Monday, January 31, 2022

ရင်ခုန်ခဲ့ကြ ထိုတည


         မနှစ်က ကျနော်တို့ D day မတိုင်မှီ ရင်တထိတ်ထိတ် နဲ့ ဖြစ်ခဲ့ကြတာ အားလုံးမှတ်မိကြအုံးမှာပါပဲ ။ အဲဒီ ကာလတွေကို ကျနော် သတိရလာတဲ့ အတွက် အခုပို့စ် လေး ရေးလိုက်ရတာပါ ။ 

        NLD မဲ မဟားဒရား ခိုးပြီး နိုင်ပါပြီ လုပ်နေကတည်းက အမျိုးသားရေး အုပ်စုကြီးရဲ့ ရင်ထဲမှာ ကြိမ်မီးအုံးထားသလို အပူလောင်ခဲ့ကြရပါပြီ ။ 

          စိတ်ဓာတ်ကျဆင်းပြီး အားလုံး စိတ်ဆင်းရဲနေချိန်မှာ ကျနော် နဲ့ အချို့ နိုင်ငံရေးလေ့လာသူတွေကတော့ တပ်မတော်ရဲ့ ဆန္ဒမဲပေးပွဲ အကြို ပြောကြားချက်များ ၊ မဲကာလအတွင်း မတော်မတရား ပြုကျင့် လိုသလိုဆွဲ အမိန့်တွေနဲ့ ဥပဒေဖောက်ဖျက်ထားတဲ့ NLD တို့ကြောင့် ဒီ မဲခိုး ရလာဒ်ကြောင့် နိုင်ငံရေး မုန်တိုင်း ထန်လာတော့မယ် ဆိုတာ တွက်ဆမိနေပါပြီ ။ 

       စိတ်ဆင်းရဲ နေ​ကြတဲ့ မိတ်ဆွေတွေကို အားပေးစကား ပြော​ကြားတင်ပြရင်း တိုက်ပွဲက ပြီးသွားတာ မဟုတ်ဖူး အခုမှ စမှာဆိုပြီး အားပေးပြောကြားခဲ့ရပါတယ် ။ 

       လိုင်းပေါ်မှာ ခြေ / ဥ တိုက်ပွဲတွေ ဆင်နွဲပြီး စိတ်ဓာတ်မြှင့်တင်ရေး ပို့စ်ပေါင်းများစွာ နဲ့ တိုက်ခိုက်ကြရပါတယ် ။ တပ်မတော် ရဲ့ အရေးပါတဲ့ အရာရှိကြီးများကလည်း တပ်မတော်ထောက်ခံသူတွေ အားတက်စေဖို့ သူတို့ တရားဝင်ပြောရန် ခက်ခဲတဲ့ သတင်းတွေကို တဖက်လှည့် နဲ့ ပေးခဲ့ကြပါတယ် ။

         ကျနော်တို့လည်း ရတတ်သမျှသော သတင်းမှန်တွေနဲ့ တပ်မတော်ရဲ့ ခြေလှမ်းတွေကို ကြိုတင် တင်ပြပေးခဲ့ပါတယ် ။ မှတ်မိသှိူပါလိမ့်မယ် တရုတ်နိုင်ငံခြားရေးဝန်ကြီး လာပြီးနောက် ရုရှားကာကွယ်ရေးဝန်ကြီး ထပ်လာလိမ့်မယ် ဆိုတာကို ကျနော် ဆယ်ရက်လောက် ကြိုပြီး ရေးပြကာ စိတ်ဓာတ်မြှင့်တင်ပေးခဲ့ပါတယ် ။ ဒီသတင်း ရေးတော့ ဘယ်ယုံမလဲလေ သို့သော် အမှန်တကယ်လာသွားတော့မှ ဘယ်လို သိလဲ ဖြစ်သွားကြပါတယ် ။ 

       နောက်ထပ် အာဏာထိမ်းဖို့ သေချာပါတယ် အချိန်စောင့်ပါအုံး ဆိုပြီး သောက များနေသူတွေကို '' စောင့်စမ်းပါအုံး ကြက်တိုက်တုန်း '' ဆိုပြီး ရမည်းသင်းစား မင်းကြီးသီလဝ နဲ့ ခိုင်းနှိုင်းပြီး ရေးခဲ့ပါတယ် ။ 

