Saturday, November 27, 2021

Pollution 🍁


မြန်မာပလာဇာမှာ ဆန္ဒပြကြတယ်ဆိုတဲ့ နီပိတ်မျိုးဆက်သစ်တွေဟာ သူတို့နဲ့သဘာဝတူရာ အဖွဲ့အစည်းရဲ့ စရိုက်တွေကို လှစ်ဟပြနေတယ်ဆိုရင်လည်း မမှားပါဘူး။ လူလေး လေးငါးယောက် ဆန္ဒပြကြတာကို စာရွက်တွေပွနေအောင် အမှိုက်ဖွကြတယ်။ အများနဲ့ဆိုင်တဲ့နေရာတွေမှာ အမှိုက်မဖွရဘူး - ဆိုတဲ့ အခြေခံကျင့်ဝတ်လေးကိုတောင်မှ သင်ယူထားပုံမပေါ်ဘူး။ 

ထုံးစံအတိုင်း အမှိုက်တွေဖွတော့ သက်ဆိုင်ရာ လုံခြုံရေးဝန်ထမ်းတွေက လိုက်ထိန်းသိမ်းတယ်။ လိုက်တော့ပြေးတယ်။ ပြေးရတဲ့ဗီဒီယိုထွက်လာတော့ မြန်မာပလာဇာကို အုံနဲ့ကျင်းနဲ့ခြိမ်းခြောက်ကြပါတော့တယ်။ သူတို့က ပလာဇာရဲ့ တာဝန်ရှိသူတွေကို ဆန္ဒပြခွင့်၊ အမှိုက်ဖွခွင့်တောင်းပြီး ဟိုက ခွင့်ပြုချက်ပေးထားလို့လား။ အနီတွေရဲ့တော်လှန်ရေးမှာ ကျင့်ဝတ်နဲ့ သိက္ခာဆိုတာ အစကတည်းက ရှိမလာတဲ့အရာပဲ။ သူတပါးရဲ့နေရာကို ညစ်ညမ်းအောင် လုပ်ခွင့်မရှိဘူး ဆိုတာကိုတောင် ထည့်မတွက်ဘဲ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်သတဲ့။ ရှက်စရာကောင်းလိုက်တာ။ သူတို့ကို အမှိုက်ဖွခွင့်မပေးလို့ ပလာဇာကိုခြိမ်းခြောက်သတဲ့။ အောက်တန်းကျလိုက်တာ။ အဲဒီလို လူ့အမှိုက်တွေ အမှိုက်ရှုပ်တာများလာရင် Mess ကနေ Pollution အဆင့်ထိရောက်ပြီး လူ့အဖွဲ့အစည်းတစ်ခုလုံး ညစ်နွမ်းရတော့တာပဲ။ 

ကျွန်တော်တို့ မြန်မာနိုင်ငံက အနီတွေက သူတို့ရဲ့ ယုတ်မာညစ်နွမ်းမှုတွေကို မသိချင်ယောင်ဆောင်ပြီး (မသိနိုင်လောက်အောင် အသိဉာဏ်နိမ့်တာလည်း ဖြစ်နိုင်ပါတယ်) အမှိုက်ဖွတဲ့ကလေးတွေကို ဘုံမြှောက်ကြပေမဲ့ ကမ္ဘာကြီးနဲ့တော့ ဆန့်ကျင်ဘက်ပါ။ လူတကာ လေးစားတဲ့အပြုအမူဆိုတာ အဲဒါမျိုး မဟုတ်ပါဘူး။

