Wednesday, January 26, 2022

သံမဏိစက်ရုံ(မြင်းခြံ)ကို တည်ဆောက်လို့မရအောင် NLDအစိုးရ ဘယ်လိုပြုလုပ်ခဲ့တယ်ဆိုတာနဲ့ပတ်သက်လို့ ဗိုလ်ချုပ်မှူးကြီး ဘာပြောသလဲ


အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ)ကို ၂၀၀၄ ခု၊ နိုဝင်ဘာလမှာ အီတလီကုမ္ပဏီ (Danienli Co. Ltd.) နှင့် မြန်မာမှ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတို့ ပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး တရုပ်ဖွံ့ဖြိုးရေးဘဏ် (China Development Bank) မှ ယူရို သန်း ၁၁၀၀ ချေးယူကာ ၂၀၁၀ ပြည့်တွင် အပြည့်အဝ လည်နိုင်ရန် ရည်မှန်းထားခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် လည်ပတ်နိုင်ခြင်း မရှိခဲ့တဲ့အပြင် NLD အစိုးရလက်ထက်ဖြစ်သည့် ၂၀၁၇ ခုတွင် စက်ရုံမလည်ပတ်နိုင်ရန် လွှတ်တော်၌ မဲခွဲဆုံးဖြတ်ခဲ့မှုနှင့်ပတ်သက်၍ ဗိုလ်ချုပ်မှူးကြီးက ယခုလို ပြောဆိုသည်။

သံမဏိစက်ရုံ(မြင်းခြံ)အတွက် တည်ဆောက်နေဆဲကာလအတွင်း စက်ပစ္စည်းများ ၉၉ ဒသမ ၃၄ ရာခိုင်နှုန်းနှင့် ၉၅ ဒသမ ၀၂ ရာခိုင်နှုန်း ရောက်ရှိပြီးဖြစ်သော်လည်း ဆက်လက်တည်ဆောက်မှု မပြုလုပ်နိုင်ရန် ၂၀၁၇ ခုနှစ်တွင် လွှတ်တော်၌မဲခွဲဆုံးဖြတ်ခဲ့မှုကြောင့် မိမိတို့နိုင်ငံအတွက် ဘဏ္ဍာငွေများစွာ ထိခိုက်ဆုံးရှုံးခဲ့ရကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယမန်နေ့တွင် မြင်းခြံမြို့နယ်ရှိ စက်မှုဝန်ကြီးဌာန၊ အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ)သို့ သွားရောက်ကြည့်ရှုစစ်ဆေးစဥ် ဖွင့်ဟပြောဆိုသည်။

ဆက်လက်၍ ဗိုလ်ချုပ်မှူးကြီးက စက်ရုံအတွက် စက်ပစ္စည်းများဝယ်ယူခဲ့သည့် ချေးငွေများကို အရင်း၊ အတိုးပေးဆပ်နေရပြီး ရောက်ရှိထားသည့် စက်ရုံပစ္စည်း၊ စက်ပစ္စည်းများမှာ ပြင်ပတွင်ထားသိုရသဖြင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ခဲ့ရာ ဝန်ကြီးဌာနအနေဖြင့် အကောင်းဆုံး ပြန်လည်ထိန်းသိမ်းသွားရန်နှင့် မူလလည်ပတ်ပြီး ပြန်လည်ရပ်ဆိုင်းခဲ့ရသည့် သံမဏိစက်ရုံ အမှတ်(၁)အား အမြန်ပြန်လည်ပတ်နိုင်ရန်လိုကြောင်း၊ သံမဏိထုတ်လုပ်မှုလုပ်ငန်းသည်မိမိတို့နိုင်ငံအတွက် အရေးကြီးလိုအပ်ချက်ပင်ဖြစ် ကြောင်း၊စက်ရုံစီမံကိန်းများအား စနစ်တကျဖြင့် အပိုင်းလိုက်တည်ဆောက်၍ မှန်မှန်ကန်ကန်ဖြင့် မြန်မြန်ဆန်ဆန်ပြီးစီးစေရေး စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားရန် လိုကြောင်း၊ နိုင်ငံတော်တွင် အိမ်ဆောက်လုပ်ရေး သံမဏိပစ္စည်းများမှာ များစွာလိုအပ်သဖြင့် နိုင်ငံတော်အစိုးရအနေဖြင့်သာ မဟုတ်ဘဲ ပုဂ္ဂလိကလုပ်ငန်းရှင်များမှ ဆောင်ရွက်လိုပါကလည်း စည်းကမ်းများနှင့်အညီခွင့်ပြု၍ ပြည်တွင်းသံမဏိ ထုတ်လုပ်မှုလုပ်ငန်းကို အားပေးမြှင့်တင်ပေးရန်လိုကြောင်း တာဝန်ရှိသူများအား မှာကြားပြောဆိုခဲ့ကြောင်း သိရသည်။

#ဇူကာ