Monday, January 31, 2022

#ပူတင်ရဲ့အဓိကဆန္ဒက ရုရှားနဲ့နေတိုးကြားမှာ ယူကရိန်းကို ခံထားဖို့ပါပဲ။


(Buffer State/Buffer Zone)
#ဒါသူ့နိုင်ငံသူ့ပြည်သူ့လုံခြုံရေးအတွက်ပထဝီနိုင်ငံ
ရေးလိုအပ်ချက်ပဲဖြစ်တယ်။
#တိုင်းပြည်ခေါင်းဆောင်တစ်ယောက်ရဲ့စေတနာ
လည်းဖြစ်တယ်။

#ယူကရိန်း
#သူလည်းနိုင်ငံတစ်နိုင်ငံဖြစ်တယ်။သူ့သဘောသူ
ဆောင် နိုင်တာပဲ။ဒါလည်းအမှန်တရားဖြစ်တယ်။
#မူလကဆိုဗီယက်ပြည်ထောင်စုရဲ့ပြည်နယ်တစ်ခု၊
ရုရှားနဲ့နှစ်လွှာတစ်ရွက် မိသားစုမျိုးရင်းဆက်နွယ်မှု
ရှိတယ်ဆိုပေမယ့် သူဟာအရှေ့ကိုပဲ ထာဝရ ယိမ်းရ
မယ်လို့တားမြစ်လို့မရဘူး။အနောက်မမျှော်ရဘူးလို့ 
သွားပြောလို့တော့မရဘူး။
#ဒါသူ့အခွင့်အရေးဖြစ်တယ်။ဒါလည်းအမှန်တရားပဲ။
#(တစ်ခုတော့ရှိတယ် ကိုယ့်ပထဝီနိုင်ငံရေးကို
 ထည့်မစဉ်းစားရင်တော့ ဥာဏ်တိမ်ရာကျမယ်။)

#နေတိုး/အမေရိကန်
#အင်အားကြီးနိုင်ငံ/အုပ်စုတွေဟာ လောဘကအဆုံး
မသတ်နိုင်ဘူး။တစ်ကမ္ဘာလုံးကိုသာတင်မကျွေးနိုင်
တယ်ဖြစ်နိုင်ရင် တစ်ကမ္ဘာလုံးကို ကျွန်ပြုပြီး ငါပြော
သမျှလုပ်သမျှ လက်ခုပ်တီးရမယ် ထောက်ခံရမယ်
အသိအမှတ်ပြုရမယ်။ဒီလိုမျိုးဖြစ်တယ်။
#စစ်အေးကာလယှဉ်ပြိုင်မှုအဆုံးသတ်ဖို့ ဆိုဗီယက်
 ပြိုကွဲခါနီးမှာ အမေရိကန်/နေတိုးခေါင်းဆောင်တွေ
နဲ့ ဆိုဗီယက်ခေါင်းဆောင်(ဂေါ်ဘာဂျော့ဗ်)တို့သဘော
တူညှိနှိုင်းခဲ့တာတွေရှိမှာသေချာတယ်။
#နေတိုးက သူ့အင်အားကိုထပ်မချဲ့ဘူး၊ဥရောပအရှေ့
ပိုင်းကိုနယ်မြေမချဲ့ဘူးဆိုတာလောက်တော့သဘောတူ
ခဲ့ကြတာအမှန်ဖြစ်မှာပဲ။(ဒီလောက်မှ အာမမခံပဲ 
ဂေါ်ဘာဂျော့်ဗ့်က သူ့နိုင်ငံပြိုကွဲဖို့ ဘယ်လက်ခံမလဲ)
#ဒါ့ကြောင့်ဂေါ်ဘာဂျော့်ဗ်ကပြောတာ။နေတိုးဟာသူနိုင်
တယ်ဆိုပြီး မာန်တက်ပြီး နယ်မြေချဲ့ထွင်ခဲ့တယ်လို့။

#အမေရိကန်/နေတိုး 
#ယူကရိန်းကို နေတိုးထဲတစ်သက်လုံး မသွင်းတော့
ကောဘာဖြစ်သွားမှာမို့လဲ!
#သူတို့ဥရောပကိုယ်တိုင်လည်းရုရှားနဲ့ကြားမှာ
ယူကရိန်းကို Buffer Zone ထားလို့ရတာပဲ။
#ဥရောပအရှေ့နဲ့ယခင်ဆိုဗီယက်နိုင်ငံဟောင်းတွေကို
 နေတိုးထဲဆွဲမသွင်းတော့ကော ဘာဖြစ်သွားမှာမို့လဲ!
#ယူကရိန်းကကော နေတိုးထဲမဝင်ဘဲ ဥရောပသမဂ္ဂနဲ့
 အခြားနည်းနဲ့စီးပွားဆောင်ရွက်နိုင်မယ့် နည်းကိုရှာ
လို့မရဘူးလား!

#ရုရှားကလည်းသူ့အိမ်ထဲကိုအချိန်မရွေးမီးထုပ်ပစ်သွင်း
နိုင်တဲ့သူတွေ သူ့ခြံဘေးရောက်လာတာ လက်မခံလိုတာ
သဘာဝကြပါတယ်။(1962 ကျူးဘားဒုံးကျည်ပြဿနာ
က ဒါပဲလေ။ နေတိုးက ဆိုဗီယက်အုပ်စုဝင်နိုင်ငံတွေအနီး
ဒုံးကျည်စခန်းတွေလာထားလို့ ဆိုဗီယက်က အမေရိကန်
 နဲ့မိုင်(90)လောက်ကပ်လျက်ကျူးဘားမှာ ဒုံးကျည်စခန်း
လာဆောက်မယ်လုပ်လို့ဖြစ်ကြတာ)

#ယူကရိန်းပြဿနာ
#တကယ်က(ရုရှား-အမေရိကန်/နေတိုးအားပြိုင်မှုပဲ)
#ဒီကိစ္စဟာ 
#အမေရိကန်/နေတိုး တို့ရဲ့ အင်အားကြီးအနိုင်ကျင့်
တဇောက်ကန်းဝါဒကမူလဇစ်မြစ်ပဲ။
#ပူတင်လိုခပ်မာမာကောင်နဲ့တွေ့တော့ပျားတုတ်တာပဲ။
#ယူကရိန်းသမ္မတကလည်းပထဝီနိုင်ငံရေးကိုအလေး
 မထားဘူး။ အဓိကကတော့ ပြည်သူတွေ အရင်ဆုံး
ဒုက္ခရောက်မယ်ဆိုတာကိုသိလျက်။
#သဘောက ပြည်သူကိုတန်ဖိုးမထားဘူး။

#ပူတင်ကတော့သူ့နိုင်ငံအတွက်အာမခံချက်မရရင်
 ယူကရိန်းအတွက်လည်း အာမခံချက်ပေးမယ့်ပုံမပေါ်ဘူး။
#ခုလောက်ခြေကျွံခဲ့ပြီးမှ ငါးမရရေချိုးပြန်လောက်လုပ်
 မယ့် လူမျိုးမဟုတ်ဘူး။
#စစ်တစ်ခုရဲ့ကိုယ့်ဘက်လည်းထိခိုက်နစ်နာနိုင်မှုကို
ပူတင်လိုလူမျိုးကပိုတွက်နိုင်ပါလိမ့်မယ်။
#ညှိမရရင်တော့ သူ့နိုင်ငံရုရှားအတွက်
(Buffer Zone ဧရိယာလိုသလောက်တော့ ဖဲ့ယူသွား
 မှာပဲ။)
#Donbass ဒွန်းဘတ်(ဒွန်ဘာ) လောက်နဲ့တော့
 ရပ်မယ်မထင်ဘူး။အဲ့ဒါက 2015လောက်ကတည်းက
 သူ့ဩဇာအောက်ရောက်ပြီးသား။
#နေတိုးနိုင်ငံတွေ စစ်ထဲ တိုက်ရိုက်ပါဝင်လို့မရအောင်တော့ နေးတိုးအဖွဲ့ဝင်နိုင်ငံ
တွေအပေါ် ကျည်တစ်တောင့်မှ မကျအောင် သူသတိ
ထားလိမ့်မယ်ထင်ပါတယ်။

#ယနေ့အခြေအနေများအရတော့ 
ရုရှား-ယူကရိန်း စစ်ပွဲကိုဖြစ်စေလိုတာ ပူတင်မဟုတ်ပဲ!
#အမေရိကန်နဲ့ ဗြိတိန် တို့ဖြစ်နေကြောင်းပါ။
#ယူကရိန်းကို စစ်လက်နက်အကူတွေပေးပို့နေကြပါပြီ။
#စစ်ဖြစ်ရင်
#ယူကရိန်းတွေသေမယ်/ကြေမယ်
#ရုရှားကစရိတ်ထောင်းမယ်/ပိတ်ဆို့ခံထိပြီး အင်အား
 ချိနဲ့အောင်လုပ်မယ်။
#အမေရိကန် က စစ်လက်နက်တွေရောင်းပြီး ချမ်းသာ
 လာဦးမယ်။

#ကဲ!---Playကြစမ်းပါဗျာ!
#သင်္ခန်းစာတွေလည်းရတာပေါ့!
မှတ်ချက်။ဂျာမနီ၊ပြင်သစ် က ဒီကိစ္စမှာ အမေရိကန်
                လောက်မတက်ကြွဘူး။ ပြေပြေလည်လည်
               ပြီးချင်ကြတယ်။
Thet Naing Oo ကျည်ကာ