Wednesday, November 24, 2021

လာပြီ မျှော်နေတဲ့ သတင်း


          ပြည်တွင်းက သစ္စာဖောက်တွေ အကြောင်း ကျနော်တို့ အများကြီး ဖော်ကောင်လုပ်ခဲ့ဖူးပါတယ် ။ ဘယ်အချိန်ကတည်းက လုပ်ကြသလဲဆိုရင် NLD အာဏာလက်ဝယ်ရှိစဥ်ကတည်းက ဒဲ့ ရေးခဲ့ပါတယ် ။ 

         အဲဒီထဲမှာ မြန်မာပြည်ကို ဒုက္ခပေးနေတဲ့ ဂျော့ဆိုးရော့ရဲ့ တပည့်ရင်း ဦးသောင်းထွန်းအကြောင်း ထိပ်ဆုံးက ပါခဲ့ပါတယ် ။ ဦးသိန်းစိန် လက်ထက်မှာ ဂျော့ဆိုးရော့ကိုယ်တိုင် ဦးသောင်းထွန်းကို ဝန်ကြီးတနေရာခန့်ပေးဖို့ ဗြောင်ကျကျ နှစ်ကြိမ်တိုင်တိုင် တောင်းဆိုခဲ့ပါတယ် ။ 

         ဦးသိန်းစိန်က ဒါဟာ အချုပ်အခြာအာဏာကို စော်ကားတာပဲ ဆိုပြီး လုံးဝလက်မခံခဲ့ပါဘူး ။ ဒါပေမယ့် ဒေါ်စုကြည်အာဏာလည်း ရရော ဂျော့ဆိုးရော့ တကြိမ်လာတယ် ။ ဒီက​နေ့ တောင်းဆိုတယ် နောက်တနေ့ ဦးသောင်းထွန်းတယောက် ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်ဆံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဖြစ်သွားပြီး အရေးကြီးတဲ့ နိုင်ငံတော်လုံခြုံရေး အကြံပေးအဖြစ်ပါ နေ့ခြင်းညခြင်း ခန့်အပ်လိုက်ပါတယ် ။ 

         သူက နိုင်ငံတော်ကို ကျေးဇူးဆပ်တဲ့အနေနဲ့ ရခိုင်အရေးဖြစ်လာတော့ လူမျိုးခြားတွေ တောင်းဆိုသမျှ လိုက်လျောပေးလိုက်ပါ မဟုတ်ရင် R2P နဲ့ တွေ့လိမ့်မယ်ဆိုပြီး ပြန်လည်ခြိမ်းခြောက်ပါတော့တယ် ။ 

         သူ့ကိုပေးထားတဲ့ ရာထူးက ဝန်ကြီးနေရာ တနေရာထဲ မကပါဘူး ။ MIC ၊ စီးပွားကူးသန်း နဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနတွေအထိ သြဇာကြီးတဲ့ နေရာပါပဲ ။ 

       အဲဒီနောက် လွှတ်တော်မှာ စာရင်းစစ်ချုပ်အစီရင်ခံစာအရ နိုင်ငံပိုင်အငှားချ မြေယာ အဆောက်အဦးတွေကို မတော်မတရား အလကားစျေးနဲ့ လာဘ်စားပြီး ပေးလုပ်စေခဲ့လို့ ကျနော်တို့ အထောက်အထားတွေနဲ့ ဝိုင်းအော်ခဲ့ကြရပါတယ် ။ 

        အထူးသဖြင့် မြေဧက 9.22 ဧကအား အနိမ့်ဆုံး ငှားရမ်းခ တနှစ် ဒေါ်လာ 9.22 သန်း ရနိုင်ပါလျှက် တနှစ် ဒေါ်လာ 2.4 သိန်းမျှနဲ့ လာဘ်စား ငှားရမ်းခဲ့ပါတယ် ။ 

