Monday, January 31, 2022

ကလီကမာ သပိတ် နဲ့ တန်ပြန်ဗျူဟာ


        အချိန်အခါမဟုတ် နေ့လည်ရောက်မှ ကိုစိုးရောက်လာပြီး လက်ဖက်ရည်ဆိုင်အတင်းခေါ်လို့ လေလိုက်ကန်ရပြန်ပါတယ် ။ 

"ငမျိုးရေ မနက်ဖြန် Silent strike ပြဿနာကို မင်းဘယ်လို မြင်သလဲ ကွ ''

"ဘာက ဘယ်လို မြင်ရမှာလဲ ဗျ နစက အတွက် တကယ့် အကွက်ကောင်းပေါ့ လုပ်တတ်မယ်ဆိုရင် ငုပ်ကောင်တွေ တသီကြီး ဂုတ်ဆွဲထုတ်ဖို့ အခွင့်ကောင်းပေါ့ ဗျာ ''

"မင်းက ရန်သူကို လျှော့တွက်နေတာကိုး ကွ သူတို့ဗျူဟာသစ်က တမျိုးနော် အပေါ့မတွက်နဲ့ ''

"အင်း လုပ်စမ်းပါအုံး ဘာဗျူဟာလည်း ဗျ ''

"လူတွေက အပြင် မထွက်ဖူးတဲ့ စျေးသည်တွေက ဆိုင်ဖွင့်မယ် ပစ္စည်း မခင်းဘူး မရောင်းဘူး တဲ့ ဗျာ ''

"ပိုကောင်းတာပေါ့ ဗျ ဒါလေးများ လုပ်ချင် လွယ်လွယ်လေးပါ ထောက်ခံသူတွေ ပါဝက်ကူညီရင်ပေါ့ ''

"အင်း ဘယ်လိုရှင်းကြမလဲ ''

"ပထမဆုံး ဆိုင်ဖွင့်ပြီး စျေးမရောင်းဘူး ဆိုတဲ့ ဆိုင်တွေကို ဒေသခံတွေ သွားဝယ်ကြမယ် မရောင်းတာတို့ စျေးတွေ မတရားတင်ထားတာတို့ဆိုရင် သက်ဆိုင်ရာကို သတင်းပို့ကြမယ် ပြည်ထဲရေးက ချက်ခြင်းဖမ်း ဆိုင်ချိတ်ပိတ် လိုက် OK ပဲ ဘဏ္ဍာငွေတောင် မဟားဒရား တိုးလာအုံးမယ်လေ ''

"အင်း စျေးဆိုင်တွေက ထားပါကွာ အိမ်ထဲတင်နေတဲ့ လူတွေကရော ''

"သူ့ဘာသာ အိမ်ထဲနေတာ ဘာဖြစ်လည်း လမ်းပေါ်တောင် လူရှင်းသေးတယ် ခင်ဗျားကလည်း ''

"မဟုတ်ဖူးလေကွာ အာဏာအားပြိုင်ပွဲ ကာလအတွက် အရေးကြီးတယ်လို့ ယူဆလို့လေ''

"လုပိတတ်ရင် လွယ်လွယ်လေးပါ ဗျာ အိမ်ရှိလူကုန် ထွက်လာပါလိမ့်မယ် ''

"ဟေ မင်းပြောလိုက်ရင် ပေါ့ဆဆ နဲ့ ဘယ်လိုလုပ်အားလုံး ထွက်လာမလဲ ကွ ''

"ဒီလိုလေဗျာ NLD တောင် သူအာဏာရထားတုန်းက ကိုဗစ်အကြောင်းပြုပြီး မဟားဒရား ညစ်ပတ်သွားသေးတာပဲ အခုလည်း ကိုဗစ် အကြောင်းပြ ပြီး ညစ်လိုက် လွယ်လွယ်လေးပဲ ''

"ဟ ဘယ်လို ညစ်ရမှာလည်း ကွ''

"ကိုဗစ် ကာကွယ်ဆေး ထိုးပြီး မပြီး စစ်တမ်းကောက်မယ် ကျန်းမာရေး အမှန်တကယ် မကောင်းသူမှအပ ရပ်ကွက်ရုံးထဲကို လာပြီး အစစ်ခံရမယ် မလာရင် ကိုဗစ် ဥပဒေအရ တရားစွဲမည်ဆိုရင် ပွဲသိမ်းပဲ ''

