Saturday, November 27, 2021

ဖုန်း အမှတ် (၆၅)လုံး၏ ပိုင်ရှင်အမည်များ ကိုယ်ရေးအချက်အလက်များကို ဖော်ထုတ်ပေးရန် ဗဟိုဘဏ်မှ ဘဏ်များအားလုံးနှင့် မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများထံ တောင်းခံ


ရန်ကုန်၊နိုဝင်ဘာ-၂၆(PeopleMedia)

ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၏ ရည်ညွှန်းချက်အရ ဖုန်း အမှတ် (၆၅)လုံး၏ ပိုင်ရှင်များနှင့်သက်ဆိုင်သည့် ကိုယ်ရေးအချက်အလက်များကို ဖော်ထုတ်ပေးရန် ဗဟိုဘဏ်က နိုဝင်ဘာ ၂၄ ရက်နေ့၌ ဘဏ်များအားလုံးနှင့် မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှု လုပ်ငန်းများထံ အချက်အလက် တောင်းခံသည့်စာ လူမှုကွန်ရက်၌ ထွက်ပေါ်လာပါတယ်။

ဗဟိုဘဏ်မှ ဘဏ်များအားလုံးနှင့် မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများထံ ပေးပို့သည့် စာ၌ ဖုန်းအမှတ် (၆၅)လုံးဖြင့် နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကဘဏ်များအားလုံးနှင့် မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုပေးသူများ၌ Account များ ဖွင့်လှစ်ထားခြင်း ရှိ/မရှိ စီစစ်၍ ဖွင့်လှစ်ထားမှု ရှိပါက ကိုယ်ရေးအချက်အလက်၊ဘဏ်ငွေစာရင်း ရှင်းတမ်းနှင့် ငွေသွင်း/ငွေထုတ် မပြုလုပ်နိုင်ရေး ယာယီတားဆီးရန် ဖော်ပြထားပါတယ်။
 
အဆိုပါ ဖုန်းအမှတ် (၆၅)လုံးဖြင့် သက်ဆိုင်သည့် အချက်အလက်များကို နိုဝင်ဘာ ၂၄ ရက်မှစတင်၍ အလုပ်လုပ်ရက် ၃ရက်အတွင်း ဆောလျင်စွာ စီစစ်ပြန်ကြားပေးရန် ဗဟိုဘဏ်မှ နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကဘဏ်များအားလုံးနှင့် မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုပေးသူများထံ ညွှန်ကြားထားပါတယ်။

Photo-ဗဟိုဘဏ်မှ နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကဘဏ်များအားလုံးနှင့် မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုပေးသူများထံ ပေးပို့သည့် စာ

#PeopleMedia #ဗဟိုဘဏ် #ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့

Related Posts:

  • 🍄 ပြောပုံနဲ့ လုပ်ပုံကကြည့်ဦး UN ကိုယ်စားလှယ်ကအစိုးရအနေနဲ့ အောင်မြင်တဲ့ဆွေးနွေးမှုကိုမလုပ်နှိုင်ရင်ပြည်တွင်းစစ်ဖြစ်လိမ့်မယ်လို့သတိပေးပါသတဲ့။သူမစကားကို စိတ်ဖြာရင် (၃) ချက်တွေ့ရမယ် - ခြိမ်းခြောက်မှုပါတယ် - အစီအစဉ်တခုခုကိုသိထားဟန်ရှိတယ် - NUG တဖြည်းဖြည်းအားန… Read More
  • 😪 တန်ဘိုးမဲ့ အသုံးချခံများတကယ်တော့...လူ၊ တိရစ္ဆာန်အားလုံးဟာလောကကြီးရဲ့ အသုံးချခံတွေသာပါတန်ဘိုးရှိ အသုံးချခံနဲ့တန်ဘိုးမဲ့အသုံးချချခံရယ်လို့သာကွာကြတယ်အကုသိုလ်မကင်းတဲ့ တန်ဘိုးမဲ့အသုံးချခံဆိုရင်တော့ပြောဖွယ်ရာမရှိတော့။ကုသိုလ်နဲ့ယှဉ်တဲ့ကူလီ၊ ပြာတာတယောက်ရဲ့တ… Read More
  • #တိုင်းပြည်ပျက်ရင် #အဲ့လိုပျက်တယ်အာဖဂန်ကနေ အမေရိကန်တပ်တွေရုတ်သိမ်းတယ်တပ်ရုတ်တာနဲ့ ပြည်ပျက်မှာကိုသိလို့ တားကြတယ်Bush လက်ထက်က အာဖဂန်မှာဘင်လာဒင်ခိုပုန်းနေတယ်ဆိုပြီးမွစာကြဲအောင် ဗုံးကြဲစစ်တိုက်ခဲ့တယ်၊အမေရိကန်တပ်တွေ တပ်စွဲခဲ့တယ်၊အခု Biden လက်ထက်မှာတပ်ရုတ်လိုက်တယ်… Read More
  • "ကြယ်ဒလံများ"၏ ဖွင့်ဟ ဝန်ခံချက်များ "ကြယ်ဒလံများ"၏ ဖွင့်ဟ ဝန်ခံချက်များ မောင်မောင်အေး ကတုံးတို့ ဘုံပျောက်သလို....မင်းကိုနိုင်ပြောတဲ့ ကောင်းကင်မှာ ကြယ်ရှိတာလည်း ယုံရတော့မှာပေါ့..........SO Sad ပါ#ဖိုးစီ… Read More
  • "ကြယ်ဒလံများ"၏ ဖွင့်ဟ ဝန်ခံချက်များ မောင်မောင်အေး ကတုံးတို့ ဘုံပျောက်သလို....မင်းကိုနိုင်ပြောတဲ့ ကောင်းကင်မှာ ကြယ်ရှိတာလည်း ယုံရတော့မှာပေါ့..........SO Sad ပါ#ဖိုးစီ… Read More