Tuesday, November 30, 2021

ငါတို့ခေတ် ❗ ငါတို့အိမ် ‼


        ~မိသားစုတွင်း
        ~အချင်းချင်း
        ~စစ်ခင်းရတဲ့ ငါတို့ခေတ် ။

        ~တအူတုံဆင်း
        ~မောင်နှမရင်း
        ~အချင်းများတဲ့ ငါတို့ခေတ် ။

        ~တံခါးဂျက်ထိုး
        ~မယုံကိုး
        ~ဓါးမိုးအိပ်တဲ့ ငါတို့ခေတ် ။

        ~ခရီးတူသြား
        ~ရှေ့ကထား
        ~နောကျောယားတဲ့ ငါတို့ခေတ် ။

        ~ငယ်ပေါင်းကြီးဖော်
        ~လမ်းတွေ့သော်
        ~မခေါ်ရဲတဲ့ ငါတို့ခေတ် ။

        ~နိုင်ငံသားချင်း
        ~ရန်လိုခြင်း
        ~အငြင်းပွားတဲ့ ငါတို့ခေတ် ။

        ~တွေ့ဆုံဆွေးနွေး
        ~နိုင်ငံရေး
        ~အသက်ဘေးနီးတဲ့ ငါတို့ခေတ် ။

        ~ရန်ဖြစ်ပြန်ချစ်
        ~ဟန်ဆောင်ရစ်
        ~အလစ်မပေးရဲတဲ့ ငါတို့ခေတ် ။

        ~မလိုဂတုံး
        ~လိုရင်ဘုန်း
        ~လူဖြစ်ရှုံးတဲ့ ငါတို့ခေတ် ။

        ~ဘာသာစော်ကား
        ~သာသနာစော်ကား
        ~အဝီစိရောက်မဲ့ ငါတို့ခေတ် ။

        ~ငါနှင့်မတူ
        ~ငါ့ရန်သူ
        ~ရန်မူကြတဲ့ ငါတို့ခေတ် ။

        ~ပထွေးအလို
        ~အကဲပို
        ~ခွေးလိုမိုက်တဲ့ ငါတို့ခေတ် ။

        ~လူဖြစ်လည်းရှုံး
        ~အညွှန့်တုံး
        ~စောက်သုံးမကျတဲ့ ငါတို့ခေတ် ။

        ~ပြို ကွဲပျက်ယွင်း
        ~စစ်တလင်း
        ~အချင်းချင်းချတဲ့ ငါတို့ခေတ် ။

        ~တိုင်းပြည်ပျက်သုဉ်း
        ~နိုင်ငံလုံး
        ~ပြာဖုံးရမဲ့ ငါတို့ခေတ် ။

        ~ပြို ကွဲရေးဆီ
        ~လှမ်း၍ချီ
        ~တိုင်းပြည်ပျက်မဲ့ ငါတို့ခေတ် ။

        ~အိမ်တွင်းရန်ပွဲ
        ~ဆူညံကြဲ
        ~ယိုင်လဲတော့မဲ့ ငါတို့ခေတ် ။

        ~ဟင်္သာကိုးသောင်း
        ~ပျက်ဆီးကြောင်း
        ~ကောင်းကောင်းနောင်တရမဲ့ခေတ် ။

Credit -

Related Posts:

  • စက်တင်ဘာ ၄ရက်..စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းရှိ လယ်ခြားကျေးရွာအနီးတွင် အကြမ်းဖက်PDFများနှင့် နယ်မြေရှင်းလင်းရေးတပ်တို့ နယ်မြေရှင်းရင်းနဲ့ ယနေ့ နံနက်တွင် တိုက်ပွဲထပ်မံ ဖြစ်ပွားပြီး ယမန်နေ့မှ စ၍ ယနေ့ စက်တင်ဘာလ ၄ ရက် နေ့လယ်ပိုင်း အထ… Read More
  • ရန်ကုန်တိုင်းမြို့တော်ဝန် NLDမောင်မောင်စိုးရဲ့သားဖြစ်သူ ထွဋ်စိုးအောင် ခိုးထားသမျှထဲက တစ်ခုသိန်းပေါင်း ၈ သောင်းကျော်တန်ကြေးရှိ အနိုင်ကျင့် ဗိုလ်ကျထားမှုတစ်ခု......Credit… Read More
  • စစ်မှုရေးရာ အဖြာဖြာ        မနက်အစောကြီး ကိုစိုးရောက်လာတော့ လက်ဖက်ရည်ရည်ဆိုင် သွားပြီး စားသောက် စကားစမြီ ပြောကြတာပေါ့......"ငမျိုးရေ မမေးရတာ ကြာပြီ ဖြစ်တဲ့ စစ်ရေး အခြေအနေ မေးချင်တယ် ကွာ ''"ကျနော်က လိုင်ဇာကို တကယ်သိမ်းမှ ရေးမယ် စိတ်ကူးနေတာ ဗျ ''"… Read More
  • အဆိုးဆုံး သင်ခန်းစာ မှ အကောင်းဆုံး လုပ်ဆောင်ချက်သို့  အိမ်စောင့်အစိုးရကြီး သတိရစေဖို့ တပ်မတော်အတွက် အဆိုးဝါးဆုံး သင်ခန်းစာအချို့ကို ဖော်ပြချင်ပါတယ် ။ ၁ ။ ၈၈ အရေးအခင်း--------------------......ရန်ကုန် တိုင်း တောင်ဥက္ကလာပ မြို့နယ် မှာမြင်သာစီမံကိန်း ရပ်ကွက်ဆိုတာ ရှိပါတယ်။စီမံကိ… Read More
  • အကုသိုလ်တို့ရဲ့ သဘောထား.....messenger ကနေ ဦးမျိုးရေ ဖြူစင်တဲ့ လူငယ်တွေကြားထဲမှာ ငြင်းစရာ ဖြစ်နေတဲ့ ဒီ ပို့စ် လေးကို ပြန်ရှင်းပေးစေချင်ပါတယ် ဆိုပြီး လင့် ချပေးလို့ ရေးလိုက်ပါတယ် ။.....အကုသိုလ် အသိုင်းအဝိုင်းရဲ့ စိတ်ထားယုတ်ညံ့ပုံ နဲ့ မနာလို ဝန်တိုစိ… Read More