Friday, November 26, 2021

ပေါ့ပေါ့ မတွက်ပါနဲ့


        မနေ့က ဖြစ်သွားတဲ့ မြန်မာပလာဇာ ပြဿနာကို ပြန်ကြည့်ပါ ။ ဆန္ဒပြတဲ့လူ လေးယောက်ကို ဆိုင်လုံခြုံရေးတွေက ဖမ်းတယ် တားတယ်ပေါ့ဗျာ ။ 

        စဥ်းစားကြည့်လေ ရန်ကုန်လို မြို့ကြီးမှာ ဖုန်းတွေယူစစ်ဆေး NUG PDF နဲ့ ဆက်နွယ်ပတ်သက်ရင် ဖမ်းဆီးအရေးယူတယ် ။ စစ်ဆေးပေါ်ပေါက်လာရင် ပိုင်ဆိုင်မှုကအစ နိုင်ငံပိုင်သိမ်းနေတဲ့ အချိန်ကြီးမှာ ဒီလောက် အကြီးအကျယ် တည်ဆောက်ထားတဲ့ အဆောက်အဦးထဲ အစိုးရဆန့်ကျင်တဲ့ လှုပ်ရှားမှုကို ဘယ်လို ပိုင်ရှင်က လက်ပိုက်ကြည့်နေမှာလဲ ဗျ ။ 

         သူတပါး ပိုင်နက်ထဲသွားပြီး ဆေးကြောင် ကြောင် ဆန္ဒပြတာ ဘယ်သူ့အလွန်လဲ ။ အခု မြန်မာပလာဇာကို ဆဲ နေကြတဲ့ နီပိတ်တွေ သူတို့အိမ်တွေထဲကနေ ဆန္ဒပြကြလို့ ဘယ်သူ လက်ခံရဲသလဲ ....?

         ပြည်ပကနေ ဇွတ်အတင်း ဇတ်နာအောင် မျက်ရည်ချူပြီး မြန်မာ ပလာဇာကို သပိတ်မှောက်ဖို့ တိုက်တွန်း ၊ ဖောက်ခွဲဖို့ ခြိမ်းခြောက် နဲ့ ထင်တိုင်းကြဲနေကြတာ ရီစရာပါပဲ ။ 

          ဒီလို မြန်မာပလာဇာရဲ့ အပြုအမူဟာ ဥပဒေစိုးမိုးလာတဲ့ လက္ခဏာမို့ ကြိုဆိုရမှာ ဖြစ်ပါတယ် ။ အစိုးရအနေနဲ့လည်း မြန်မာပလာဇာကို အပြည့်အဝ အကာအကွယ်ပေးကြဖို့ အရေးတကြီး လိုအပ်ပါတယ် ။

       ဘာကြောင့်အရေးကြီးရသလဲ ဆိုရင် ဒါကိစ္စက အိမ်စောင့်အစိုးရကို ပြည်သူက စာမေးပွဲ စစ်တာပါပဲ ။ ခင်ဗျားတို့ အစိုးရကို ထောက်ခံပြီး PDF တွေကို ဆန့်ကျင်ရင်ဆိုင်ရဲတဲ့ ကျုပ်တို့ကို ခင်ဗျားတို့ အစိုးရ ဘယ်လို ကာကွယ်ပေးမလဲ ဆိုတာ တတိုင်းပြည်လုံးက မျက်လုံးဒေါက်ထောက်ကြည့်နေတဲ့ ပွဲ ဖြစ်နေပါပြီ ။ 

      လူတဦးခြင်း သံဃာတပါးခြင်း အပေါ် အကာအကွယ်ပေးကြဖို့ များစွာခက်ခဲတယ် ဆိုတဲ့ အချက်ကို ခြွင်းချက်မရှိ သဘောတူလက်ခံပါတယ် ။ သို့သော် ယခုလို ရန်ကုန်မြို့ကြီးရဲ့ အထင်ကရ အဆောက်အဦးတခုအား အန္တရာယ်ကျရောက်မည်ဟု သေချာပေါက်သိရှိပါလျှက် စောင့်ရှောက်ကာကွယ်နိုင်ခြင်း မရှိခဲ့ပါက ပြည်ထဲရေးဝန်ကြီး နှုတ်ထွက်ပေးဖို့သာ ရှိပါတော့တယ် ။ 

