Monday, January 31, 2022

အထိတ်တလန့်ဖြစ်အောင် မဖန်တီးဖို့ အမေရိကန်နဲ့အနောက်အုပ်စုနိုင်ငံတွေကို ယူကရိန်းသမ္မတ တိုက်တွန်း


ဂျန်ဇက်(NP News) - ဇန်နဝါရီ ၂၉

ယူကရိန်းသမ္မတ ဇီလန်စကီးက အ
မေရိကန်အပါ အဝင် အနောက်အုပ်
စုနိုင်ငံတွေအနေနဲ့ ထိပ်လန့်ကြောက်ရွှံမှုတွေဖြစ်အောင် မဖန်တီးစေလိုကြောင်း တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

ယူကရိန်းနယ်စပ်အနီးမှာ ရုရှားတပ်ဖွဲ့ဝင်တွေ စစ်ရေးတည်ဆောက်မှုတွေ လုပ်နေချိန်မှာ ယူကရိန်းသမ္မတက အခုလိုမျိုးပြောဆိုလိုက်တာဖြစ်ပါတယ်။သမ္မတ ဇီလန်စကီးဟာ ပြီးခဲ့တဲ့ရက်ပိုင်းက အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နဲ့တွေ့ဆုံဆွေးနွေးချိန်အတွင်း ပြောဆိုသွားခဲ့တာဖြစ်တယ်လို့ ယူကရိန်းအစိုးရအဖွဲ့အကြီးတန်းအရာရှိတစ်ဦးကပြောပါတယ်။ ယူကရိန်းနိုင်ငံအပေါ် ရုရှားတပ်ဖွဲ့တွေ ကျူးကျော်ဝင်ရောက်တော့မယ်လို့ သတိပေးမှုမျိုးတွေက ယူကရိန်းရဲ့စီး ပွားရေးအခြေနေ စိုးရိမ်မှုမြင့်တက်အောင်နဲ့ အန္တရာယ်ဖြစ်အောင်လုပ်ဆောင်နေခြင်းဖြစ်တယ်လို့ ယူကရိန်းသမ္မတကဆိုပါတယ်။

အမေရိကန်နဲ့ အနောက်အုပ်စုနိုင်ငံတွေက ယူကရိန်းကို ရုရှားတပ်ဖွဲ့ဝင်တွေ ကျူးကျော်တိုက်ခိုက်မယ်လို့ စွပ်စွဲပြောဆိုထားပေမယ့် ရုရှားက အဲဒီစွပ်စွဲချက်တွေကို ငြင်းဆန်ထားပြီး ရုရှားနိုင်ငံခြားရေးဝန်ကြီးကလည်း ယူကရိန်းနဲ့စစ်ဖြစ်ဖို့ မလိုလားဘူးလို့ ဇန်နဝါရီ လ ၂၈ ရက်က ထုတ်ဖော်ပြောဆိုထားပါတယ်။ ယူက ရိန်းနယ်စပ်နားကို ရုရှားက တပ်ဖွဲ့ဝင်ပေါင်း သိန်းချီ
စေလွှတ်ချထားပေမယ့် ယူကရိန်းသမ္မတကတော့ပြီးခဲ့တဲ့နွေဦးကာတုန်းကချထားတာနဲ့နှိုင်းယှဉ်ရင် ကြီး မားတဲ့ ခြိမ်းခြောက်မှုအဖြစ် ရှုမြင်ခြင်းမရှိဘူးလို့သတင်းတွေကဆိုပါတယ်။

ယူကရိန်းသမ္မတက"နိုင်ငံခေါင်းဆောင်အချို့က အ ချက်ပြပြောဆိုတာတွေရှိခဲ့တယ်။ ယူကရိန်းနိုင်ငံမှာ မနက်ဖြန်ပဲ စစ်ဖြစ်တော့ဆိုတဲ့ ပုံစံမျိုးတွေပြောခဲ့တယ်။ ဒါဟာ အထိတ်တလန့်နဲ့တုန်လှုပ်ခြောက်ခြားစေတယ်။နိုင်ငံအတွင်းအခြေနေတွေ မတည်ငြိမ်မှုတွေက ယူကရိန်းနိုင်ငံအပေါ် ကြီးမားတဲ့ ခြိမ်း ခြောက်မှုတွေဖြစ်စေတယ်"လို့ပြောပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ရုရှားတပ်ဖွဲ့တွေဟာလာမယ့်လအတွင်း ယူကရိန်းနိုင်ငံအပေါ် ကျူး ကျော်တိုက်ခိုက်ဖွယ်ရှိတယ်လို့ မကြာသေးမီက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

#NPnews