Tuesday, January 25, 2022

ဒေါ်ခင်ဆွေဦးပြောတဲ့ ဒေါ်အောင်ဆန်းစုကြည်အကြောင်း


ချစ်ငြိမ်းချမ်း

စာရေးဆရာမကြီးဒေါ်ခင်ဆွေဦးလို့ဆိုလိုက်တာနဲ့ 
သူနဲ့ရင်းရင်နှီးနှီးဆက်ဆံဖူးသူတိုင်း သူ့ရဲ့ဖြူစင်ရိုးသားတာတွေ၊ ပျူငှါဖော်ရွေတာတွေ၊နိုင်ငံကျော်စာရေးဆရာမကြီးတယောက်နဲ့မတူအောင်မာန်မာနကင်းစင်တာတွေကို
ခံစားမိကြမှာပါ။ 

သူရဲ့စာတွေကိုဖတ်ဖူးသူတိုင်းလဲ အမြဲတမ်း
အဖိနှိပ်ခံတွေဘက်ကနေ ရပ်တည်ရေးသားတတ်တယ်ဆိုတာသိကြမှာပါ။ 
သူရေးတဲ့စာနဲ့ စာရေးဆရာရဲ့စိတ်ဓာတ်
တထပ်ထဲကျသူတွေထဲမှာ ဆရာမကြီးခင်ဆွေဦးတယောက်လဲအပါအဝင်ဖြစ်ပါတယ်။

၂၀၁၁ခုနှစ်နှစ်ကုန်ပိုင်းမှာ 
ကျမသမီးမီးဖွားရက်မရောက်ခင်ကျမရန်ကုန်ကိုသွားခဲ့တယ်။..၂၀၁၂ ခုနှစ်ဇန္နဝါရီလ ၉ရက်နေ့မှာမြေးဦးလေးဖွားမြင်တယ်။ ကျမ ကလေး ၄၅
ရက်ရတဲ့အထိရန်ကုန်နေပေးခဲ့တယ်။ 

အဲဒီအတောအတွင်း
ကျမက မေဦးလို့ခေါ်တဲ့ ဆရာမကြီးဒေါ်ခင်ဆွေဦးရဲ့အိမ်ကိုမကြာခဏရောက်ဖြစ်ခဲ့တယ်။

တရက်သား ကျမကိုမေဦးကဖုန်းဆက်ခေါ်တယ်။ မေဦးမခံစားနိုင်တော့လို့ ရင်ဖွင့်ချင်လို့ သူ့ဆီကိုအမြန်လာခဲ့ပါတဲ့။

ကျမရောက်သွားတော့ သူမျက်နှာမကောင်းဘူး။ ကျမလဲစိတ်ပူပြီး မေဦးဘာဖြစ်လို့လဲမေးလိုက်တယ်။
မနေ့ကပွဲတခုမှာ စာရေးဆရာတွေ၊ နိုင်ငံရေးသမားတွေနဲ့လူအတော်စုံတယ်တဲ့။ ဒေါ်အောင်ဆန်းစုကြည်လဲလာသတဲ့။ မေဦးက ဦးဝင်းထိန်နဲ့ရင်းနှီးတော့ စကားတွေပြော
ကြရင်းနဲ့ ရယ်စရာပါတော့ မေဦးကသူ့ရဲ့ပင်ကိုယ်ဟန်အတိုင်း ဟက်ကနဲအသံထွက်ပြီးရယ်လိုက်တဲ့အချိန် ..သူ့နောက်က ကျစ် ကနဲ့စုပ်သပ်သံကြားလို့လှည့်ကြည့်တော့ ဒေါ်စုက အထင်သေးတဲ့အကြည့်နဲ့ကြည့်ပြီးမျက်နှာလွဲသွား
တာတွေ့တော့ မေဦးလေစိတ်မကောင်းလိုက်တာ ငါရယ်တာအိနြေ္ဒလဲမမဲ့ခဲ့ပါဘူး ငြိမ်းငြိမ်းရယ် ဆိုပြီးစိတ်ထိခိုက်တဲ့အသံနဲ့ပြောတယ်။

