Monday, January 31, 2022

မိတ္ထီလာမြို့တွင် တပ်မတော်ထောက်ခံပွဲကို၂ရက်ဆက်တိုက်ကျင်းပမည်


#NewsZone 
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့တွင် တပ်မတော်ထောက်ခံပွဲကို ဇန်နဝါရီလ ၃၁ ရက်နှင့်ဖေဖော်ဝါရီလ ၁ရက်နေ့တို့တွင် ၂ရက်ဆက်တိုက်ကျင်းပသွားမည်ဟုသိရသည်။

ဇန်နဝါရီလ ၃၁ရက်နေ့တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် မြန်မာတပ်မတော်ထောက်ခံပွဲအမည်ဖြင့် စီတန်းလှည့်လည်သွားမှာဖြစ်ပြီး မိတ္ထီလာမြို့ ရတနာမာရ်အောင်ရပ်ကွက် အမှတ်၉၆၇ ထောက်ပံံ့ရေးနှင့်ပို့ဆောင်ရေးတပ်ရှေ့မှ ခရိုင်အားကစားကွင်းလမ်းအတိုင်း ခရိုင်ဘောလုံးကွင်းကိုချီတက်ကာကြွေးကြော်သံဟစ်ကြွေးခြင်းနှင့် ဟောပြောမှုများပါဝင်မည်ဟုသိရသည်။

ဒါ့အပြင် ဖေဖော်ဝါရီလ ၁ရက်နေ့တွင်လည်း မိတ္ထီလာမြို့ဝန်ဇင်းကန်ဘောင်မှနာရီစင်၊ထိုမှတဆင့် ရန်ကုန်-မန္တလေးကားလမ်းအတိုင်းမြို့တွင်းချီတက်ကာ ဟောပြောပွဲများကျင်းပသွားမည်ဟုသိရသည်။

အဆိုပါထောက်ခံပွဲများပြုလုပ်ရန် မြို့နယ်ရဲတပ်ဖွဲ့မှူးထံကြိုတင် တင်ပြခွင့်ပြုချက်ရယူကာဆောင်ရွက်သွားမည်ဟုဦးဆောင်သူတစ်ဦးကပြောသည်။ဖေဖော်ဝါရီလ ၁ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးတွင်လည်း တပ်မတော်ထောက်ခံသူများက ထောက်ခံချီတက်ပွဲပြုလုပ်သွားရန်ရှိကြောင်းသိရသည်။

Credit