(၂၀၁၈) ခုနှစ်မှာ ဂျပန်ပရိသတ်တွေက World Cup မှာလုပ်သွားတဲ့ အပြုအမူပါ။ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ ဂျပန်အသင်းဟာ 'အရှုံး' နဲ့ရင်ဆိုင်ခဲ့ရတာပါ။ ဂျပန်တွေသည် သူတို့ရဲ့အသင်းကို မျိုးချစ်စိတ်အပြည့်နဲ့ အားပေးခဲ့ကြတယ်။ ရှုံးသွားသည့်တိုင် ပြိုင်ဘက်အသင်းက ပရိသတ်တွေကို မလေးမစား မစော်ကားဘူး၊ ရန်မလုပ်ဘူး၊ ‌ကစားကွင်းကို မဖျက်ဆီးဘူး။ အဲဒီထက်ပိုတာက သူတို့ဟာ အမှိုက်တွေကိုပါ သိမ်းပေးခဲ့တာပဲ။ သူတို့ရဲ့အမှိုက်မဟုတ်တဲ့ ပြိုင်ဘက်ပရိသတ်တွေရဲ့ အမှိုက်ကိုပါ သိမ်းပေးခဲ့တဲ့ အဲဒီစိတ်ဓာတ်က တစ်ကမ္ဘာလုံးကို အထင်ကြီး လေးစားစေခဲ့တာ။ 

BBC မှာ ဖော်ပြခဲ့တဲ့သတင်း - 
"World Cup: Japan fans impress by cleaning up stadium" 
ဂျပန်ပရိသတ်တွေဟာ ဘောလုံးကွင်းကြီးကို သန့်ရှင်းရေးလုပ်ပေးခဲ့ပြီး လေးစားလောက်စရာ ပြုမူခဲ့တာပါ။ ပွဲစဉ်က ရှုံးပေမဲ့ စိတ်ဓာတ်နဲ့ လုပ်ရပ်က လုံးဝအောင်နိုင်သူတွေပါပဲ။ ဂျပန်အသင်းရဲ့ ရှုံးပွဲကို ကျွန်တော်တို့ မေ့သွားကြမှာပါ။ နောင်တစ်ချိန် ဂျပန်အသင်းများ ကမ္ဘာ့ဖလားရခဲ့ရင် အဲဒီဖြစ်စဉ်ကပဲ မှတ်တမ်းတင်ခံရမှာ။ သို့သော် ဂျပန်ပရိသတ်တွေရဲ့ လေးစားစရာစိတ်ဓာတ်ကိုတော့ ကျွန်တော်တို့ မမေ့ပါဘူး။ 

ကျွန်တော်တို့ရဲ့ မျိုးဆက်သစ်တွေကို သင်ကြားတဲ့အခါ ဘောလုံးကွင်းကြီးကို သန့်ရှင်းရေးလုပ်ပေးခဲ့တဲ့ ဂျပန်တွေရဲ့စိတ်ဓာတ်ကို တခုတ်တရ ပြောပြဦးမှာပါ။ ထို့အတူ အနီထောက်ခံသူတွေရဲ့ ပလာဇာမှာ အမှိုက်ဖွ ဆန္ဒပြပြီး ဆန္ဒပြလို့မရတော့ ရန်ရှာတဲ့ကိစ္စလည်း ပြောကိုပြဦးမှာ။ 

Compare & Contrast သဘောပေါ့လေ။ 

တော်လှန်ရေးအမည်ခံပြီး လက်နက်မဲ့ပြည်သူတွေကို ခြိမ်းခြောက်တဲ့ကိစ္စ၊ ကျောင်းဆရာ ဆရာမတွေနဲ့ ကလေးမိဘတွေ၊ ကလေးတွေကို ဗုံးခွဲတဲ့ကိစ္စ၊ သံဃာတော်တွေကိုတောင် ချမ်းသာမပေးရလောက်အောင် မိုက်ရိုင်းခဲ့ကြတာတွေကိုလည်း ပြောပြမှာ။ 

