Tuesday, November 30, 2021

ပြည်သူ့စစ်မှုထမ်းဥပဒေဥပဒေအမှတ်၂၇ /၂၀၁၀ အတည်ဖြစ်လာရင်-


အသက်( ၁၈) နှစ်မှ (၃၅)နှစ်အတွင်း အမျိုးသားတိုင်းနဲ့ (၁၈)နှစ်မှ(၂၇)နှစ်အတွင်း အမျိုးသမီးတိုင်း(၂) နှစ်ထိ စစ်မှုထမ်းရမှာဖြစ်သလိုအစိုးရက အရေးပေါ်အခြေအနေ သတ်မှတ်ထားခဲ့ရင်(၅)နှစ်အထိ စစ်မှုထမ်းကာလကိုတိုးမြင့်သွားမယ်လို့ပြဌာန်း
ထားပါတယ်။

စစ်မှုထမ်းစာရင်းပေးသွင်းဖို့ ပျက်ကွက်သူတွေအနေနဲ့ ထောင်(၃)နှစ်ကျနိုင်ပြီးဟန်ဆောင်ရှောင်လွှဲရင်
တော့ထောင်(၅)နှစ်အထိအပြစ်ပေးခံရမယ်လို့
လဲပြဌာန်းပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့အရန်တပ်ဖွဲ့ ဥပဒေကိုမြန်မာနိုင်ငံပြန်တမ်းအမှတ် (၅၁)၊ (၂ဝ၁ဝ)ခုနှစ်(နိုဝင်ဘာ 10) ဒီဇင်ဘာလ(၁၇)ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။
==========================

💥 ပြည့်သူ့ စစ်မှုထမ်း ဥပဒေ

*တာဝန်ထမ်းဆောင်ရမည့်သူများ

အသက် ၁၈ နှစ်မှ ၃၅ နှစ် ထိ အမျိုးသားအားလုံး .အသက် ၁၈ နှစ်မှ ၂၇ နှစ်ထိအမျိုးသမီးများ အားလုံး ။

ကျွမ်းကျင်ပညာရှင် ဖြစ်လျင်.အသက် ၁၈ နှစ်မှ ၄၅ ထိ အမျိုးသား အားလုံး ..
အသက် ၁၈ နှစ်မှ ၃၅ နှစ်ထိ အမျိုးသမီးများ အားလုံး။

*ကင်းလွတ်ခွင့်ရသူများ

သာသနာ့ ၀န်ထမ်းများ ( မည်သည့် ဘာသာမဆို )
အိမ်ထောင်သည် အမျိုးသမီးများ
သားသမီးရှိသောအိမ်ထောင်ပျက်အမျိုးသမီးများ
ဆေးစစ်ဆေးချက်အရစစ်မှုထမ်းရန် မသင့်လျော်သူ .
စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟို အဖွဲ့က သီးခြားအမိန့်ထုတ်ပြန် ကင်းလွတ်ခွင့်ပြုသူများ..

*ယာယီ ကင်းလွတ်ခွင့်ရသူများ
ယာယီ ဆေးအဆင့်နိမ့်နေသူများ 
နိူင်ငံ၀န်ထမ်းများ .
ပညာသင်ကြားနေသူများ..
အခြား ပြုစုစောင့်ရှောက်မည့်သူမရှိသည့် ..မိအိုဖအိုတို့ကို ပြုစုလုပ်ကျွေးနေသူများ.
မူးယစ်ဆေးဖြတ် ကုသမှုခံယူနေသူများ နှင့် .ထောင်ဒဏ်ကျခံနေရသူများ 
(ယာယီ ကင်းလွတ်ခွင့်ပြုထားချိန်တွင်.အသက်ကန့်သတ်ချက် ကျော်လွန်သွားလျှင်ကင်းလွတ်ခွင့်မပြု ပါ .မဖြစ်မနေ တာ၀န် ထမ်းဆောင်ရမည် )

*စစ်မှုထမ်းကာလ

သာမန် လူများ အတွက် ၂ နှစ်ဖြစ်ပြီး .ပညာသည်များ အတွက် ၃ နှစ်ဖြစ်သည်။
(အရေးပေါ်အခြေအနေများတွင်မည်သူ့ကိုမဆို ..စစ်မှုထမ်းကာလ ၅ နှစ်အထိ ....သက်တမ်း တိုးမြှင့်နိူင်သည်)

