Friday, November 26, 2021

ပြင်ဆင် စီစစ်ရတော့မယ့် အမတ်လောင်း အရည်အချင်း


         လာမယ့် ရွေးကောက်ပွဲမှာ PR စနစ်ဖြစ်လာပါလိမ့်မယ် ။ ဘယ်လို စနစ်ပဲ ဖြစ်ပါစေ အရေးကြီးတာက လွှတ်တော်ထဲ ရောက်လာမယ့် အမတ်လောင်းတွေ ရဲ့ အရည်အသွေးပဲ ဖြစ်ပါတယ် ။ 

          အမတ်ဆိုတာ တိုင်းပြည်ကို ပညာဖြင့် တည့်မတ်ပေးရမယ့် တာဝန်ရှိပါတယ် ။ သာမန်ပြည်သူများထက် ပင်ကိုယ်အသိဥာဏ် ၊ ထိုးထွင်းဥာဏ် ၊ ဆင်ခြင်သုံးသပ်နိုင်စွမ်း ၊ ကျယ်ပြန့်​​ခေတ်မှီသော ဗဟုသုတ ပြည့်စုသူ ဖြစ်ရပါ့မယ် ။ အဲဒီ အချက်တွေထက် ပိုပြီး အရေးကြီးတာက အမျိုးသားအကျိုးစီးပွားအပေါ် သစ္စာမဖောက်ပြန်သော ပုဂ္ဂိုလ်ဖြစ်ဖို့ အင်မတန် အရေးပါနေပါပြီ ။ 

         ယခင်ပြီးခဲ့တဲ့ လွှတ်တော်အမတ်များအား လေ့လာကြည့်ပါ ။ လေးတန်းမအောင်သော အမတ်တဦးဟာ သယံဇာတထိမ်းသိမ်းရေး ကော်မတီဥက္ကတဲ့ ။ သူဘယ်လို ဗဟုသုတမျိုးနဲ့ ထိမ်းသိမ်းမလဲ တွေးကြည့်ပါ ။ 

         ဆယ်တန်းမအောင်တဲ့ အမတ်က ဆောက်လုပ်ရေးကော်မတီ ဥက္ကဌတဲ့ ။ အုတ်ခဲတခဲရဲ့ ရှိရမယ့် အမာဆင့် ၊ 6×9 ကျောက်တွေရဲ့ ရှိရမယ့် အမာဆင့် နဲ့ တကျင်းအပေါ် ရှိရမယ့် ဝိတ်တန်ချိန် ၊ ဆောက်လုပ်ရေးလုပ်ငန်း အတွက် ရေ မီး ဆေး ဆိုတာ ဘာလဲ... ဒါတွေ သူဘယ်လို သိနိုင်မလဲ သံသယ ဝင်စရာပါ ။

        လွှတ်တော်ထဲ ဝင်ထိုင်ပြီး ခေါင်းစဥ်တခြား အဆိုတခြားလုပ်နေတဲ့ Dr အမတ် ၊ ကကြီး ခခွေး ကို စာရွက် ကြည့်ဆိုတာတောင် မှားနေတဲ့ အမတ် ၊ အမတ်မဖင် ဓာတ်ပုံခိုးရိုက်နေတဲ့ အမတ် ဒီလို မထော်မနန်း အဆင့်အတန်းနိမ့် ပုဂ္ဂိုလ်တွေ တိုင်းပြည်ကို ထိမ်းသိမ်းနေမှတော့.........

- လမ်းတမိုင်ခင်း 22 ဘီလီယံ
- TV တလုံး သိန်း ၁၀၀
- ပလပ်စတစ်ထိုင်ခုံ 75000
- လမ်းတမိုင် ဖာ ကတ္တရာတန် ၁၇၀ 
- ဂြိုလ်တုဓာတ်ပုံ သိန်း နှစ်သောင်းကျော် 

        ဒီလို ပေါက်ကရ အလိမ်အညာတွေကို ဘယ်လို စီစစ်ကြမလဲ ။ ဘက်ဂျက်ခိုးနေတာကို ပူးပေါင်းနေကြတဲ့ အမတ်တွေဟာ အမျိုးသားအကျိုးပွားထက် ပါတီစီးပွား မိမိ စီးပွားသာ ကြည့်ကြတဲ့ အမတ်ယုတ်တွေ အဖြစ် မှတ်တမ်းဝင်ခဲ့ကြပါပြီ ။ 

