Saturday, November 27, 2021

NUG, CRPH နှင့် ပတ်သက်၍ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေအရ ထောင်ဒဏ် ၁၀ နှစ်မှ ထောင်ဒဏ် တစ်သက်အထိဖြစ်စေ သေဒဏ်အထိဖြစ်စေ ချမှတ်ခံရနိုင်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းပြောဆို


“ကျွန်တော်တို့ ဒါနဲ့ပတ်သက်ပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ ဆက်စပ်ပြီးတော့ ပြောလိုပါတယ်၊ ဒီ အကြမ်းဖက်မှုတွေကို ငွေကြေးထောက်ပံ့ပေးတာတွေ အားပေးကူညီပေးတာတွေက အကြမ်းဖက်တိုက်ဖျက် ရေးဥပဒေပုဒ်မ ၅၀(ည)နဲ့ ပြဋ္ဌာန်းချက်များနဲ့ အရေးယူနိုင်ပါတယ်၊ ဒါနဲ့ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူဟာ အနည်းဆုံး ထောင်ဒဏ် (၁၀) နှစ်ကနေ အများဆုံးထောင်ဒဏ် တစ်သက်အထိဖြစ်စေ၊ သေဒဏ်အထိဖြစ်စေ ချမှတ်ရမယ့်ငွေဒဏ်လည်း ပါပါတယ်။ လတ်တလောဖြစ်ပွားနေတဲ့ အကြမ်းဖက်အဖွဲ့အစည်း၊ တရားမ၀င်အဖွဲ့ အစည်းတွေက ဖွဲ့စည်းထားတဲ့ ငွေတိုက်စာချုပ် ၀ယ်ယူသူများသည်လည်း အားပေးကူညီရာရောက်တယ်လို့ ကျွန်တော်တို့ပြောလိုပါတယ်” ဗိုလ်ချုပ်ဇော်မင်းထွန်း

နို၀င်ဘာ ၂၆ ရက်နေ့က ပြုလုပ်သည့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲ၌ ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်းပြောကြားခဲ့သည်။

#PeopleMedia #ဗိုလ်ချုပ်ဇော်မင်းထွန်း #သတင်းစာရှင်းလင်းပွဲ