မေဦးရယ် သူကအဆင့်မရှိလို့ဒီလိုလုပ်တာစိတ်ထဲထားမနေနဲ့လို့ပြောတော့ ငြိမ်းငြိမ်းရယ် ဒီတကြိမ်ထဲမဟုတ်ဘူးပထမတခါလဲဒီလိုဘဲ။ 
အဲဒီတုန်းက ဦးလေးသခင်အုန်းမြင့်
ရှိသေးတယ်။ ဒီလိုပဲပွဲတခုမှာ ဒေါ်အောင်ဆန်းစုကြည်ရောက်လာလို့ လူနဲနဲရှင်းတုန်းသူ့ဆီကိုနှုတ်ဆက်ဖို့သွားတာမေဦးလာနေတာမြင်တာနဲ့ တဖက်လှည့်သွားပြီး အမျိုးသမီးတယောက်ကို စကားတွေရေပက်မဝင်ပြောနေတာနဲ့ မေဦး
လဲရှက်ရှက်နဲ့လှည့်ထွက်ခဲ့ရတယ်လို့ပြောတယ်။

နောက်ပြီးမနေနိုင်တာနဲ့ ဦးလေးသခင်အုန်းမြင့်ကိုအဲဒီအကြောင်းပြောပြတော့ ..
ဦးလေးက ခင်ဆွေဦး ဒီမှာကြည့်
ဆိုပြီး သူ့ခေါင်းက အမာရွတ်ဖြစ်ကျန်ခဲ့တဲ့ ဒဏ်ရာဟောင်းကိုပြပြီး ဒါ ၁၉၄၆ခုနှစ်တုန်းက ဗိုလ်ချုပ်အောင်ဆန်းက
ဗမာပြည်ကွန်မြူနစ်ပါတီကို ဖဆပလအဖွဲ့ချုပ်ကနေထုတ်..ပစ်တဲ့ အကြောင်းကို လူထုစည်းဝေးပွဲတခုမှာထည့်ပြောတော့ ဗိုလ်ချုပ်ကိုအပြစ်ပြောရမလားဆိုပြီး ဗိုလ်ချုပ်ကိုကြည်ညိုတဲ့ပရိတ်သတ်တယောက်ကနေခဲနဲ့ထုလိုက်လို့ရခဲ့တဲ့ဒဏ်ရာဘဲ။
 အခုလဲအဲဒီအခြေအနေမျိုးအတိုင်းဘဲ
သူ့သမီးကလဲ လူထုထောက်ခံမှုကြီးနေတယ်လို့ ပြောခဲ့တယ် တဲ့။

အဲဒါနဲ့ ကျမက မေဦးကို 
ဘဘလဲကက်ကက်လန်ရန်တွေ့ခံရတဲ့အကြောင်းရော ပြောမပြလိုက်ဘူးလားလို့မေးတော့ ဟင့်အင်း မေဦးမသိဘူး ဘာအကြောင်းလဲတဲ့။

ဝါရင့်နိုင်ငံရေးသမားကြီးတွေနဲ့ ဒေါ်စုနဲ့ဖုန်းအပြန်အလှန်ပြောကြတာတွေကို ထောက်လှမ်းရေးက အသံခိုးဖမ်းထား
ပြီး ဒေါ်စုရဲ့ကက်ကက်လန်အခွေဆိုပြီးထွက်လာတာ ရန်ကုန်ကလူတချို့တော့နားထောင်ရတယ်တဲ့။
 နားထောင်ဖူး
တဲ့သူကပြန်ပြောပြလို့ ကြားဘူးတာ၊ နောက်တော့ အဲ့ဒီအခွေတွေထောက်လှမ်းရေးကဘဲပြန်သိမ်းလိုက်တဲ့အကြောင်းကျမကပြောပြတော့ ဒါဆိုငြိမ်းငြိမ်းကမေဦးထက်သာသွားပြီတဲ့။

မေဦးလေ မသိင်္ဂီက သူခံခဲ့ရတဲ့အကြောင်းတွေပြောပြတုန်းကဒီလောက်ဆိုးမယ်မထင်ဘူးတဲ့ကိုယ်တိုင်ခံလိုက်ရမှနားလည်သွားတယ်တဲ့။ 