        နောက်တော့ အာဏာထိမ်းဖို့ ရာနှုံးပြည့်သေချာပြီဆိုတဲ့ သတင်းလည်း သိရရော ကိုမျိုးရေး ပေါ်တင် မရေးနဲ့အုံးနော် တဲ့ ။ ဒါနဲ့ ကျနော်လည်း အများကြီး မရေးတော့ဘူး ကျနော့်ဘဝမှာ အတိုတောင်းဆုံးပို့စ် '' 100 % Sure '' ဆိုပြီးပဲ သတင်းကောင်းကြိုပေးခဲ့ပါတယ် ။ 

        နောက်ရက်ကြတော့ ကိုမျိုးရေ အင်တာနက်ဖျက်မှာနော် မစိုးရိမ်နဲ့တဲ့ ။ ဒါနဲ့ သွယ်ဝှိုက်ပြီး ''အင်တာနက်တွေ ဖျက်ပြီဆိုရင် ခင်ဗျားတို့ ထ ကကြပေတော့'' ဆိုပြီး ထပ်ရေးလိုက်ပါတယ် ။

        ဖိုင်နယ်ညကိုတော့ ရင်တဖိုဖိုနဲ့ စောင့်နေရပြန်ပါတယ် ။ အကြောင်းတမျိုးမျိုးကြောင့် ပျက်ပြယ်သွားသော် ဆိုပြီးပေါ့လေ ။ ည ၁၀ နာရီလောက်မှာ မျှော်နေတဲ့ ဖုန်းဝင်လာပါပြီ ။

" ကိုမျိုးရေ ပွဲကတော့မယ် ဖိနပ်ကြိုးချည်နေပြီ ''

       တဲ့ ။ ကျနော်လည်း ဒီတော့မှ စိတ်ဒုံးဒုံးချပြီး အိပ်လိုက်ပါတယ် ။ ည ၁ နာရီမှာ တရေးနိုးတော့ လိုင်းဖွင့်ကြည်ပါတယ် ။ ကိုယ့် fri တွေ အားလုံး မီးစိမ်းလေးတွေ နဲ့ မအိပ်နိုင်ကြပဲ သတင်းကောင်း စောင့်နေကြလို့ 

"အိပ်ကြစမ်းပါ ပွဲကနေပါပြီ ''

      လို့ တင်ပေးခဲ့ပါတယ် ။ မနက်လင်းတော့ အင်တာနက်တွေ ဖုန်းလိုင်းတွေ ဖျက်ထားလေတော့ fri တွေ ပျော်ကြရပါပြီ ။ 

         ကျနော်အတွက်တော့ အဲဒီကာလတွေက ရေးခဲ့ရတဲ့ စိတ်ခွန်အားပေး ပို့စ် တွေအတွက် ပင်ပန်းရကျိုးနပ်ခဲ့ရပါပြီ ။ 

        မြန်မာ့တပ်မတော်ဟာ ပြည်သူတွေ အတွက် သူတို့အနေနဲ့ တိုက်ရိုက် ပြောပြရန် မသင့်တဲ့ အားတက်ဖွယ် သတင်းတွေကို တဖက်လှည့် နဲ့ ပေးခဲ့တာကို ကျနော် သဘောပေါက်ပြီး တပ်မတော်ကို ကျေးဇူးတင်ရပါတယ် ။ 

        ထိုကာလများက ကျနော့် သတင်းဦးတွေ မှန်တယ်ဆိုတာ တပ်မတော်က ပြည်သူတွေကို သတင်းကောင်း ပေးထားချင်လို့ တမင်ပို့ပေးနေလို့ပါပဲ ။ ဘာပဲ ပြောပြော ပြည်သူတွေ အတွက် သတင်းဦး သတင်းကောင်းလေးတွေ မျှဝေပေးနိုင်ခဲ့တဲ့ ထိုကာလရဲ့ တနှစ်မြောက်နေ့ကိုတော့ ကျနော်မေ့မရသလို fri တွေလည်း မေ့လို့ရမယ် မထင်ပါဘူး ဗျာ ။

        ကိုရွှေမျိုးဝင်း

(လက်ရှိအခြေအနေ ဘယ်လိုပဲ ဖြစ်နေပါစေအုံး တခါတရံ အတိတ်ကာလရဲ့ ပျော်စရာလေးတွေ နဲ့ စိတ်ဖြေပြီး နေတတ်ရင် ကျေနပ်စရာကောင်းပါတယ် ဗျာ)