Saturday, November 27, 2021

နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၀/၂၀၂၁)သတင်းစာရှင်း လင်းပွဲ ကောက်နုတ်ချက်အကျဉ်း


ပညာရေး

■ အခြေခံပညာအလယ်တန်း ကျောင်းသူ/သားများအနေဖြင့် ကျောင်းတွင်းစစ် စာမေးပွဲများကို မတ်လအတွင်းစစ်ဆေးသွားမည်ဖြစ်ပြီး တက္ကသိုလ်ဝင်စာမေးပွဲကိုမူ ဧပြီလ အတွင်း သင်္ကြန်မတိုင်မီစစ်ဆေးမည်။

ကျန်းမာရေး

 ■ ကိုဗစ်တတိယလှိုင်း ၄၁ ရာခိုင်နှုန်းမှ ၂.၃၅ ရာခိုင်နှုန်းသာကျန်ရှိတော့။ ကာကွယ်ဆေး ၃၁ သန်းကျော်ဝယ်ယူထားပြီး ၁၀ ကျော်ကို အခြားနိုင်ငံများက လှူဒါန်းပေး။ ဒီဇင်ဘာလ တွင် ရုရှားနိုင်ငံမှ ကာကွယ်ဆေး (၂)သန်းရောက်ရှိမည်။ ယခုနှစ်အကုန်တွင် ၁၈ နှစ်အထက် လူဦးရေ၏ ၅၀ ရာခိုင်နှုန်းအား ကာကွယ်ဆေး အပြည့်အဝထိုးနှံပေးမည်။ 

အကြမ်းဖက်အဖွဲ့အစည်း

■ NUG နှင့်ပတ်သက်ပြီး ဇော်ဝေစိုး၊ ဆာဆာနှင့် မျိုးရောင်နောင်သိမ်းတို့၏ အကြမ်းဖက်မှု များတွင် တိုက်ရိုက်ပူးပေါင်းပါဝင်နေမှုများကို ရှင်းလင်းပြသ။
■ ဇေယျာသော်နှင့်ပတ်သက်ပြီး ဖမ်းဆီးရမိအချက်အလက်များအရ ပြောသင့်ပြောထိုက် သည့် အချက်များကိုသာ ထုတ်ဖော်ပြသခြင်းဖြစ်။ ရန်ကုန်မြို့ရှိ အကြမ်းဖက်မှုများတွင် ဇယသ အနေဖြင့် အကြမ်းဖက်မှု (၂၆)ကြိမ်အထက် ပါဝင်ပတ်သက်မှုရှိ။

ရွေးကောက်ပွဲအခြေအနေ

■ ပါတီများ၏ ငွေကြေးစီးဆင်းမှုများ စစ်ဆေးခြင်းအခြေအနေနှင့်ပတ်သက်၍ ၃၄ ပါတီ စစ်ဆေးပြီး၊ စစ်ဆေးဆဲ ၄ ပါတီရှိ။ မဲမသမာမှုများ၊ မဲမတရားပြုကျင့်မှုများနှင့်ပတ်သက်၍ ပါဝင်သူများအား အရေးယူဆောင်ရွက်လျက်ရှိ။ 
■ UEC ၏ ထိပ်သီးအစည်းအဝေးများတွင် NLD ပါတီတက်ရောက်ရန် ဖိတ်ကြားခံ ခဲ့ခြင်းမျိုးပြုလုပ်ခဲ့၊ စစ်ဆေးဆောင်ရွက်မှုများ မပြီးပြတ်သေးသဖြင့် NLD ပါတီအား လက်ရှိအချိန်တွင်ဖျက်သိမ်းခြင်း မရှိသေး။ 

ရုရှား-မြန်မာ ဆက်ဆံရေး

■ ရုရှား-မြန်မာ ရင်းနှီးမြုပ်နှံမှုနှင့်ပတ်သက်၍ B2P အစည်းအဝေး(၂)ကြိမ်အထိကျင်းပ ပြီးစီးခဲ့ပြီး (၃)ကြိမ်မြောက်ကို မြန်မာနိုင်ငံတွင် ကျင်းပနိုင်ရေး ဆောင်ရွက်မည်။

အထွေထွေ

■ မဟာဗျူဟာရည်မှန်းချက်များကိုသာ အသိပေးနိုင်ပြီး နည်းဗျူဟာ ရည်မှန်းချက်များကို မူ သက်ဆိုင်ရာ ဝန်ကြီးဌာနများကသာ ဖြေကြားပေးနိုင်မည်ဖြစ်။
■ သံဃာတော်များအသတ်ခံရမှုပတ်သက်၍ ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ပြီး သာဝန်ဌာနကလည်း ကန့်ကွက်စာများထုတ်ပြန်ထားပြီးဖြစ်။ ပြည်သူများအနေဖြင့် လုံခြုံရေးတပ်ဖွဲ့များအပေါ် “အသိပေး၊ သတိပေး၊ အကူအညီပေး” ခြင်းဖြင့် ဝိုင်းဝန်းပေးရန် ဆို။ 
■ လူငယ်များ အကျင့်စာရိတ္တ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာန များအပြင် အဖွဲ့အစည်း အသီးသီးအမျိုးမျိုးအနေဖြင့်လည်း စုစည်းမှုအားဖြင့် လိုက်လျောညီထွေဖြစ်စေမည့် အရွေ့တစ်ခုဖြစ်စေရေး ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေး စေလို။ 
■ CDM ဝန်ထမ်းများ အနိုင်ကျင့်မှုများရှိပါက တိတိကျကျ တိုင်ကြားနိုင်။
■ အကြမ်းဖက်အဖြစ် ကြေငြာခြင်းခံထားရသူများနှင့် ဆွေးနွေးရန်အစီအစဉ်မရှိ။ 
■ သတင်းထောက်ခေါင်းစဉ်ဖြင့် ဖမ်းဆီးထားခြင်းမဟုတ်ဘဲ ပူဆန္ဒပြစဉ် ဦးဆောင်သူများ၊ ပါဝင်ပတ်သက်သူများ ၊ လှုံ့ဆော်သူများနှင့် ပြစ်မှု ကျူးလွန်သူများကိုသာ ဖမ်းဆီးထား ခြင်းဖြစ်။ 

#ဖိုးစီ