"အေးဟ ဟုတ်သားပဲ မင်းက ကလိမ် ကကျစ် ဥာဏ်တော့ အတော်ထွက်တဲ့ကောင်ပဲ ဟ''

"အုပ်ချုပ်သူဆိုတာ ရန်သူဗျူဟာ မျိုးစုံကို တုန့်ပြန်ဖို့ တန်ပြန်ဗျူဟာ တွေကို အမြဲတမ်း ဆန်းသစ်နေရမယ် ဗျ ၁၈ ရာစု နည်းနဲ့ အုပ်ချုပ်နေရင် ရှေ့ရောက်တော့မှာ မဟုတ်ဖူးလေ ''

"အေး မင်းပြောတာလည်း ဟုတ်တာပဲ ကဲ စကားကပ်တာတော့ မဟုတ်ပါဘူး ကွာ သက်ဆိုင်ရာ ဒေသခံ ထွေအုပ် နဲ့ ရဲ တွေက ပြည်သူတွေ သတင်းပို့တာကို အရေးမယူခဲ့ရင်ကော ''

"အင်း သတင်းပို့တဲ့ ပြည်သူက အကင်းပါးဖို့ လိုမယ်ဗျ မိမိဘယ်အချိန်က သတင်းပို့ထားကြောင်း ၊ ဘယ်အချိန်ထိ အရေးယူမှု မပြုကြောင်း မှတ်တမ်းယူထားရမယ် ဒါဆို တချက်ခုတ် သုံးချက်ပြတ်''

"အင်း အရေးမယူတာ ဘယ်လို တချက်ခုတ် သုံးချက်ပြတ်လည်း ဟ ''

"ပြည်သူက သတင်းပေးတယ် ၊ ပြည်ထဲရေးက အရေးမယူဘူး ဆိုရင် PDF အားပေးသာမက နောက်ကွယ်က ဖရဲသီးပုပ်ပါ တခါတည်း ခွဲပစ်ဖို့ လွယ်သွားတာပေါ့ ဗျာ ''

"အေးကွ နစကသာ ဒီ အစီအစဥ်အတိုင်း လုပ်နိုင်မယ်ဆိုရင် ဒီ Silent strike လှုပ်ရှားမှု ဆိုတာ PDF တွေ ကိုယ်သေတွင်း ကိုယ့်ဘာသာ တူးမိရဲ့သား ဖြစ်ပြီပေါ့ ''

"ဒါပေါ့ဗျာ အဆိုးထဲက အကောင်းပြန်ရှာနိုင်ပြီး တန်ပြန်ဗျူဟာလှလှပပ ကစားနိုင်ရင် မကြာခင် တိုင်းပြည်အတွင်းက အပုပ်အပွတွေ ကင်းစင်သွားနိုင်ပါတယ် ဗျာ ကဲ ပြန်ကြစို့ဗျာ ''

"အေး ငါ့စိတ်ထဲ တနုံ့နုံ့ဖြစ်နေတဲ့ 
Silent strike ရဲ့ ဆိုင်ဖွင့်မယ်မရောင်းဘူးတို့ ၊ အိမ်ထဲပဲ နေမယ်ဆိုတဲ့ ကလီကမာသပိတ်ကို ဘယ်လိုရှင်းကြမလဲ တွေးမရလို့ အခုလို လာမေးတာကွ ​ကြိုက်တယ်ကွ မဖြစ်နိုင်စရာ မရှိဘူး လုပ်ရဲဖို့ပဲ အရေးကြီးတယ် ဟေ့''

       ကိုရွှေမျိုးဝင်း  

(ကိုယ်ရောက်နေတဲ့ နေရာ ဘာလုပ်ရမယ်ဆိုတာ မသိပဲ ကိုယ်လုပ်ချင်ရာ ကိုယ်လုပ်တတ်တာလေးပဲ လုပ်နေရင်ဖြင့် ငွေကုန်သံပြာပဲ အဘရေ)