ချင်လို့ "

" ဟုတ် ရပါတယ် ၊ စာစီခဲ့လား အစ်မ "

" ဒီမှာ အပြည့်အစုံ ယူခဲ့တယ် ၊ ရော့ - ဒါက မှတ်ပုံတင်မိတ္တူ ၊ အစ်မက ကော်လံ ကြီးကြီးလေး လိုချင်တာကွဲ့ "

" အော် - အမွေပြတ် ကြော်ငြာပါလား "

" ဘာလဲ - ထည့်မရဘူးလား "

" ရပါတယ် အစ်မရဲ့ ၊ ဒီလိုပါ - အခု ကြော်ငြာခ ရတဲ့ ငွေတွေက ကျည်ဆံ ဝယ်ရမှာ ဆိုလား အဲလို ပြောနေကြလို့ ပါ "

" ဘာဝယ်ဝယ်ပေါ့ မောင်လေးရယ် ၊ မတတ်နိုင်ဘူး ၊ အဓိက က အစ်မတို့ အတွက် ကာဘာ ဖြစ်ချင်တာပဲ သိတယ် "

" အစ်မရယ် - ရင်နဲ့လွယ်ပြီး မွေးခဲ့တဲ့ သားကို အခုလို စွန့်ပြစ်ရတယ်လို့ အံ့သြစရာကြီး "

" ဒီလိုကွဲ့ - သူကပဲ ဖုန်းဆက်ပြောတာ ၊ လိုရ မယ်ရ ကြော်ငြာထားတဲ့ ၊"

" ဟုတ်ပါပီ ရပါတယ်၊ အော် - ဒါနဲ့ ဘယ်နဲ့ရက် ထည့်မှာလဲ "

" ဒါဆို ပိုက်ဆံ - ​- - သောင်းကျပ် ၊ ကျမယ် အစ်မ "

" အေးပါ ဟယ် ၊ ရော့ - - ပြန်မအမ်းနဲ့တော့ ၊ ဟို သတင်းစာတိုက် ပြေးလိုက်အုံးမယ် ကွယ် "

" ကျေးဇူးပါ အစ်မ ၊ ဖြေးဖြေး "

- - -

" အစ်မ ဘာမေ့လို့လဲ ပြန်လာတာလဲ "

" မနက်ဖြန် ပါအောင် ထည့်ပေးနော် ၊ ပြီးတော့ သတင်းစာရဲ့ ထိပ်ဆုံးက ပါအောင်လုပ်ပေးနော် "
ကျေးဇူးပါ မောင်လေးရယ် တဲ့။

ပြာယာခတ်နေတဲ့ အစ်မကြီး ကြည့်ပြီး မောလိုက်တာ ကွာ ၊ ဟု နုတ်မှ ရေရွတ်နေမိချိန် - သူဟာ နောက်တစ်ခေါက်ပြန်လာ ပေါ့ ။

" အစ်မ ဘာ လိုအပ်သေးလဲ လို့ "

" အစ်မလည်း စိတ်နဲ့ ကိုယ် မကပ်တော့ဘူး လား မသိ ၊ ဟိုလေ - စာစီတာ မေ့သွားလို့ပါ ၊ အောက်ဆုံးက စာတစ်ကြောင်းလောက် ထပ်ထည့်ချင်လို့ "

" ဘာများပါလိမ့် "

" ၎င်းနှင့် ပတ်သက်သည့် မည်သည့် ကိစ္စကိုမှ ( လုံးဝ ) တာဝန်ယူ ဖြေရှင်းပေးမည် မဟုတ်ကြောင်း - အဲလိုလေးလည်း ပါအောင် ထည့်ပေးပါ မောင်လေးရယ် " တဲ့။

လခွမ်းပဲ ၊ ဒီနေ့လည်း စောစောပြန်ရမယ် မှတ်တာ၊ လာလိုက်တဲ့ အမွေပြတ် ကြော်ငြာ ။ 😁😁😁
Credit