      ဒါတင်မကပါဘူး ရခိုင်အရေးနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေ ကြည့်ပါ ။ 

- ရဲ စခန်း ၃၀ အတိုက်ခံရတာကို အကြမ်းဖက် မရှိဘူးဆိုတဲ့ အမတ်များ

- နိုင်ငံခြားသားအား မိမိအာဏာအား ယာယီ အပ်နှင်းလိုက်သည့် တိုင်းပြည်သစ္စာဖောက်လုပ်ရပ်အား ထောက်ခံခဲ့သည့် အမတ်များ

- မတော်မတရား တောင်းဆိုမှုအား အလုံးစုံ လိုက်လျောပေးသည့် ဘုံကျွန်သဘောထားကို ထောက်ခံသည့် အမတ်များ

- အမျိုးသားအကျိုးစီးပွားအတွက် ခိုးဝင်များအား DNA စစ်ဆေးမည်ကို ကန့်ကွက်သော အမတ်များ

       ရေးလျှင် ကုန်နိုင်ဖွယ်မရှိသော အမျိုးသားရေး သစ္စာဖောက်မှုများ အကြိမ်ကြိမ်ကျူးလွန်ထားသူ အမတ်များအား ကျနော်တို့ မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ကြရပါပြီ ။ 

       အင်မတန်ကံကောင်းထောက်မ၍သာ တိုင်းပြည်မပျက်ခဲ့ရပဲ တပ်မတော်က ထိမ်းသိမ်းတည့်မတ်ခွင့် ရရှိထားခဲ့တာပါ ။ အဲဒီလို သမိုင်းဆိုးကို သင်ခန်းစာကောင်းစွာ ယူ၍ နောက်နောင် ပြုလုပ်ကြမယ့် ရွေးကောက်ပွဲများအတွက် အမတ်အရည်အချင်း သတ်မှတ်ချက် အဖြစ် ဖြည့်စွက် ပြင်ဆင်သင့်တဲ့ အချက်များကတော့.....

၁ ။ တိုင်းရင်းသားစစ်စစ် (100%) မှ အပ မည်သည့်သွေးနှော လူမျိုးရောကိုမျှ အမတ်လောင်း စာရင်း တင်သွင်းခွင့် မပြုရန် ။

၂ ။ အမျိုးသား အကျိုးစီးပွားအပေါ် သဘောထားမှန်ကန်သည့် စိတ်ထားရှိမရှိ စီစစ်ပြီးမှ ခွင့်ပြုရန် ။

၃ ။ အနည်းဆုံး ပညာအရည်အချင်း သတ်မှတ်ချက်ဖြင့် ကန့်သတ်ထားရန် (ဖြစ်နိုင်လျှင် ဘွဲ့ရ ပညာတတ်များသာ သတ်မှတ်ရန်)

၄ ။ လုပ်နိုင်စွမ်းထက် ကျော်လွန်နေသော အရွယ်လွန်များအား ကန့်သတ်ရန် ။

၅ ။ အထွေထွေ ဗဟုသုတ ပြည့်စုံသူ (သို့မဟုတ်) အချိန်တိုအတွင်း ဆိုင်ရာ ဗဟုသုတအား လေ့လာသိနိုင်စွမ်းရှိသူ ။

        ဒီလို အချက်တွေ ဖြည့်စွက်ပြင်ဆင်ထားသင့်ပါတယ် ။ 

        မေးစရာရှိတာက ဘယ်လို စီစစ်မလဲ ဆိုရင်တော့ UEC ကိုပဲ ပြန်လည် တာဝန်ယူစေရမှာ ဖြစ်ပါတယ် ။ အမတ်လောင်း အသီးသီးရဲ့ စာရင်းတွေကို စောစီးစွာ တောင်းယူပြီး တဦးခြင်း အင်တာဗျူး ပြီးမှ ယှဥ်ပြိုင်ခွင့်ပြုသင့်ပါတယ် ။ 

       မဖြစ်နိုင်ဘူး မထင်ပါနဲ့ ခင်ဗျားတို့ ဝန်ထမ်းခေါ်ရင်တောင် စီစစ်ကြတာပါပဲ ၊ တွေ့ကရလူ မခန့်ကြပါဘူး ။ အခုဟာက ကျနော်တို့ တိုင်းပြည်ကို ဦးဆောင်မယ့် သူတွေ ရွေးကြရတာပါ ၊ တင်းကြပ်စွာ စီစစ်နိုင်ဖို့ အင်မတန် အရေးကြီးပါတယ် ။ 