      အဲဒါကြောင့် ဒီပွဲဟာ သိပ်အရေးကြီးပါတယ် ။ အခုဆိုရင် မြန်မာပလာဇာထဲက ဆိုင်ပိတ်ပါ့မယ်ဆိုတဲ့ ပိုင်ရှင်တွေ အစီအရီ ထွက်ပေါ်လာကြပါပြီ ။ အဲဒါ ခင်ဗျားတို့ အစိုးရရဲ့ ရန်သူ တနည်း ပြည်သူ့ရန်သူ PDF က လေနဲ့ပဲ တိုက်ပြ​သေးတဲ့ အခြေအနေနော် ။ ကဲ ကြည့်ပါ.......

၂၅.၁၁.၂၀၂၁ တစ်ရက်အတွင်း 

1) Nichii Myanmar 
2) mds Myanmar 
3) SHAYI 
4) Luxuri 
5) Strategy First ( Warso Learn) 
6) The Juicy Way
7) Innwa Book 
8) My Page 
9) ဒို့ရိုးရာ​မြေ
10) VJM Jewelry
11) YC Corner
12) TTGyin 
13) The Manhattan Fish Market Myanamr
14) HER Alchemy
15) Easy Way by Noodi
16) Tony Tun Tun
17) Astons Steak House 
18) Kanote 
19) Bonchon Myanmar
20) Sony Electronic Myanmar
21) Gloria Jeans Coffee
22) Gong Cha 
23) Win Mobile 
24) သူကြီးသမီး
25) Wallstreet English
26) Pizzamaru Myanmar
27) Wai Yan Electronics
28) Cheese O' Tea
29) Remax Myanmar
30) JoJo Hot Pot
31) Karrot by Bunny Phyoe
32) The Book Depot
33) Cafe Amazon Myanmar
34) BOBA House Myanmar 
35) Stones Theraphy
36) Thae Lay Coffee
37) Banana Myanmar

        အဲဒီဆိုင် ၃၇ ဆိုင် ပိတ်ပေးပါ့မယ်လို့ ကြေငြာထားကြပါပြီ ။ ဒီနေရာမှာ အစိုးရအတွက် အခွင့်ကောင်း ယူရမယ့် အချက်တခုက အဲဒီ ပိတ်မယ်ဆိုတဲ့ ဆိုင်ရှင်တွေရဲ့ နောက်ကြောင်းကို အပြန်အလှန် စီစစ်ပြီး PDF ကို ထောက်ခံသူ ထောက်ပံ့သူ ဟုတ်မဟုတ် ဖော်ထုတ်ဖို့ အခွင့်အရေး ရသွားတဲ့ အချက်ပါပဲ ။ 

        ပထမဆုံး ဆိုင်ပိတ်ပါ့မယ်လို့ စတင်ကြေညာခဲ့တဲ့ ဆိုင်ရှင်အုပ်စုဟာ သေချာပေါက် အလံရှူး ချူဆီထည့်တဲ့ PDF အားပေးတွေလို့ စွတ်စွဲချင်ပါတယ် ။ NUG နဲ့ နီပိတ်လော်ဘီတွေရဲ့ ခြောက်လုံး ၊ ဖိန့်လုံး နဲ့ ချူဆီဗျူဟာကို ပူပူနွေးနွေး ငွေတိုက်စာချုပ် ကိစ္စက သက်သေပြနေပါတယ် ။

      စက်ာပူကနေ ဝိုင်းလှူကြတာ ဘဏ်စနစ်တောင် ရပ်ဆိုင်းသွားတယ်ဆိုပြီး ကမ္ဘာကျော်လိမ်ညာခဲ့လို့ စက်ာပူဘဏ်ကတောင် NUG ရဲ့ ငွေတိုက်စာချုပ် တစောင်တောင် ရောင်းမပေးခဲ့ပါဘူးလို့ ထုတ်ပြန်ကြေငြာခဲ့ရတာ သတိထားပြုမိကြမှာပါ ။ 

