Saturday, November 27, 2021

🇲🇲 Nationalistic


_
  ပြင်းထန်တဲ့အမျိုးသားရေးစိတ်မှမရှိရင်
နိုင်ငံနဲ့မထိုက်တန်ဘူး
_
  နိုင်ငံမရှိတဲ့သူတွေရဲ့ဘဝကိုလေ့လာပါ
ဂျူးတွေကိုလေ့လာကြည့်ပါ
ပါလက်စတိုင်းတွေကိုလေ့လာကြည့်ပါ
တိုင်းပြည်မရှိတဲ့လူမျိုးရဲ့ဘဝက
သိပ်ကြောက်ဖို့ကောင်းပါတယ်
_
  ကျနော်တို့ဟာ ကိုယ့်ဘိုးဘွားပိုင်တဲ့
ကိုယ့်တိုင်း ကိုယ့်ပြည် ကိုယ့်လူမျိုးနဲ့
ကိုယ့်ဘာသာ သာသနာ
ကိုယ့်သမိုင်း ကိုယ့်စာပေ
ကိုယ်ပိုင်ယဉ်ကျေးမှုတွေနဲ့နေကြရတာပါ
ဒီတန်ဖိုးကို
ကျနော်တို့သိဖို့လိုတယ်
_
  National Identity_
ကျနော်တို့လူမျိုးတွေမှာ
ကိုယ့်ကိုယ်ပိုင်ထင်ရှားတဲ့လက္ခဏာဆိုတာရှိတယ်
ဘယ်နိုင်ငံကိုသွားသွား မြင်လိုက်တာနဲ့
ဒါ မြန်မာဆိုတဲ့အသွင်သဏ္ဍာန်ရှိတယ်
ဒါတွေကို
ဘယ်သူတွေကဖျက်ပြစ်နေကြသလဲ..?
_
  သူများနိုင်ငံတွေကိုခိုးဝင်နေကြသူတွေကို
မဆိုလိုဘူးနော်
သူတို့ဟာ နိုင်ငံမဲ့တွေမဟုတ်ဘူး
နိုင်ငံချဲ့နေကြတာ
_
  လွန်ခဲ့တဲ့နှစ်(၃၀)လောက်ကစပြီး
ယဉ်ကျေးမှုတွေကိုဖျက်ဆီးခဲ့ကြတယ်
Liberalism-ခေါ်တဲ့
လစ်ဘရယ်ဝါဒကို
အနောက်တိုင်းကသယ်ယူလာကြသူတွေက
မြန်မာ့ယဉ်ကျေးမှုတွေကို
ပြောင်းလဲပြစ်ခဲ့ကြတယ်
_
  Human Right-ဆိုတဲ့
လှပတဲ့ခေါင်းစဉ်တွေကိုတန်ဆာဆင်ကာ
အမျိုးဘာသာကိုပျက်သုဉ်းရေးရည်ရွယ်ကာ
Brain Wash-
သဘောတရားများကိုထပ်ကာထပ်ကာ
ပြောဆိုခဲ့ကြတယ်
_
  သစ်ငုတ်တောင်မှ
နှဲ့ပါများရင် ယိုင်သွားတတ်ကြသလို
နိုင်ငံတော်ကိုကာကွယ်ထားတဲ့တံတိုင်းကြီး
တပ်မတော်ကိုမုန်းတည်းရေးတွေ
နည်းမျိုးစုံလုပ်ဆောင်ခဲ့ကြတယ်
_
  နိုင်ငံမဲ့သွားတယ်ဆိုတာ
ဒီနိုင်ငံကနေအပြင်ကိုထွက်သွားမှမဟုတ်ဘူး
ကိုယ်ပိုင်နိုင်ငံကို
သူပိုင်အမည်ပြောင်းကာ
ဥပဒေတွေပြောင်းလဲသွားမှာကိုဆိုလိုတာ
_
 nldတွေကျိုးစားခဲ့တာအဲဒါတွေဘဲ
အနောက်တိုင်းရဲ့
ယဉ်ကျေးမှုတွေအတင်းထိုးသွင်းပေးတယ်
ကိုယ့်ယဉ်ကျေးမှုတွေကိုကြတော့
ရသလောက်ဖျက်ပြစ်ခဲ့တယ်
အမျိုးသမီးမတက်ရနေရာကအစ
ကိုယ်တိုင်ဝင်ပြလိုက်တယ်
ဗုဒ္ဓဘုရားဟာသာမန်လူသားပါတဲ့
အထူးကိုးကွယ်နေဖို့မလိုပါဘူးတဲ့
ဒါကိုမနာတတ်ကြတာများအံ့သြလို့မဆုံးဘူး
_
  Nationalistic-မရှိကြတဲ့သူတွေ
သူ့ကျွန်မခံလိုစိတ်မရှိကြတဲ့သူတွေဟာ
အမေအမေ တစာစာအော်ရင်း
အဝီစိတွင်းထဲကိုဆင်းနေကြတယ်
ဒီကနေ့
ဘယ်သူတွေဘာဖြစ်နေကြပြီလဲ..?
_
  ဗုဒ္ဓဘာသာဝင်စစ်စစ်ဖြစ်ဖို့ဆိုတာ
ဒီလိုမှတ်ကျောက်တင်ခံနှိုင်မှသာ
အမှန်တကယ်ဗုဒ္ဓဘာသာအစစ်ဖြစ်မှာပါ
ဘုရား တရား သံဃာသည်သာ
ကိုးကွယ်ရာအစစ်ဖြစ်ကြောင်း
အကယ်၍
တစုံတယောက်က
ထိုရတနာ(၃)ပါးဟာ
ကိုးကွယ်ရာမဟုတ်ဖူးလို့ပြောခိုင်းမယ်
မပြောရင်သတ်မယ်ဆိုရင်တောင်
သရဏဂုံမြဲတဲ့သူဟာ
အသက်သာအသေခံသွားပါလိမ့်မယ်
_
  သင်မှတ်ကျောက်တင်ခံနှိုင်ပါပြီလား..?

MinLwin
or
MinNanda..✍️✍️✍️

Related Posts: