Wednesday, November 24, 2021

ဝန်ထမ်းလွယ်လွယ်ဖြစ်လာခဲ့တာ မဟုတ်ဘူအချိန်၊ ငွေဝမ်းနည်းခြင်းကွဲကွာခြင်းလွတ်လပ်ခြင်းပေးဆပ်ခြင်းတွေမျိုသိပ်ခြင်းတွေအပျော်တွေစတေးခဲ့ရတာတွေ ရှိခဲ့တယ်.......။


လစာ
မအားအောင်နေပြီး
မသေရုံ စားဖို့လောက်သာဆိုတာ
လူ့မျက်စိနဲ့ကြည့်
သိသိသာသာကြီး.......။

လုပ်သက်
ရုတ်တရက်ချက်ချင်း
ရလာတာမဟုတ်ပါဘူး
ဘဝရဲ့အချိန်အတိုင်းတာတခုထိ
ပေးဆပ်ပြီးမှ ရလာတာ.........။

ရာထူး
ရူးရတာပေါ့လို့ ပြောပြော
နေပူမရှောင်
မိုးရွာမရှောင်
နှင်းမြူ ထူနဲ့
ရွှံဗွက်တွေကြား
ဆံပင်တွေဖြူ သွားတောင်
ကံကောင်းမှ တိုးတာမျ ိုး.........။

ပင်စင်
ကိုယ်ပိုင်ဝင်ငွေဆိုတာ
လူအိုတစ်ယောက်ရဲ့
ဂုဏ်သိက္ခာပဲမလား.........။

လူ့ အဆင့်အတန်း
ဝန်​ထမ်းဆိုတာ  
ရှေ့တန်းမှာ လူရာမဝင်လဲ
နောက်တန်းမကျ သလို
အောက်တန်းလဲ မကျပါဘူးလေ.......။

ခံယူချက်
ကိုယ့်ဘဝရဲ့ ကိုယ်ပိုင်အချိန်တွေကို
အများသူငါအတွက် ပေးဆပ်ပြီး
လူ့ လောကအတွက်
အသုံးဝင်တဲ့သူဖြစ်ချင်ရုံသက်သက်ပါ........။

#Credit