Wednesday, January 26, 2022

မုန်တိုင်းဖြတ်ကျော် စစ်သည်တော်များသို့


တိုင်းပြည်ကနုနု မုန်တိုင်းကထန်ထန်
ရေစုံရေဆန်မှာ လူးလာခေါက်ပြန်
အစုံအဆန်ကို ကူးဖြတ်လို့ပြည်ထောင်
စုကြီး မပြိုကွဲအောင်ထိန်းသိမ်းခဲ့တာ 
ငါတို့ပါ...

ရှစ်ပြည်ထောင်မူ ဗလောင်ဆူလို့
နိုင်ငံတော်ကြီး ထင်းစည်းပြေဖို့
အရေးဖန်တီးသူတွေကြားက 
အမိုက်ခံပြီး တာဝန်လွှဲပြောင်းရယူခဲ့
တာ...ငါတို့ပါ

အကျပ်အတည်းကခိုက် စီးပွားပျက်ကပ်ဆိုက်
မီးပွားတစ်စက တိုင်းပြည်ကြီးလောက်မြိုက်မဲ့အရေးကြုံလာပြန်တော့လည်း လာမဲ့ဘေးပြေးတွေ့လို့
ဆောင်ရွက်ခဲ့တာ... ငါတို့ပါ

ခေတ်အဆက်ဆက် စနစ်အဆက်ဆက်
မုန်တိုင်းကိုမမူ အံတုခဲ့တဲ့ ငါတို့တပ်မတော်

သမိုင်းကြောင်းအဆက်ဆက် 
ထက်မြက်တဲ့စွမ်းရည်တွေနဲ့ 
လေစုန်လေဆန် ပျံဝဲရင်း ဘာကိုမှမမူခဲ့တဲ့ ငါတို့တပ်မတော်

၄၈ က အစ ၆၂ အလယ် ၈၈ နောက်ဝယ်
ဝေဟင် မြေပြင် ရေပြင်ထက်မယ် ရန်သူပေါ်လာတိုင်း
ရင်ဆိုင်ကာ ယှဥ်ပြိုင်ခဲ့တဲ့ ငါတို့တပ်မတော်

အခုလည်း ၂၁ အလွန်အရေးအခင်းဝယ်
မလိုသူအချို့ တိုင်းပြည်ပုန်ကန်သူတဝက်က
လူဆိုးဆိုတဲ့နာမည်တပ် ပုံဖျက်ကြပြန်ပြီ
လူမိုက်ဆိုတဲ့နာမည်တပ် အမည်ပျက်စာရင်းသွင်းကြပြန်ပြီ

ငါတို့တွေ ကြုံခဲ့ဖူးသည်
ငါတို့တွေ ဖြတ်သန်းခဲ့ဖူးသည်
မုန်တိုင်းဆိုတာ ဒို့မမူပြီ

ရဲဘော်ရဲဘက်စိတ်အခြေတည်
တပ်မတော်အား ဆယ်ပါးနှင့်အညီ
ငါတို့တစ်တွေဖြတ်သန်းကြရပေဦးမည်
မုန်တိုင်းဖြတ်ကျော် စစ်သည်တော်များ လက်တွေခိုင်ခိုင်တွဲထားကြမည်
ငါတို့..... တိုက်ပွဲတိုင်းအောင်ရမည် 

Aung Myo Paing (သျှင် နွယ်ရိုး)✍️

Related Posts:

  • " မောင်မလာ မောင်သာငတ် " " မောင့်နေရာ လူမပြတ် "     ' MRTVက ဝန်ထမ်းတချိူ့ CDMလုပ်သွားကြလို့ ထုတ်လွင့်မှု့တွေ ရပ်ဆိုင်းသွားအောင် စစ်အစိုးရ ဘာမှမလုပ်နိုင်အောင် ရည်ရွယ်ချက်နဲ့ လုပ်ကြတယ်။       ကိုယ့်ဘဝရပ်တည်ဖို့ ဂုဏ်သိက္ခာရှိတဲ့ အလုပ်ကိုစွန့်ခွါပြီး လေထဲက ထောက်ပံ့နေတဲ့ NUG C… Read More
  • နောက်မကျသေးပါဘူး။အခု အိမ်စောင့် အစိုးရကြုံရတဲ့ အခြေအနေက၅၇ လောက်တော့ မဆိုးဘူး။၈၈ ထက်တော့ ပိုဆိုးတယ်။အရှေ့က ကိစ္စ တွေမှာကပြည်တွင်းသူပုန်ပြည်ပ က ဗကပ နဲ့ UG တွေလောက်ဘဲ ပါတယ် ဗ်။အခု နစက ကြတော့ အလွန်ကြီးမား တဲ့အပြည်ပြည်ဆိုင်ရာအဖျက်ကိုဘက္စုံကတိုက္တာ… Read More
  • သမိုင်းဝင် သမိုင်းတွင်မည့်စာ ၂ စောင် ( ဒေါ်စု ကြည်ရဲ့ယုတ်မာမှု ချိန်ကိုက်ဗုံး နဲ့ တပ်မတော်ရဲ့ စေတနာ ) ယနေ့အနီကင်းမဲ့ ဇုံထဲက ပြည်သူအများစု အလွန်ပျော်ကြရတဲ့ ကာလပဲ ဖြစ်ပါတယ် ။ တိုက်ဆိုင်စွာပဲ ပြည်သူတွေ သိခွင့်မရတဲ့ နှစ်ဖက်ခေါင်းဆောင်တွေက ပြည်သူတွေ အတွက် ရည်စူးပြီး စာတ စောင်စီ ထုတ်ပြန်ခဲ့တာ တွေ့ရပါတယ် ။ သူတို့ရေးခဲ့တဲ့ စာတွေရဲ့ … Read More
  • " ခွေးစိတ်ဓာတ်နဲ့ နိုင်ငံရေးဖျာဝင်ခင်းနေတာလား "- အင်ဘန်လ ဆိုတဲ့အကောင်ဟာ  ငြိမ်ချမ်းစွာ ဆန္ဒပြတဲ့ ပြည်သူတွေကို စကစမှ  အင်အားသုံးဖြိုခွင်းနေတာတွေ ဆက်လက်လုပ်  ဆောင်ရင် ဆန္ဒပြပြည်သူတွေဘက်ကနေ  ရပ်တည်ပြီး စစ်တပ်ကို တိုက်ခိုက်သွားမယ်ဆိုလို့  ကျုပ်ကလည်း ဒီပိုစ့်ကို ရေးတင်ရခြင်းပါ… Read More
  • အဘ ဘောမနေတဲ့ / စစ်ခွေး စစ်စစ်ပါကျွန်တော်ဟာ မင်းတို့တွေခေါ်နေကြတဲ့အဘ ဘောမတဲ့ " စစ်ခွေး စစ်စစ်ပါ လုံးဝရေအတု့အရောင်မပါဘူး...ကျွန်တော် လူတွေ သန်းပေါင်းများစွာရှိတဲ့ ကမ္ဘာကြီးမှာနေပါတယ်...လက်ရှိ လုပ်ဆောင်ချက်တွေက အားလုံးမြင်ကြတဲ့အတိုင်းပါပဲဗျာ...သာမာန်လူတန်းစား… Read More