Monday, January 24, 2022

တပ်မတော်ကိုမုန်း၍ ဒီမိုကရေစီ မရနိုင်


အမေရိကန်စစ်တပ်က
သမ္မတရဲ့လက်အောက်မှာရှိတယ်ဆို
လို့ သွားအားမကျနဲ့ သမ္မတကထောင်
ထွက်pနိုင်ငံအုပ်ချုပ်နေတာ မဟုတ်
ဘူး.....။

စစ်ရေးမှာ ကာချုပ်တစ်ယောက်လောက်
ဖြတ်ထိုးဥာဏ်မျိုး အတွေ့အကြုံမျိုးတွေ
သူ့မှာရှိတယ် စစ်တပ်ရဲ့လိုအပ်တာတွေကို
ကိုယ်တိုင်ဖြည့်တင်းပေးတယ်.......။

တိုက်လေယာဉ်တွေ ကိုယ်တိုင်မောင်းတယ်
စစ်တပ်ရဲ့ဘတ်ဂျတ်ကို ကမ္ဘာအမြင့်ဆုံးထိ
ဖြည့်တင်းပေးထားတာ မင်းကြားဖူးတယ်မလား
စစ်သားတစ်ယောက်ရဲ့ စျာပနကို
သမ္မတကိုယ်တိုင်လာပြီ အလေးပြုတာ
မြင်တယ်မလား.......။

မြန်မာပြည်မှာ မင်းကြာဘူးလား
စစ်တပ်တစ်တပ်မှာရှိသင့်တဲ့ လက်နက်တွေ
သမ္မတက ဝယ်ပေးတာ
အဲ့သတင်းမျိုး မင်းဖတ်ဘူးလား........။

သမ္မတက တိုက်လေယာဉ်မောင်းတဲ့
ဗီဒီယိုမျိုး မင်းကြည့်ဖူးလား
ရေငုတ်သဘောင်္ကြီး သမ္မတဝယ်ပေးလို့
တပ်တော်ဝင်လာတာ မင်းတွေ့ဖူးလား
စစ်သားတစ်ယောက်ရဲ့စျာပနကို လာဖို့ထက်
သူပုန်အယောက် ၁၀၀ ကျဆုံးသွားလို့
ဝမ်းနည်းကြောင်း သဝဏ်လွှာပဲ
ပို့တဲ့စာပဲ မင်းတို့ မြင်ဖူးတာမလား......။

စစ်အစိုးရခေတ်မှာ ဦးသန်းရွှေ ခိုးတယ်
ခိုးတယ်နဲ့ပဲပြောနေတယ်
မင်းတို့က ခိုးတာပဲ မြင်ခဲ့တာ
အာဆီယံ(၁၁)နိုင်ငံမှာ
စစ်တပ်က အဆင့်(၅)နေရာမှာ ရပ်တည်နိုင်အောင်
ကမ္ဘာ့နိုင်ငံအလယ်မှာ
စစ်တပ်ကအဆင့်(၃၅)မှာ ရပ်တည်နိုင်အောင်
ဦးသန်းရွှေ လုပ်ပေးခဲ့တယ်.........။

အဓိပ္ပါယ်မရှိ သမ္မတက လုပ်ပေးတာလို့
ပြောအုံးမလို့လား

မယ်မယ်ကြီးကြောင့် နိုင်ငံတကာက
ထောက်ပံ့တာပါလို့
စာဖွဲ့အုံးမလို့လား

အဓိပါယ်မရှိတာတေ ပြောနေတာတွေ ရပ်လိုက်တော့
အနောက်တံခါးလည်း ပွင့်နေပြီ
ငြိမ်းချမ်းရေးစားပွဲဝိုင်းပေါ်က
လက်ဖက်ရည်တွေလည်း အေးကုန်ပြီ
လူမျိုးဆိုလည်း ကွယ်ပျောက်လုနေပြီ
ဓမ္မဆိုတဲ့အရာကလည်း
အောက်ဆုံးကို ထိုးဆင်းနေပြီ.......။

§ဖောင်းထုနေတာတွေ ရပ်လိုက်ကြအောင်
မြန်မာပြည်ကြီးတည်တံ့ဖို့
ဘာသာတရားတွေ မကွယ်ပျောက်ဖို့
လူမျိုးဆိုတာတွေ မတုံးဖို့.
လက်သန်တွေက အဖိုးတန်ဖို့ လိုအပ်တယ်
ချီးခြောက် ရေနူးမနေကြနဲ့တော့

မိတ်ဆွေတို့...

Credit