မသိင်္ဂီကပန်းချီလဲဆွဲတဲ့..စာရေးဆရာမ။ 
သူကအင်္ဂလိပ်ရောဗမာလိုရောကျွမ်းတော့ တချိန်
ကဒေါ်စုရဲ့အလုပ်တွေလုပ်ပေးနေရသူ။ 
ဒေါ်စုကအလိုမရှိတော့ သူ့ကိုသတင်းပေးဆိုပြီးကန်ထုတ်လိုက်တာ မသိင်္ဂီခမြာ စိတ်ဓာတ်ကျသွားလိုက်တာခုချိန်ထိစာလဲမရေးနိုင်
ပန်းချီလဲမဆွဲနိုင်ရှာတော့ဘူးတဲ့။

သူရိုးတာအရည်အချင်းရှိတာတွေသိကြတဲ့စာရေးဆရာမသာယာဝတီစန်းစန်းနွဲ့တို့
ဆိုရင်ဝိုင်းအားပေးကြရတဲ့အကြောင်းတွေလဲပြောပြတယ်။

မေဦးရယ်စိတ်မကောင်းမဖြစ်နဲ့တော့။
 သူကလဲဗိုလ်ချုပ်အောင်ဆန်းသမီး၊ မေဦးကလဲ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗိုလ်ကျော်ဇောတို့ရဲ့ဆရာ မဟာဆွေရဲ့သမီးဘဲ လို့ အားပေးတော့
ဟုတ်တယ် ဟုတ်တယ် ဒါကြောင့်မေဦးက ငြိမ်းငြိမ်းကိုချစ်တာ လူကိုစိတ်ညစ်နေတာတွေပျောက်သွားအောင် အားပေးတတ်လို့လေ တဲ့။

လွမ်းတယ် မေဦးရယ်။
ချစ်ငြိမ်းချမ်း

zawgyi version

ဒေါ်ခင်ဆွေဦးပြောတဲ့ ဒေါ်အောင်ဆန်းစုကြည်အကြောင်း
==========================
ချစ်ငြိမ်းချမ်း

စာရေးဆရာမကြီးဒေါ်ခင်ဆွေဦးလို့ဆိုလိုက်တာနဲ့ သူနဲ့
ရင်းရင်နှီးနှီးဆက်ဆံဖူးသူတိုင်း သူ့ရဲ့ဖြူစင်ရိုးသားတာတွေ၊ ပျူငှါဖော်ရွေတာတွေ၊ နိုင်ငံကျော်စာရေးဆရာမကြီး
တယောက်နဲ့မတူအောင် မာန်မာနကင်းစင်တာတွေကို
ခံစားမိကြမှာပါ။ သူရဲ့စာတွေကိုဖတ်ဖူးသူတိုင်းလဲ အမြဲတမ်း
အဖိနှိပ်ခံတွေဘက်ကနေ ရပ်တည်ရေးသားတတ်တယ်ဆို
တာသိကြမှာပါ။ သူရေးတဲ့စာနဲ့ စာရေးဆရာရဲ့စိတ်ဓာတ်
တထပ်ထဲကျသူတွေထဲမှာ ဆရာမကြီးခင်ဆွေဦးတယောက်
လဲအပါအဝင်ဖြစ်ပါတယ်။

၂၀၁၁ခုနှစ်နှစ်ကုန်ပိုင်းမှာ ကျမသမီးမီးဖွားရက်မရောက်
ခင်ကျမရန်ကုန်ကိုသွားခဲ့တယ်။၂၀၁၂ ခုနှစ်ဇန္နဝါရီလ ၉
ရက်နေ့မှာမြေးဦးလေးဖွားမြင်တယ်။ ကျမ ကလေး ၄၅
ရက်ရတဲ့အထိရန်ကုန်နေပေးခဲ့တယ်။ အဲဒီအတောအတွင်း
ကျမက မေဦးလို့ခေါ်တဲ့ ဆရာမကြီးဒေါ်ခင်ဆွေဦးရဲ့အိမ်ကို
မကြာခဏရောက်ဖြစ်ခဲ့တယ်။

