Saturday, November 27, 2021

ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) က စောဆန်းအောင်ကို အခြေချစစ်ဗျူဟာမှူးတာ၀န်ပေးအပ်


နို၀င်ဘာ - ၂၆ - ၂၀၂၁
သတင်းနှင့်ဓာတ်ပုံ - ကရင်အမျိုးသားမီဒီယာ

ကရင်ပြည်နယ် မြ၀တီခရိုင်အခြေစိုက် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) ဌာနချုပ်တွင် ကျင်းပပြီးစီးခဲ့သည့် (၁၅) ကြိမ်မြောက် တပ်မှူးမျာအစည်းအဝေးတွင် ယခင်ကတပ်ဖွဲ့၀င်ဟောင်းတဦးဖြစ်သည့် စောဆန်းအောင်ကို အခြေချစစ်ဗျူဟာ၏ ဗျူဟာမှူးအဖြစ် တာ၀န်ပေးခန့်အပ်လိုက်သည်။

အခြေချစစ်ဗျူဟာ၏ ဗျူဟာမှူးတာ၀န်သည် ဗိုလ်မှူးကြီးအဆင့်ဖြစ်သည်။

ဗျူဟာမှူးတာ၀န်ပေးအပ်ခြင်းခံရသည့် စောဆန်းအောင်သည် ယနေ့မှစတင်ကာ တာ၀န်များကို စတင်ထမ်းဆောင်မည်ဖြစ်သည်။

တာ၀န်ပေးအပ်ခံရသည့်ကိစ္စနှင့်ပတ်သက်၍ စောဆန်းအောင်က ကရင်အမျိုးသားမီဒီယာ (K N M ) သို့ ယနေ့မွန်းလွဲပိုင်းတွင် အတည်ပြုပြောဆိုခဲ့သည်။

(၁၅) ကြိမ်မြောက် တပ်မှူးများအစည်းအဝေးကို ယခုလ (၂၄) ရက်နေ့မှ (၂၅) ရက်နေ့ထိ ဌာနချုပ်တည်ရှိရာ ဆုံဆည်းမြိုင်တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) ၏ လစ်လပ်နေသော ဒုတိယစစ်ဦးစီးချုပ်တာ၀န်ကိုမူ ဗိုလ်မှူးချုပ်စောတာခူး အား တပ်မှူးများအစည်းအဝေးက ခန့်အပ်တာ၀န်ပေးအပ်ခဲ့သည်။

ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) ၏ လက်ရှိစစ်ဦးစီးချုပ်မှာ ဗိုလ်ချုပ်ကြီးစောစတီး ဖြစ်သည်။

ဓာတ်ပုံ - စောဆန်းအောင် ။
သတင်း#ကရင်အမျိုးသားမီဒီယာ
Cc- ကိုနောင် 

TRMH
27.11.2021

Related Posts:

  • #ဒေါသကင်းသောနိုင်ငံရေး!(၁၁)🇲🇲#ကျွန်တော်နားလည်သမျှမှာတော့ တိုင်းပြည်နဲ့လူမျိုး ဖွံ့ဖြိုးတိုးတက်ဖို့ အဓိကအကျဆုံးလိုအပ်ချက်ဟာ         "ငြိမ်းချမ်းရေး" ပဲ။#ငြိမ်းချမ်းမှုမရှိရင်၊တရားဥပဒေစိုးမိုးမှု မရှိနိုင်ဘူး။#ထို့အတူတည်ငြိမ်အေးချမ်းမှုမရှိနိုင်ဘူး။#တည်ငြိ… Read More
  • #ဒေါသကင်းသောနိုင်ငံရေး!(၉)🇲🇲#မကောင်းမှုဒုစရိုက်ကို နှစ်မြို့စွာမွေးဖွားလာသူမရှိပေ။#အချို့သူများသည် ဘဝအကျိုးပေးနည်းသဖြင့်   မကောင်းမှုတွင် မပျော်ရွှင်စွာ နစ်မျောနေကြရရှာ၏။#အချို့မှာမှု မကောင်းမှုမှန်းသိလျက် ထိုမကောင်းမှုပေါ်  တွင် ခုံမင်စွာရှိကြပြန်လေသည်… Read More
  • #ဒေါသကင်းသောနိုင်ငံရေး!(၇)🇲🇲#သားငယ်၏နာကျင်စွာငိုကြွေးမှုကြောင့် မိခင်သည်  မိမိလက်ကို လွှတ်လေသည်။ ဘီလူးမက သားငယ်  ကိုရ၍ "ကဲ!---ဘာတတ်နိုင်သေးလဲ!--သဘောဖြင့်  စိမ်းစိမ်းပြုံးလေ၏။ရက်စက်မှုကား အတိ။#သို့ရာတွင် "သားငယ်အပေါ် မိခင်၏ ကြင်နာဂရုဏာ   စိတ် မရှိသော မိန… Read More
  • #ဒေါသကင်းသောနိုင်ငံရေး!(၈)🇲🇲#ဤကမ္ဘာတွင်အမှားကင်းသူဟူ၍မရှိ။#သို့အတွက်ကြောင့်တစ်သက်လုံးမှားနေရမည်ဟုလည်း  မဆိုလို။#မှားတယ်ဆိုတာမဆန်းသော်လည်း မှားပြီးရင်းမှားနေ  ရန်မသင့်ပေ။ အမှားနည်းသူဖြစ်အောင်!--နောင်မမှား  အောင် မိမိကိုယ်ကို လေ့ကျင့်ပျိုးထောင် ကြရမည်။#ထိ… Read More
  • #ဒေါသကင်းသောနိုင်ငံရေး!(၁၀)🇲🇲#အသိပညာသင်ယူမှတ်သားရာမှာတော့ လူအတော်များ  များဟာ ကလေးငယ်လိုပါပဲ။#"မီးဟာပူတယ်"လို့ပြောတာကိုကလေးငယ်လက်ခံလို ဟန်မရှိပါဘူး။သူကိုယ်တိုင်ကိုင်ကြည့်မှမှတ်တော့တယ်။#"စစ်ကိုမခေါ်နဲ့!--ပျက်စီးခြင်းနဲ့ဒုက္ခပင်လယ်ဝေမှုသာ  အဖတ်တင်မယ်"---ဒီ… Read More