(၂၀၁၅ - ၂၀) ကာလအထိ အနီတွေ ရွှေထီးဆောင်းခဲ့ကြတယ်။ လုပ်ချင်ရာလုပ်ခွင့်ရခဲ့ကြတယ်။ ကျွန်တော်တို့ မနှစ်သက်ခဲ့ကြပါဘူး။ ပညာမတတ်တဲ့ ထောင်ထွက်အစိုးရကို အထင်သေးသည့်တိုင် ဘယ်အနီကိုမှ ကျွန်တော်တို့ ရန်မလုပ်ခဲ့သလို ဘယ်အပြစ်မဲ့ပြည်သူကိုမှလည်း မထိပါးခဲ့ဘူး။ ကျွန်တော်တို့သည်သာလျှင် ခေါင်းဆောင်ကြီးကို ဝေဖန်လို့ မိဘပါမချန်ဆဲဆိုခံခဲ့ရတာ။ မကြိုက်တာလေးရေးမိရုံနဲ့ (ဘယ်သူ့ကိုမှ ဘာလုပ်ဖို့ မလှုံ့ဆော်ရပါဘဲ) ပုဒ်မ (၁၂၄) နဲ့မိတဲ့ခေတ်ကို ဖြတ်သန်းခဲ့ရတာ။ အဆိုးတွေမှ အများကြီးပဲ။ အဲဒီ အဆိုးကျော့ သံသရာကြီး တစ်ပတ်ပြန်လာဖို့ အခုလည်း ဒုက္ခခံ၊ တောခို၊ ငွေထည့်ရဦးမယ်တဲ့လား။ 

စဉ်းစဉ်းစားစားလည်း ပြောကြပါ။ ငှက်မကြီးခေတ်က လွမ်းလောက်စရာဘာရှိလို့တုန်း။ ပြန်တွေးကြည့်ရင် ကျွန်တော်တို့ကမှ ရွေးကောက်ပွဲအရ ရှုံးနိမ့်ခဲ့ရပေမဲ့ စိတ်ဓာတ်ပိုင်းအရ အနိုင်ရခဲ့တာပါ။ ပြန်တွေးတိုင်း လိပ်ပြာသန့်တယ်။ ဒီလောက်ဆိုရင် လုံလောက်ပါပြီ။ 

ဒီတော့ ပြောချင်တာက - 

- အမှိုက်ချတာကိုမှ မလုပ်သင့်တဲ့ ကိစ္စမှန်း နားမလည်ရင် ကြီးကြီးကျယ်ကျယ်တွေ လျှောက်မှန်းမနေပါနဲ့။ စိတ်ဓာတ်နိမ့်ရင် အသိဉာဏ်ပါ နိမ့်ပါတယ်။ 

- ဂျပန်ဟာ ဘောလုံးပွဲမှာ ရှုံးနိမ့်ပေမဲ့ လူမျိုးမရှုံးဘူး။ ပုံရိပ်မရှုံးဘူး။ နိုင်ငံမရှုံးပါဘူး။ 

- အနီတွေကတော့ ရွေးကောက်ပွဲမှာ မဲများပေမဲ့ အစိုးရတစ်ရပ်အဖြစ် ရှုံးပါတယ်။ ထောက်ခံသူတွေရဲ့ အသိဉာဏ်နဲ့ အပြုအမူကြောင့်လည်း ရှုံးနိမ့်ပါတယ်။ လူ့ကျင့်ဝတ်ကို နားမလည်လို့ကို လူ့အဖွဲ့အစည်းရဲ့ စံနှုန်းအရ ရှုံးပါတယ်။ 

- အမှိုက်တွေများလွန်းရင် ညစ်ညမ်းတဲ့အဆင့်ဆီ ဦးတည်သွားမှာပါ။ လူ့အမှိုက်တွေကို မထိန်းကျောင်းနိုင်သေးသမျှ ငှက်ပါတီဟာ နိမ့်ကျနေမှာပါပဲ။ သမိုင်းစဉ်အရ ရှုံးမှာပါ။ ရှုံးပါတယ်။ 

ကျွန်တော်တို့ မြန်မာနိုင်ငံသမိုင်းကိုများ ဖတ်ဖြစ်ကြရင် လော်ဘီတွေက ဆဲဆို၊ တောခိုအကြမ်းဖက်၊ နိုင်ငံတကာလှည့်တောင်းစား၊ ပညာရေးကိုဖျက်ဆီးနဲ့ NLD Pollution ကြီးကို ခေတ်တစ်ခေတ်စာ မြင်နိုင်ကြပါလိမ့်မယ် လို့ ထောက်ပြရင်း.... 

