Monday, January 31, 2022

အလား အလာ နဲ့ အရွေ့


           ကျနော်တို့တတွေ စိတ်ပျက်လက်ပျက်နဲ့ နစက ကို ဝေဖန်ခဲ့ကြတာ အတော်ကြာခဲ့ပါပြီ ။ ဒီလိုပြည်သူ့အသံတွေကို နားစွင့်ပြီး နစကအနေနဲ့ လိုက်လံဆောင်ရွက်ပေးကြတာတွေ ရှိသလို ဆောင်ရွက်ပေးခြင်း မရှိတဲ့ ကိစ္စများလည်း ရှိနေခဲ့ပါတယ် ။ 

        သတိထားမိတာက ပထမဆုံး ၅၀၅ တွေ ဦးရေ ၅၀၀၀ ကျော် ဖြေလျော့ပေးလိုက်ချိန်မှာ ပြည်သူတွေရဲ့ ကန့်ကွက်သံ သောသောညံခဲ့ရပါတယ် ။ 

       နောက်မကြာဖူး ဒေါ်စုကြည်ကို ပြစ်ဒဏ်ထက်ဝက်လျော့ပြီး ထောင်ထဲမပို့ပဲ နေအိမ်အကျယ်ချုပ် လုပ်လိုက်ချိန်မှာတော့ တပ်ချုပ်ကြီးကို သြဘာပေး ဂုဏ်ပြုသူ မတွေ့ရတော့ပဲ ဆန့်ကျင်သူတွေက ငကြောက်ကြီး လို့ ယူဆကြပြီး ထောက်ခံသူတွေက သူနာမည်ကောင်းရဖို့ ဒီလိုပြုလုပ်တယ်ဆိုပြီး ရှုံ့ချကြပါတော့တယ် ။ 

       ဒီဖြေလျော့မှုတွေ အပြီးမှာ န PDF တို့ရဲ့ အကြမ်းဖက် အသတ်ရတဲ့ ကိန်းဂဏန်း ဆပွားတို့လာရပါတယ် ။ နစက ကြောက်နေပြီ မဖမ်းရဲဘူး ၊ ထောင်ထဲမပို့ရဲဘူး ဆိုတဲ့ သွေထိုးမြှောက်ပင့်စကားတွေကြောင့် ဖြစ်ခဲ့ရတာပါပဲ ။ 

        အဲဒီလို ဖြစ်လေ တပ်ချုပ်ကြီးကို မေတ္တာပို့လေ ဖြစ်လာပါတယ် ။ နောက် အနုပညာရှင်တွေကို တိုက်ဆိုင်စွာပဲ လွတ်လပ်ရေးနေ့ အမှီ ပြစ်ဒဏ်တွေ စုပြုံချပစ်လိုက်ပါတယ် ။ နီပိတ်မဟုတ်တဲ့ ပြည်သူတွေက အကွက်မြင်နေလေတော့ ကြိုတင် ဆဲဆို အကဲခတ်ရင်း လွတ်ငြိမ်းချမ်းသာကို ကန့်ကွက်ဖို့ အတိတ်စိမ်းပေးနေပါပြီ ။ 

        တပ်ချုပ်ကြီးလည်း ထောက်ခံသူတွေရဲ့ ဆန့်ကျင်အားကြောင့်လား မသိဘူး ဒီတကြိမ်တော့ လွတ်ငြိမ်းမပေးတော့ပါဘူး ။ 

       နောက်တခါ ဘွားတော်ကို ပြစ်ဒဏ်ထပ်ချလိုက်ပါတယ် ။ ပြည်သူတွေက တပ်ချုပ်ကြီး ဒစ်စကောင့်ချရင် အတွေ့ပဲ ဆိုပြီး ပို့စ် တွေ မြိုင်မြိုင်ဆိုင်ဆိုင် နဲ့ ဝေဖန်ထားတော့ ဒီတခါ ဒစ်စကောင့် မချပြန်ပါဘူး ။ 

        PDF ခေါင်းကြီးပိုင်း ဇေယျာသော် နဲ့ ဂျင်မီကို သေဒဏ်ပေးလိုက်တယ် ။ တခါသေဖူး ပျဉ်ဖိုးနားလည်နေတဲ့ ပြည်သူတွေက သေဒဏ်ကို ဟာသ လုပ်နေကြတာ နှစ်ဖက်လုံးပါပဲ ။ ဒါဟာ အစိုးရ အတွက် စိုးရိမ်စရာကောင်းတဲ့ အမြင်ပါပဲ ။ မယုံကြည်ရတဲ့ အစိုးရဆိုတဲ့ အမြင်တခုသည် နစကအတွက် တွေးကြည့်ရင် ကြောက်စရာပါပဲ ။ 

     ဘာပဲပြောပြော ပြည်သူတွေက မယုံကြည်သေးတာ သေချာပ တယ် ။ သောင်းကျန်းသူနှိမ်နင်းရေး ကိစ္စ မပြတ်မသား ပြောနေတာတွေ ၊ အနုပညာရှင်တွေ ဖြေလျော့ပေးဖို့ စကားဦး သန်းနေတာတွေကြောင့် စောင့်ကြည့်နေရဆဲပါပဲ ။

        မကြာသေးခင်က ဆိုင်ပိတ် အပြင်မထွက် သပိတ်လုပ်ဖို့ လှုံ့ဆော်လာပါတယ် ။ ပထမတကြိမ်တုန်းက ဥပေက္ခာပြုထားလို့ ဝေဖန်ခြင်း ပြင်းစွာ ခံထားရတဲ့ နစက အနေနဲ့ ဒီတကြိမ်မှာတော့ လက်ဦးမှု ယူပြီး PDF အမာခံ ဆိုင်တွေကို ဖမ်းဆီး ချိပ်ပိတ်လုပ်လိုက်ပါတယ် ။ 

        လေထဲက မြှောက်ပေးသူတွေလည်း တကယ်လုပ်တော့ ရူးကြောင်ကြောင် ဖြစ်ကုန်ရပါတယ် ။ 

     ယခုတဖန် အကျဉ်းထောင်တွေထဲက ကြိုးစင်တွေကို သန့်ရှင်းရေးလုပ်ပြီး ကြိုးပေးနိုင်အောင် ပြန်လည် ပြုပြင်မွမ်းမံနေကြောင်း သတင်းတွေ ထွက်လာပြန်ပါပြီ ။ 

         ဇောင်းထနေတဲ့ မကွေး စစ်ကိုင်း ကယား နဲ့ ချင်း ရှိ PDF တွေရဲ့ ငိုချင်းချသံတွေ ကျယ်လာပါပြီ ။ တောထဲမှာ ခွေးပြေး ဝက်ပြေး ပြေးလွှားသေကြေနေကြရပြီး မြို့ပေါ်မှာလည်း ကားသံကြားကြောက်ရ ၊ ခွေးဟောင်သံကြား ကြောက်ရ နဲ့ နောက်ဆုံး ဘောင်းဘီရှည် နဲ့ ယူနီဖောင်းဝတ်ထားရင် မီးသတ် နဲ့ စည်ပင်တောင် မော်မကြည့်ရဲတဲ့ အခြေအနေထိ ရောက်လာပါပြီ ။

        အခြေအနေက အကောင်းဖက်ဆီိသို့ အများကြီး ပြောင်းလာပါပြီ ။ အရေးကြီးတဲ့ ဖရဲသီးတွေ နွားကျွေးနိုင်ရင် ကိစ္စပြတ်ပါပြီ ။ 

       ဖရဲသီး ကိစ္စတွေကို သတင်းပေးလာကြပါတယ် ။ မြို့အမည် လူအမည် မပြောရဲကပဲ သတင်းပေးနေတော့ ကျနော်တို့က ထပ်ဆင့် သတင်းပေးပို့ဖို့ ခက်လှပါတယ် ။ 

      ခိုင်လုံတိကျတဲ့ သတင်းမျိုးမှသာ အဆင်ပြေပါလိမ့်မယ် ။ ငတင်းမှန် မမှန်လည်း ကျနော်တို့က တတ်နိုင်သလောက် စုံစမ်းရပါသေးတယ် ။ မဟုတ်ရင် ကာယကံရှင် နစ်နာမှာစိုးရပါတယ် ။ ဒါကြောင့် ဇဝေဇဝါ သတင်းတွေ မပို့ပေးပါဘူး ။ 

      နောက်ပြီး fb တင်ပြီးတဲ့ သတင်းလည်း မပို့ပေးပါဘူး ။ သတင်းဆိုတာ ကြွားဝါဖို့ လူသိများဖို့ မဟုတ်ပါဘူး ။ ထိရောက်စွာ ဖမ်းဆီးအရေးယူနိုင်ဖို့ အဓိက ကျပါတယ် ။ ကျနော်တို့ကြောင့် ဖမ်းဆီးရမိမှုတွေအပေါ် တခါမျှ ပို့စ် မတင်ဖူးပါဘူး ။ သတင်းဇစ်မြစ်အတွက် လုံခြုံရေးကိစ္စက အရေးကြီးပါတယ် ။ 

        ပြောချင်တာက နစက ရဲ့ ယခုရက်ပိုင်း လှုပ်ရှားမှုများအပေါ် အားရကျေနပ်မိပါတယ် ။ ဒီပုံစံအတိုင်း ဆက်လက်ဆောင်ရွက်မယ်လို့လဲ ယုံကြည်မိပါတယ် ။ ပြည်သူများ အနေနဲ့ မိမိဝန်ကျင်ရှိ PDF သတင်းများ နဲ့ ဌာနတွင်း ဖရဲသီးများ အကြောင်း အထောက်အထားခိုင်လုံစွာ နဲ့ မကြောက်မရွံ့ ဖော်ထုတ်ရင်ဖြင့် မကြာမှီ ငြိမ်းချမ်းလိမ့်မယ်လို့ ယုံကြည်မိပါတယ် ။ 

       ကိုရွှေမျိုးဝင်း

မှတ်ချက် ။ ။ ကျနော်တို့ စိုးရိမ်နေကြတဲ့ PR စနစ် နဲ့ လူမျိုးခြား ပြဿနာ အတွက် စိတ်အေးလက်အေး ဖြစ်စေဖို့ စီမံထားတယ်လို့ သတင်းအစအန ရထားပါပြီ ဘယ်လိုစီမံထားသလဲ ဆိုတာကတော့ မသိသင့်သေးတဲ့ ကာလမို့ စိတ်အေးအေးထားနိုင်ပါပြီလို့သာ သတင်းကောင်း ပါးထားချင်ပါတယ် ။