Thursday, January 27, 2022

ယနေ့ကမ္ဘာကြီးကိုပြသနေတဲ့ တော်လှန်ရေးခေါင်းစဉ်အောက်က လုပ်ဆောင်မှုများသည်ဒီမိုကရေစီနည်းလမ်းအရ ဆန္ဒဖော်ထုတ်မှုဆိုတာ ဟုတ်မဟုတ်ကို အောက်ပါအချက်များဖြင့်အဖြေထုတ်ကြည့်ပါ။


Social punishment လုပ်ခဲ့ခြင်း
ဒေါက်တိုင်ခေါင်းစဉ်ဖြင့် အပြစ်မဲ့ လက်နက်မဲ့ပြည်သူတွေ နိုင်ငံဝန်ထမ်းတွေ 
လူမှုဝန်ထမ်း ပြည်သူ့ဝန်ထမ်း သံဃာတော်များစ
ရဲ့ လူမှုဂုဏ်သိက္ခာ အသက်
ရှင်သန်မှုများအပေါ် ထိခိုက်စေတဲ့လူ့အခွင့်ရေး ကိုပြင်းထန်စွာချိုးဖောက်ခြင်း
လူမဆန်တဲ့နည်းလမ်း အကြမ်းဖက်လုပ်ရပ်များဖြင့် 
လူ့အသက်ကို လုပ်ကြံသုတ်သင်ခြင်း လုပ်ရပ်များ
ပြင်းထန်စွာ လုပ်ဆောင်ခဲ့တယ်။
လက်နက်မဲ့ အပြစ်မဲ့ပြည်သူကို အကြောက်တရားဖြင့် ခြိမ်းခြောက်ထိန်းချုပ်ခဲ့တယ်။

ယနေ့အချိန်အခါ မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလတွင် ဒီမိုကရေစီတိမ်းစောင်းမှုများကို တည့်မတ်နေသော ဖွဲ့စည်းပုံအခြေခံဥပဒေအရ တာဝန်အပ်နှင်းခံထားရတဲ့ အရေးပေါ်ကာလစီမံခန့်ခွဲနေတဲ့ အုပ်ချုပ်ရေးဖြစ်ပါတယ်။ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ လျှောက်လှမ်းနိုင်ရန် တရားဥပဒေစိုးမိုးရေးသည်အသက်ဖြစ်ပါတယ်ရှင်။
လူ့အသက် စည်းစိမ် ဂုဏ်သိက္ခာဘဝရပ်တည်မှု များ
ကို ခြိမ်းခြောက်အကျပ်ကိုင်ပြီး ပြည်သူ့ဆန္ဒဖော်ထုတ်မှုပါလို့ ဒီမိုကေရစီခေါင်းစဉ်တပ်ပြီး ကမ္ဘာကြီးကိုလိမ်ညာ
ပြသနေတဲ့အခြေအနေမှာ နိုင်ငံတော်ဂုဏ်သိက္ခာ ပုံရိပ်အတွက် တည်ဆဲဥပဒေများဖြင့် ထိန်းကြောင်းတာကို ဝေဖန်မှုတွေမြင့်တက်နေတာကို 
စဉ်းစားနိုင်ဖို့
သုံးသပ်ပြောပြပေးလိုက်ပါတယ်ရှင်။
မြန်မာ့ဒီမိုကရေစီဆက်လက်ရှင်သန်စေရန်
မြန်မာ့လူ့အသိုင်းအဝိုင်းတစ်ခုလုံးရှိ အဖွဲ့အစည်းအသီးသီးအနေဖြင့် ဒီမိုကရေစီစံနှုန်းများကို 
အပြောတခြား အလုပ်တခြားမလုပ်ဖို့
လက်တွေ့ဖော်ဆောင်ကျင့်သုံးကြဖို့ လေးစားစွာ တိုက်တွန်းလိုက်ပါတယ်ရှင်။

လေးစားလျက်
နန်းမြမြမီမီဇော်
၂၀၂၂ ခုနှစ် ဇန္နဝါရီလ ၂၆ ရက်။