        ပိတ်မယ်ဆိုတဲ့ ဆိုင်ရှင်တွေထဲမှာ ရိုးသားစွာ ကြောက်လန့်ပြီး ပိတ်မယ့် ဆိုင်ရှင်လည်းပါမှာ ဖြစ်သလို PDF ထောက်ပံ့တဲ့ ဆိုင်ရှင်လည်း သေချာပေါက် ပါရှိမှာပါပဲ ။ စီစစ်ဖော်ထုတ်ဖို့ကတော့ အစိုးရရဲ့ ကျွမ်းကြင်ပြီး ကဏ္ဍသာ ဖြစ်ပါတယ် ။ 

          လုံခြုံရေးသာ စိတ်ချရပါက နီပိတ်တွေ အော်ဟစ်နေတဲ့ boycott လုပ်မယ်ဆိုတဲ့ နီပိတ်တွေဟာ အများအားဖြင့် နိုင်ငံခြားက ပြည်ဖျက်နေတဲ့ အုပ်စု နဲ့ နယ်ကနေ အော်နေကြတာပါ ။ ပြောချင်တာက ရန်ကုန်ဆိုလို့ ငါး နှစ်တခါတောင် ရွှေတိဂုံဘုရား ဆီသို့ ပုံမှန်မရောက်ဖူးတဲ့ သူတွေများပါတယ် ။ 

       သူတို့အများစုက မြန်မာပလာဇာ ဘယ်နားရှိမှန်းတောင် မသိကြပါဘူး ။ ဆိုင်ထဲရောက်ဖူးသူတွေထဲကရော မြန်မာပလာဇာရဲ့ ဖောက်သည်က အင်မတန်နည်းပါတယ် ။ မြို့ခံအချို့က သေးဝင်ပေါက် ၊ အိမ်မှာ အဲယားကွန်းမရှိလို့ ဆယ်ဖီထွက်ဆွဲကြတဲ့ ငဖောတွေ များပါတယ် ။ 

        မြန်မာပလာဇာမှာ ရောင်းနေတဲ့ လူသုံးကုန်တွေ မပြောနဲ့ စားစရာတွေတောင် မစားနိုင်ကြပါဘူး ။ ဥပမာ နံပြားလောက် ပါးလှပ်ပြီး ဝက်ပေါင်ခြောက် နဲ့ ပုဇွန်အသား ပါတဲ့ ၉၇၀၀ိ / တန် အချင်း ၁၂'' လောက်ရှိတဲ့ ပီဇာတချပ်က မိသားစု ၅ ယောက် သုံးရက်လောက် စားရနေရသူတွေ ဘယ်လိုဝယ်စားနိုင်မလဲဗျာ ။ 

         အေးချမ်း တိတ်ဆိတ်စွာ အဆင့်အတန်းမြင့် လူသုံးကုန် သုံးနိုင် စားနိုင်သူတွေ ကျက်စားတဲ့ နေရာကို ဖုန်းဘေလ် ချေးသုံးနေရတဲ့ လူတွေက boycott လုပ်မယ်ဆိုတာ ရင်ခုန်စရာလားဗျ ။ 

        အမှန်တကယ် ရင်ခုန်ကြတာ လူစိတ်မရှိတဲ့ PDF တွေ အကြမ်းဖက်ဖောက်ခွဲကြမှာကိုပဲ စိုးရိမ်ကြတာပါ ။ ဒီလုံခြုံရေးကိစ္စကတော့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ကိစ္စဖြစ်နေပြီလို့ ယူဆပါတယ် ။ 

         မြန်မာပလာဇာ ဆိုင်ခန်းတွေ ပိတ်ခြင်း မပိတ်ခြင်း ဆိုတာထက် ပိုမိုလေးနက်လှတဲ့ အိမ်စောင့်အစိုးရ ရဲ့ သြဇာအာဏာသက်ရောက်မှု နဲ့ PDF ဆေးသမားတွေ ရဲ့ သြဇာအာဏာ ဘယ်သူက ပိုကြီးသလဲ စောင့်ကြည့်နေတဲ့ ပွဲ မို့ စိတ်ဝင်စားစရာပါပဲ ။ 

        ကိုရွှေမျိုးဝင်း

(​ပြည်သူ​တွေဟာ​လက်နက်ကိုင် ခြိမ်းခြောက်ခံရတိုင်း အကာအကွယ်မဲ့စွာ ကြောက်ရွံ့နေကြရမယ် ဆိုရင် အုပ်ချုပ်သူအစိုးရ စောက်သုံးမကျလို့သာ ဖြစ်တယ်ဆိုတာ အတိအကျပါပဲ)