     အမတ်လောင်း အရည်းအချင်း သတ်မှတ်ချက်တွေ ပြန်လေ့လာကြပါအုံး ။ ကုမ္ပဏီရဲ့ ညစောင့် ရွေးချယ်မှုလောက်တောင် မတင်းကျပ်လှပါတယ် ။ အဲဒါကြောင့်လည်း အထက်က ဖော်ပြခဲ့သလို အမတ်စုတ် အမတ်ယုတ်တွေ ဖောဖောသီသီ လွယ်လွယ်ကူကူ ရောက်လာနိုင်တာ သတိပြုသင့်ပါပြီ ။ 

      လူတွေ့စစ်ဆေးဖို့ ဆိုတာကလည်း UEC ဆိုတာ အလုပ်နည်းနည်းလေးပဲ ရှိတဲ့ အဖွဲ့အစည်းပါ ။ သူတို့လုပ်နိုင်ပါတယ် လုပ်နိုင်တဲ့ နည်းတွေလည်း ရှိပါတယ် ။ 

         လုပ်ချင်စိတ်ရှိဖို့ပဲ လိုပါတယ် ။ ဒါနဲ့တဆက်တည်း ပြဌာန်းပေးဖို့ လိုအပ်တာက R to R ဥပဒေ အသက်သွင်းထားဖို့ပါပဲ ။ ဒါမှသာ အမတ်လောင်း ယှဥ်ပြိုင်ဖို့ ခွင့်ပြုချက်ရပြီး အမတ် အဖြစ်ရပြီးမှ ပေါက်ကရ လုပ်လာမယ့် အမတ်ကို ပြန်လည်ဖြုတ်ချဖို့ ပြည်သူရဲ့ အခွင့်အလမ်း ရရှိမှာ ဖြစ်ပါတယ် ။

       ဖြစ်နိုင်ရင်တော့ PR စနစ်မှာ ရွေးကောက်ပွဲ ဝင်ပြိုင်မယ့် ပါတီတွေအတွက် အမတ်အရေအတွက် တိုးမြှင့်သတ်မှတ်ပေးရင် ပေါက်ကရ ဘောင်မဝင် တန်းမဝင် ပါတီတွေ ရှင်းသွားနိုင်ပါတယ် ။ 

         ဥပမာ ပါတီတခုသည် အနည်းဆုံး အမတ် ၅၀ ဝင်ပြိုင်ရမည် ဆိုရင်ပဲ ကျနော့်အထင် ပါတီ 70 % မပြိုင်နိုင်ပါဘူး ။ တူရာတူရာ ပြန်ပေါင်းပြီးမှ ပြိုင်နိုင်ကြပါမယ် ။ ကောင်းကျိုးကတော့ စုစည်းအားကောင်းတဲ့ ပါတီအဖြစ် ပေါ်လာနိုင်ပြီး ပါတီ ဗန်းပြ လုပ်စားနေတဲ့ မိသားစုပါတီတွေ ပျောက်ကွယ်သွားနိုင်ပါတယ် ။ 

          အစုအဖွဲ့ ပါတီများ လိုသည်ထက် များပြားနေတာသည် စည်းလုံးညီညွှတ်မှုကို ပြိုကွဲစေပါသည် ။ ကာလာစုံ ဆိုသည်မှာ ကြားကောင်းသည့် စကားလုံးထက် မပိုပဲ သွေးကွဲမှု ရလာဒ်သာ အားကောင်းမောင်းသန် ပေါ်ထွက်​စေတာပါ ။ 

        ဒီလို ပြုပြင်မှုတွေအတွက် အမှန်တကယ် ထိရောက်အောင် ဆောင်ရွက်လိုပါက ယခုလို တပ်မတော် ထိမ်းသိမ်းထားစဥ်ကာလ မှာ အာဏာသုံးရပ်လုံးအား ဆုပ်ကိုင်ထားသော ပုံ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဆိုတဲ့ အမိန့် တချက်တည်းနဲ့ ဆောင်ရွက်နိုင်ပါတယ် ။ 

       ကိုရွှေမျိုးဝင်း 

(လောကကြီးမှာ သူများအမြင် အားနည်းချက်ထင်နေတဲ့ ကိုယ်ပိုင်တဲ့အရာကို အကွက်ကျကျ အသုံးချတတ်မယ်ဆိုရင် အင်မတန် အသုံးဝင်ပြီး တန်ဖိုးကြီးမားလှပါတယ်)