*အရန်တပ်ဖွဲ့ ဥပဒေပုဒ်မ၂အရ ကာကွယ်ရေး ဦးစီးချုပ်သည်စစ်မှုထမ်းဟောင်းများအားလုံးကို စစ်မှုထမ်းဆောင်ရန် ...ပြန်လည်ဆင့်ခေါ်နိူင်ပါသည် ထို ဆင့်ခေါ်ခံရသော စစ်မှုထမ်းဟောင်းများ သည် တပ်မတော်တွင် နောက်ဆုံးတာ၀န်ထမ်းဆောင်ခဲ့သော ရာထူး နှင့် စစ်၀တ်စုံတို့ကို သုံးစွဲခွင့်ပြုသည် 

*စစ်မှုထမ်းဆောင်ရသူများ အားလုံးသည် ၁၉၅၉ ခုနှစ် တပ်မတော် အက်ဥပဒေကို လိုက်နာရမည်

စစ်မှုထမ်းကာလအတွင်း .....ပြစ်မှုတစ်စုံတစ်ရာကျူးလွန်လျှင် .
စစ်တရားရုံး မှ ဖြစ်စေ..
နယ်ဘက် တရားရုံး မှ ဖြစ်စေ..ချမှတ်သော ပြစ်ဒဏ်ကာလကို ....

စစ်မှုထမ်းကာလ အတွင်း 
ထည့်သွင်း စဉ်းစားခြင်းမပြုပဲ ..သတ်မှတ်ကာလ ပြည့်သည်ထိ.စစ်မှုထမ်းဆောင် ရမည်

*စစ်မှုထမ်းကာလအတွင်း .
အဆင့်လိုက် လစာ စားရိတ်များ ခံစားခွင့်ရရှိပါမည် .
တာ၀န်ထမ်းဆောင်စဉ် ကျဆုံးခဲ့ပါက တပ်မတော်မှ သတ်မှတ်ထားသည့်အတိုင်း..ခံစားခွင့် များရရှိပါမည် 

*စစ်မှုထမ်း ဆင့်ခေါ်စာကို 
သက်ဆိုင်ရာပုဂ္ဂိုလ် ထံ ..
တိုက်ရိုက် ပေးအပ်မည် ဖြစ်ပြီး..မတွေ့ရှိခဲ့လျှင် .မိသားစု၀င်တစ်ဦးဦး အား ..သက်သေတစ်ဦးရှေ့တွင် ပေးအပ် ပါလိမ့်မည် ....

ထိုသို့ပေးအပ်ခြင်း သည် .
ဥပေဒအရ ..သက်ဆိုင်ရာပုဂ္ဂိုလ် လက်ထဲသို့.ပေးအပ်ခဲ့ပြီး ဖြစ်သည်ဟု မှတ်ယူပါလိမ့်မည်..

* ပြည်သူ့စစ်မှုထမ်း ဥပဒေပုဒ်မ ၂၃ အရ..

မှတ်ပုံတင်ဖို့ဆင့်ခေါ်ချိန် ၌ ပျက်ကွက်လျှင်..

ဆေးစစ်ဖို့ဆင့်ခေါ်ချိန်၌ ပျက်ကွက်လျှင်..  

စစ်မှုထမ်းဖို့ဆင့်ခေါ်ချိန်၌ ပျက်ကွက်လျှင်..

မှတ်ပုံတင်ချိန်၌အကြောင်းအရာတစ်ခုခုကို ..လိမ်လည် ရေးသား ဖော်ပြလျှင် ..ထောင်ဒဏ် ၃ နှစ် ကျခံရပါမည် 

* ပြည်သူ့စစ်မှုထမ်း ဥပဒေ ပုဒ်မ ၂၄ အရစစ်မှုထမ်းခြင်းမှ ရှောင်လွဲရန်အတွက် 

ရောဂါရှိ ဟန်ဆောင်ခြင်း .
တမင် ရောဂါရအောင် လုပ်ခြင်း..

ရောဂါကို မပျောက်အောင် ပိုဆိုးလာအောင် လုပ်ခြင်း..

အနာတရ ဖြစ်အောင်လုပ်ခြင်း တို့အတွက်.

ကျူးလွန်သူအား ထောင်ဒဏ် ငါးနှစ်..
အားပေးသူ ကူညီသူအား ....
အရပ်သား ဖြစ်လျှင် ထောင်ဒဏ် တစ်နှစ် ..
၀န်ထမ်း ဖြစ်လျှင်ထောင်ဒဏ် သုံးနှစ် ကျခံရပါလိမ့်မည်။
ရဲအရေးပိုင်သော ပြစ်မှုများ အဖြစ်သတ်မှတ်ထား
ပါသည်...Fighting
Credit