     ယခု လာဘ်စားမှုတို့ အရိုးတွန် ပေါ်ပေါက်လာရပါပြီ ။ သစ္စာဖောက် ဦးသောင်းထွန်း (ဂျော့ဆိုးရော့တပည့်) အား နစက မှ တရားစွဲပါပြီ ။ နောက်ထပ်လည်း အမှုများစွာ ထပ်မံစွဲဆိုဖို့ ပေါ်ပေါက်လာပါစေလို့ ဆုတောင်းမိပါတယ် ။ ဒါက ကျနော်မျှော်လင့်မိတဲ့ သတင်းပါ ။

       ယခုထိ တရားစွဲသံ မကြားရသေးတဲ့ တောင်သမန်မြေဖို့ ထားတဲ့ ကိစ္စကိုလည်း ထပ်မံပြီး စုံးစမ်းမေးမြန်း ဖော်ထုတ်ရပါ့မယ် ။ 

မှတ်ချက် ။ ။ မနေ့က တင်ခဲ့တဲ့ လျှပ်စစ်ကိစ္စကိုတော့ ဒီနေ့ ဆွေးနွေးမေးမြန်းခဲ့ပါတယ် ။ ရေအားနဲ့လည်ပတ်ဖို့ ကြိုးစားထားတဲ့ စနစ်ဖြစ်ပါတယ် ။ ရေကို ဆုံးရှုံးလေလွင့်မှု အနည်းငယ်ဖြင့် ပြန်လည်သုံးစွဲတဲ့ စနစ်လို့ ဆိုပါတယ် ။ 

        ပုံစံစာရွက်များအရ ကျနော်တို့ မဆုံးဖြတ်နိုင်ပါဘူး ။ ပညာရှင်ကတော့ သူနေတဲ့ ဒေသမှာ အကြိမ်ကြိမ် စမ်းသပ်ပြီး ဖြစ်ကြောင်း အာမခံ ပြောကြားပါတယ် ။ သူစမ်းသပ်ထားတဲ့ ပတ်လည် ရေတင် ရေချ စနစ်ကို အောင်မြင်စွာ လည်ပတ်နိုင်ကြောင်း VIDEO ရိုက်ပြီး ပို့ပေးပါလို့ တောင်းဆိုလိုက်ပါတယ် ။ 

        အကယ်၍ လိုအပ်သော ရေပိုက်အမြင့်သို့ တင်ပို့နိုင်လျှင် အောင်မြင်နိုင်ပါတယ် ။ လောလောဆယ် စိုက်ပျိုးရေးလုပ်ငန်းတွေမှာ အသုံးပြုနေတဲ့ အနိမ့်မှ အမြင့်သို့ ရေတင်တဲ့ နည်းစနစ်ထက် ပိုမြင့်တဲ့ စနစ်ဖြစ်ပါလိမ့်မယ် ။ 

         ကျနော်တို့ အချိန် အနည်းငယ်ပေး စောင့်ကြည့်ရပါအုံးမယ် ။ အောင်မြင်ခြင်း မအောင်မြင်ခြင်း ကိုတော့ ကျနော်ကံသေ ကံမ မပြောနိုင်ပေမယ့် ပညာရှင်ရဲ့ လေးစားဖွယ် အားထုတ်မှု နဲ့ ငွေရှင်ရဲ့ စိတ်အားထက်သန်မှုတို့သည်ကား တိုင်းပြည် နှင့် လူမျိုးအတွက်ဆိုတဲ့ ရည်မှန်းချက်များ နဲ့ စိတ်စေတနာတို့ကို သိရတာကိုက ပင်ပန်းရကျိုးနပ်ပါတယ် ။ 

         ကိုရွှေမျိုးဝင်း

(စည်းကမ်း ဥပဒေဆိုတာ အာဏာရှိစဥ်မှာ ဒီလို လက်တလုံးခြား လုပ်ရတာ အရသာရှိသလောက် ဇာတာမှိန်သွားရင်လည်း ခံပေရော့ဗျာ.... )