တရက်သား ကျမကိုမေဦးကဖုန်းဆက်ခေါ်တယ်။ မေဦး
မခံစားနိုင်တော့လို့ ရင်ဖွင့်ချင်လို့ သူ့ဆီကိုအမြန်လာခဲ့ပါတဲ့။
ကျမရောက်သွားတော့ သူမျက်နှာမကောင်းဘူး။ ကျမလဲ
စိတ်ပူပြီး မေဦးဘာဖြစ်လို့လဲမေးလိုက်တယ်။
မနေ့ကပွဲတခုမှာ စာရေးဆရာတွေ၊ နိုင်ငံရေးသမားတွေ
နဲ့လူအတော်စုံတယ်တဲ့။ ဒေါ်အောင်ဆန်းစုကြည်လဲလာသတဲ့။ မေဦးက ဦးဝင်းထိန်နဲ့ရင်းနှီးတော့ စကားတွေပြော
ကြရင်းနဲ့ ရယ်စရာပါတော့ မေဦးကသူ့ရဲ့ပင်ကိုယ်ဟန်
အတိုင်း ဟက်ကနဲအသံထွက်ပြီးရယ်လိုက်တဲ့အချိန် သူ့
နောက်က ကျစ် ကနဲ့စုပ်သပ်သံကြားလို့လှည့်ကြည့်တော့
ဒေါ်စုက အထင်သေးတဲ့အကြည့်နဲ့ကြည့်ပြီးမျက်နှာလွဲသွား
တာတွေ့တော့ မေဦးလေစိတ်မကောင်းလိုက်တာ ငါရယ်
တာအိနြေ္ဒလဲမမဲ့ခဲ့ပါဘူး ငြိမ်းငြိမ်းရယ် ဆိုပြီးစိတ်ထိခိုက်တဲ့
အသံနဲ့ပြောတယ်။

မေဦးရယ် သူကအဆင့်မရှိလို့ဒီလိုလုပ်တာစိတ်ထဲထား
မနေနဲ့လို့ပြောတော့ ငြိမ်းငြိမ်းရယ် ဒီတကြိမ်ထဲမဟုတ်ဘူး
ပထမတခါလဲဒီလိုဘဲ။ အဲဒီတုန်းက ဦးလေးသခင်အုန်းမြင့်
ရှိသေးတယ်။ ဒီလိုပဲပွဲတခုမှာ ဒေါ်အောင်ဆန်းစုကြည်
ရောက်လာလို့ လူနဲနဲရှင်းတုန်းသူ့ဆီကိုနှုတ်ဆက်ဖို့သွားတာ
မေဦးလာနေတာမြင်တာနဲ့ တဖက်လှည့်သွားပြီး အမျိုးသမီး
တယောက်ကို စကားတွေရေပက်မဝင်ပြောနေတာနဲ့ မေဦး
လဲရှက်ရှက်နဲ့လှည့်ထွက်ခဲ့ရတယ်လို့ပြောတယ်။
နောက်ပြီးမနေနိုင်တာနဲ့ ဦးလေးသခင်အုန်းမြင့်ကိုအဲဒီ
အကြောင်းပြောပြတော့ ဦးလေးက ခင်ဆွေဦး ဒီမှာကြည့်
ဆိုပြီး သူ့ခေါင်းက အမာရွတ်ဖြစ်ကျန်ခဲ့တဲ့ ဒဏ်ရာဟောင်း
ကိုပြပြီး ဒါ ၁၉၄၆ခုနှစ်တုန်းက ဗိုလ်ချုပ်အောင်ဆန်းက
ဗမာပြည်ကွန်မြူနစ်ပါတီကို ဖဆပလအဖွဲ့ချုပ်ကနေထုတ်
ပစ်တဲ့အကြောင်းကို လူထုစည်းဝေးပွဲတခုမှာထည့်ပြော
တော့ ဗိုလ်ချုပ်ကိုအပြစ်ပြောရမလားဆိုပြီး ဗိုလ်ချုပ်ကို
ကြည်ညိုတဲ့ပရိတ်သတ်တယောက်ကနေခဲနဲ့ထုလိုက်လို့
ရခဲ့တဲ့ဒဏ်ရာဘဲ။ အခုလဲအဲဒီအခြေအနေမျိုးအတိုင်းဘဲ
သူ့သမီးကလဲ လူထုထောက်ခံမှုကြီးနေတယ်လို့ ပြောခဲ့
တယ် တဲ့။

