Wednesday, November 24, 2021

မဟာဗောဓိမြိုင်ဆရာတော်ကြီးမှ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး)ရှိ သံဃာအပါး (၄၀၀) ကျော်တို့အတွက် သင်္ကန်း၊ ထီး၊ ဖိနပ်၊ ယပ်နှင့် လှူဖွယ်ပစ္စည်းများ ထပ်မံလှူဒါန်း


မန္တလေး၊ နိုဝင်ဘာ ၂၂ (People Media)

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ အလယ်တိုက်နယ်၊ ေဥယဓြမျတောရ၌ သီတင်း သုံးတော်မူသော မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးမှ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး)ရှိ သံဃာအပါး (၄၀၀)ကျော်တို့အတွက် သင်္ကန်း၊ ထီး၊ ဖိနပ်၊ ယပ်နှင့် လှူဖွယ်ပစ္စည်းများကို ၁၃၈၃ ခုနှစ်တန် ဆောင်မုန်းလပြည့်ကျော် ၂ ရက်နေ့က ထပ်မံဆပ်ကပ်လှူဒါန်းခဲ့ကြောင်း နတ်တလူသာသနာပြုစခန်း ပြန်ကြား ရေးမှ သိရသည်။

အဆိုပါ လှူဖွယ်ပစ္စည်းများကို ဉေယျဓမ်တောရကျောင်းသားများနှင့် မန္တလေးသာဝကကြီးများအဖွဲ့များက သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မဟာဗောဓိမြိုင်ဆရာတော်ကြီးမှ အောက်တိုဘာလ ၂၉ ရက်နေ့နှင့် အောက်တိုဘာလ ၃ဝ ရက်နေ့များတွင် လည်း ရန်ကုန်မြို့ရှိ သံဃာတော် (၈ဝဝ) ကျော်အတွက်လည်း လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့သည်။

ပြီးခဲ့သည့် လဆန်းပိုင်းအတွင်းကလည်း အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်မှ ဒုတိယပါ မောက္ခချုပ် ၁ ပါး၊ ပါမောက္ခ ၆ ပါးအတွက် သီးသန့်လှူဖွယ်ပစ္စည်းများနှင့်အတူ ယင်းတက္ကသိုလ်မှာရှိသည့် သင်ကြားအင်အား စာရင်းပါ ရဟန်း၊ သီလရှင်၊ လူပုဂ္ဂိုလ်များအတွက် လှူဖွယ်များကို ဆက်ကပ်လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း နတ်တလူသာသနာပြုစခန်း ပြန်ကြားရေးမှ သိရသည်။

ယင်းပြင် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)အတွက်လည်း ပါမောက္ခချုပ် ဆရာတော်အတွက် ကြာသင်္ကန်းအပါအဝင် သီးသန့်လှူဖွယ်များနှင့်အတူ သင်္ကန်း အစုံရေ ၇၉၅ စုံနှင့် အခြားလှူဖွယ်များကို ပေးပို့ လှူဒါန်းခဲ့သေးကြောင်း သိရသည်။

ထိုနောက် သာစည်မြို့နယ်လုံးဆိုင်ရာ သံဃာ့ပူဇော်ပွဲကြီးကို ကျင်းပပြုလုပ်စေခဲ့ပြီး သာစည်မြို့နယ်အတွင်းက ကျောင်းတိုက်ပေါင်း ၃၁၃ ကျောင်းမှ သံဃာတော် ၂၇ဝဝ ခန့်အတွက် သင်္ကန်းအစရှိသော လှူဖွယ်များကို မဟာဗောဓိမြိုင်ဆရာတော်ကြီးကိုယ်စား တပည့်ဒကာများကို လှူဒါန်းစေခဲ့သလို အဆိုပါနေ့တွင်ပဲ နေပြည် တော်၊ ပျဉ်းမနားမြို့နယ်အတွင်းက ကျောင်းတိုက်ပေါင်း ၁၃ဝ မှ သံဃာတော် ၂၆ဝဝ ကျော်အတွက် သင်္ကန်းစုံ ရေ ၃၃ဝဝ ကို မဟာဗောဓိမြိုင်ဆရာတော်ကြီးက လှူဒါန်းစေခဲ့ကြောင်း နတ်တလူသာသနာပြုစခန်း ပြန်ကြား ရေးမှ သိရသည်။

#PeopleMedia #သာသနာရေး #မဟာဗောဓိမြိုင်ဆရာတော်ကြီး

Related Posts:

  • (N L D)အက္ခရာသုံးလုံးအား ကြိုးစင်တင်တော့မည်(၁၉၈၈) အရေးအခင်းအပြီး ထွက်ပေါ်လာသော အထက်ပါအက္ခရာသုံးလုံး၏ ကျူးလွန်ခဲ့သော ပြစ်မှုများမှာ အောက်ပါအတိုင်းဖြစ်သည် ။၁။ (၁၉၄၇ ၊ ၁၉၇၄ ၊ ၂၀၀၈) ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေများအား ဖျက်စီးရန် ကြံရွယ်ခြင်း(ဖျက်စီးခဲ့ခြင်း) ။၂။ … Read More
  • Copy 🍁ဘယ်သူမဆိုပေါ့။ မိတ္တူပေးခံရမှာကြောက်ကြတယ်။ သူများဆီမှာဖြစ်နေတဲ့ အရာတစ်ခု ကိုယ့်ဆီမှာ လာဖြစ်မှာစိုးရိမ်သလို ကိုယ်လုပ်သလို သူများက လိုက်လုပ်ပြီး အကျိုးအမြတ်ယူသွားမှာကိုလည်း သေမလောက်ကြောက်ကြပါတယ်။ ဒါကြောင့်ပဲ နီပိန်းတွေရဲ့လမ်းစဉ… Read More
  • မှန်တာပြောတော့ သစ္စာမို့မင်းတို့တတွေ ပိန်းပြီးစုံလုံးကန်းနေကြလို့ဟိုကောင်ကြီးတွေပြောသမျှအဟုတ်ထင်နေကြလို့ ပြောနေရတာအွန်လှိုင်းပေါ်မှာ အစိုးရဖွဲ့တယ်အွန်လှိုင်းပေါ်မှာ အလုပ်လုပ်တယ်အွန်လှိုင်းပေါ်မှာ နေကြတယ်အွန်လှိုင်းပေါ်မှာ အသက်ရှင်တယ်အွန်လှိုင်းပေါ်က… Read More
  • 2020 အထွေထွေရွေးကောက်ပွဲရလဒ်ကို ဘာကြောင့်ပယ်ဖျက်ခဲ့ရသလဲ #mhtnews #2020election#mhtnews#2020election… Read More
  • မဲဆောက် မှ C.T.F အမည်ခံ - မယ်တော်ဆေးခန်း၏ Covid ထိန်းချုပ်ရေး စင်တာ ကို ကုလ အသိအမှတ်ပြု ၊CTF ၏  ပထမဆုံးခြေလှမ်း -နောက်ကွယ်မှာ NUG ရုံးစိုက်ဌာန အဖြစ် မကြာခင် ပြောင်းလဲလာနိုင် ၊ဒေါက်တာဇော်ဝေးစိုး ဒု ဥက္ကဌ အဖြစ်မယ်တော်ဆေးခန်း မှာ ရုံးထိုင်မည်၊ CIA ဆက်ဆံရေး ရုံး..... တိတ်တိတ်ပုန်း ဖွင့်လှစ်ရန် အတွက်  UN NGO အသိအမှတ်ပ… Read More