ဂျပန်ပရိသတ်တွေရဲ့ စိတ်ဓာတ်ကို လေးစားစွာ ဂုဏ်ပြုလိုက်ရပါတယ်။ 

သန့်နေစိုး (27.11. 2021)
*
*
*
#Notice to Facebook Myanmar Team, this article hails the National spirit of Japan fans comparing it to Myanmar. Nothing violates the community standards of Facebook.

Related Posts:

  • ကမ္ဘာ့အသက်အငယ်ဆုံး နိုဘယ်ဆုရှင် မာလာလာ ယူဆပ်ဇိုင်း၏ UN တွင်ပြောကြာသော ပညာရေးနှင့်ပတ်သက်သည့် ကမ္ဘာကျော်မိန့်ခွန်း....သူတို့(အကြမ်းဖက်သမား)တွေဟာစာအုပ်နဲ့ဘောပင်ကိုကြောက်ကြပါတယ်ကျောင်းတွေဖွင့်မှာကိုလည်း မလိုလားကြပါဘူးပညာတတ်တွေ ရှိလာမှာကိုလည်းမလိုလားကြပါဘူး ပညာတတ်တွေများလာရင်သူတို့(အကြမ်းဖက်သမားတွေ)ရဲ့လုပ်ရပ်ဟာအမိုက်ကန်းဆုံး ဆိုတာကို သိသွားမှာက… Read More
  • ဒီနေ့ကျောင်းတွေစဖွင့်တဲ့နေ့ဖြစ်ပါတယ်။1-11-2021ကျောင်းနေအရွယ်ကလေးငယ်များအနယ်နယ်အရပ်ရပ်မှယနေ့ကျောင်းတက်ရောက်မှုစာသင်ကြားမှု မြင်ကွင်းပုံရိပ်အချို့ဖြစ်ပါတယ်။အားလုံးမြင်ကွင်းပုံရိပ် ပီတိခံစားနိုင်ပါရန်တင်ပေးလိုက်ပါတယ်။Bo Aung Dan… Read More
  • ဇာတ်တူသား.....ဂျင်မီကိုဖမ်းမိပြီးနောက်ဇာတ်တူသားစားကြပြီဆိုတဲ့စကားကိုသုံးနှုံးဖော်ပြကြသည်ကိုတွေ့ရသည်။ဒီစကားကိုသုံးနှုန်းရမှာအင်မတန်ကြောက်ပါတယ်။ဘာကြောင့်လဲ?ဇာတ်တူသားစားကြတာနေရာတိုင်း/အဖွဲ့အစည်းတိုင်းမှာရှိတတ်ကြပါတယ်။(မစားလို့မရတော့ဒါကြောင့်လ… Read More
  • သနားစရာ××× များ××× သတ္တဝါ           á€á€”္အက ကျနော် တက္ကစီစီးတော့ ကားဆရာက လူငယ်တယောက်ပါပဲ ။ လမ်းမှာ လုံခြုံရေးကား ကင်းလှည့်နေတာ မြင်ရတော့ ....  "တွေ့လား ဗျ ဒီကောင်တွေ ကြောက်နေပြီ ကျီးကန်းတောမှောက် သလို ဟိုကြည့်ဒီကြည့် နဲ့ လန့်နေကြတာ ဒါကိုကြည့်ရင် PDF တွ… Read More
  • ဦးနေမျိုးဝေ - Live (31.10.2021) … Read More