အဲဒါနဲ့ ကျမက မေဦးကို ဘဘလဲကက်ကက်လန်ရန်
တွေ့ခံရတဲ့အကြောင်းရော ပြောမပြလိုက်ဘူးလားလို့မေး
တော့ ဟင့်အင်း မေဦးမသိဘူး ဘာအကြောင်းလဲတဲ့။
ဝါရင့်နိုင်ငံရေးသမားကြီးတွေနဲ့ ဒေါ်စုနဲ့ဖုန်းအပြန်အလှန်
ပြောကြတာတွေကို ထောက်လှမ်းရေးက အသံခိုးဖမ်းထား
ပြီး ဒေါ်စုရဲ့ကက်ကက်လန်အခွေဆိုပြီးထွက်လာတာ ရန်
ကုန်ကလူတချို့တော့နားထောင်ရတယ်တဲ့။ နားထောင်ဖူး
တဲ့သူကပြန်ပြောပြလို့ ကြားဘူးတာ၊ နောက်တော့ အဲ့ဒီ
အခွေတွေထောက်လှမ်းရေးကဘဲပြန်သိမ်းလိုက်တဲ့အ
ကြောင်းကျမကပြောပြတော့ ဒါဆိုငြိမ်းငြိမ်းကမေဦးထက်
သာသွားပြီတဲ့။

မေဦးလေ မသိင်္ဂီက သူခံခဲ့ရတဲ့အကြောင်းတွေပြောပြ
တုန်းကဒီလောက်ဆိုးမယ်မထင်ဘူးတဲ့ကိုယ်တိုင်ခံလိုက်
ရမှနားလည်သွားတယ်တဲ့။ မသိင်္ဂီကပန်းချီလဲဆွဲတဲ့စာရေး
ဆရာမ။ သူကအင်္ဂလိပ်ရောဗမာလိုရောကျွမ်းတော့ တချိန်
ကဒေါ်စုရဲ့အလုပ်တွေလုပ်ပေးနေရသူ။ ဒေါ်စုကအလိုမရှိ
တော့ သူ့ကိုသတင်းပေးဆိုပြီးကန်ထုတ်လိုက်တာ မသိင်္ဂီ
ခမြာ စိတ်ဓာတ်ကျသွားလိုက်တာခုချိန်ထိစာလဲမရေးနိုင်
ပန်းချီလဲမဆွဲနိုင်ရှာတော့ဘူးတဲ့။သူရိုးတာအရည်အချင်းရှိ
တာတွေသိကြတဲ့စာရေးဆရာမသာယာဝတီစန်းစန်းနွဲ့တို့
ဆိုရင်ဝိုင်းအားပေးကြရတဲ့အကြောင်းတွေလဲပြောပြတယ်။

မေဦးရယ်စိတ်မကောင်းမဖြစ်နဲ့တော့။ သူကလဲဗိုလ်ချုပ်
အောင်ဆန်းသမီး၊ မေဦးကလဲ ဗိုလ်ချုပ်အောင်ဆန်းနဲ့
ဗိုလ်ကျော်ဇောတို့ရဲ့ဆရာ မဟာဆွေရဲ့သမီးဘဲ လို့ အား
ပေးတော့
ဟုတ်တယ် ဟုတ်တယ် ဒါကြောင့်မေဦးက ငြိမ်းငြိမ်းကိုချစ်
တာ လူကိုစိတ်ညစ်နေတာတွေပျောက်သွားအောင် အား
ပေးတတ်လို့လေ တဲ့။

လွမ်းတယ် မေဦးရယ်။
ချစ်ငြိမ်းချမ်း

Via.Zaw Win ၈၈ ဗကသ

(ဒေါ်ခင်ဆွေဦး ဆိုတာ... စာရေးဆရာကြီး မဟာဆွေ ရဲ့ သမီး စာရေးဆရာမပါ)