Wednesday, January 26, 2022

ကယားပြည်နယ်အတွင်း PDF အမည်ခံအကြမ်းဖက်သမားများကို ထောက်ပံ့ရန် စီစဉ်ထားသည့် လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများအား တွေ့ရှိ သိမ်းဆည်း ရမိ


နေပြည်တော်၊ဇန်နဝါရီ - ၂၅ 
 
အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် NUG ၊CRPH နှင့် PDF အမည်ခံ အကြမ်းဖက်သမားများသည် အချို့မြို့ကြီးများ၌ အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန် လျက်ရှိပြီး ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်အတွင်း၌လည်း အများပြည်သူ တို့အသုံး ပြုလျက်ရှိသည့် လေဆိပ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ လွိုင်ကော် အကျဉ်းဦးစီးဌာန၊ အကျဉ်းထောင်သို့ လာရောက်နှောင့်ယှက်ပစ်ခတ်ခြင်း၊ မြို့နေပြည်သူ လူထုကို လူသားတံတိုင်းအဖြစ် အကာအကွယ်ပြု၍ ပစ်ခတ်တိုက်ခိုက်ခြင်းအပါအဝင် အခြားအကြမ်းဖက်မှုလုပ်ရပ်များကို လုပ်ဆောင်လျက်ရှိသောကြောင့် လုံခြုံရေး တပ်ဖွဲ့ ဝင်များအနေဖြင့် ကယားပြည်နယ်အတွင်း လိုအပ်သည့် လုံခြုံရေးနှင့် နယ်မြေစိုးမိုးရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
 
ထိုသို့ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၂၄ ရက် မွန်းလွဲ ၃ နာရီခန့်တွင် လွိုင်ကော် မြို့နယ်၊ ဘာဒိုကျေးရွာ အဆောက်အဦ ၁ လုံးအတွင်းမှ ပြည်ထဲရေး ဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့တွင် တရားဝင် မှတ်ပုံတင်ထားခြင်းမရှိသည့် အသင်းအဖွဲ့ ဆိုင်းဘုတ်ဖြစ်သော (AVSI) People For Development ကို မသင်္ကာဖွယ်တွေ့ရှိရသဖြင့် ဝင်ရောက်စစ်ဆေးခဲ့ရာ လက်ဆွဲအိတ် ၁၂၀ လုံး၊ ခေါက်ဆွဲထုတ် ၁၉၅၀ ထုပ်၊ ကွေကာအုပ် ၁၂၀ ထုပ်၊ အသားဘူးမျိုးစုံ ၇၆၀ ဘူး၊ ဆီ ၅၅၀ ဘူး၊ စောင် ၁၀၀ ထည်နှင့် ကုလားပဲ၊ ဆပ်ပြာမှုန့်၊ ဆပ်ပြာခဲ အစရှိသည့် လူသုံး ကုန်ပစ္စည်းမျိုးစုံကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။ 
 
အဆိုပါ ပစ္စည်းများနှင့် ပတ်သက်၍ စိစစ်ချက်များအရ အကြမ်းဖက်လုပ်ရပ်များ ကို လုပ်ဆောင်လျက်ရှိသည့် PDF အမည်ခံအကြမ်းဖက်သမားများကို ထောက်ပံ့ရန် လုပ်ဆောင်ထားခြင်းဖြစ်ကြောင်း စိစစ်သိရှိရပြီး တည်ဆဲဉပဒေများနှင့်အညီ လိုအပ်သလို အရေးယူဆောင်ရွက်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
 
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ကယားပြည်နယ်အတွင်း နယ်မြေတည်ငြိမ်အေး ချမ်းရေးအတွက် လုံခြုံရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ဒေသခံ ပြည်သူလူထုများအနေဖြင့် မိမိတို့၏ ပတ်ဝန်းကျင်၌ အကြမ်းဖက်မှုများ ပြုလုပ်ရန် ကြံစည်နေမှုများ၊ အကြမ်းဖက်မှုများကို လုပ်ဆောင်ရန် တစ်နည်းနည်းဖြင့် အားပေး အားမြှောက်မှုများ ပြုလုပ်လျက်ရှိသည်ကို တွေ့ရှိရပါက လျှို့ဝှက်စွာ ဆက်သွယ်သတင်း ပေးပို့နိုင်ကြောင်းနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင် များနှင့် ပူးပေါင်းဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံသတင်းထုတ်ပြန်အပ်ပါသည်။

#သတင်းစဥ်

Related Posts:

  • ခင်ဦးမြိုနယ်၌ အစစ်ဆေးမခံဘဲ ထွက်ပြေးသည့် အကြမ်းဖက်သမား ၃ ဦးသေဆုံးပြီး လက်နက်နှင့် ဖောက်ခွဲရေးပစ္စည်းအချို သိမ်းဆည်းရမိMHT News (Oct- 4)စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြိုနယ်၊ ပျဉ်ထောင်ကျေးရွာအနီးတွင် အောက်တိုဘာ ၃ ရက်၊ ည ၇ နာရီခွဲအချိန်ခန့်က လုံခြုံရေးတပ်ဖွဲဝင်များမှ ကင်းပုန်းဝပ်ဆောင်ရွက်နေစဉ် ကင်းပစ်ကျေးရွာဘက်မှ ရောက်ရှိလာသော အကြမ်းဖက်အုပ်စု P… Read More
  • ဖရဲသီး (၇) မျိုး 🍉(၁) မေမေပြန်လာမှလုပ်မယ် ငတ်ရင်ငတ်ပလေ့စေ CDMလုပ်နေတဲ့ (ခေါင်းမာ ဖရဲသီး)(၂) ခိုင်းတာတော့လုပ်မယ် ပေးတဲ့လစာလဲယူမယ် ဘယ်အစိုးရမှမဆန့်ကျင်ဘူး ဒါမဲ့ မေမေမှ မေမေပဲ (ရေလိုက်ငါးလိုက် ဖရဲသီး)(၃) ခိုင်းတာလဲမလုပ်ချင်လုပ်ချင် လုပ်မယ် ပေးတဲ့… Read More
  • ~~~ပေါ်ခြင်ရာပေါ် ဖော်ပီ~    မန်း တက္ကသိုလ်  က cdm   လုပ်ကြတဲ့  ပါခ  တေ  သရုပ်ပြ   တေ  ကျူတာ  တေ  ကို  ဆွဲစိလိုက်ပီးရင်  ဘဏ်အကောင့်ကိုစစ်လိုက်ဒီရက်ပိုင်း  အတွင်းမှာ   ၀ယ်ထားတဲ့ရွှေ  နဲ့  ဒေါ်လာ   စာ ရင်းကိုစစ်လိုက်     သေချာတယ်အဲဒီငွေရဲ့  အရင်းအမြစ် … Read More
  • 🌼ကိုယ့်အလိုမကျရင် ဘုရားကိုတောင် ဆဲသေးတာပဲ။🌼သူခိုးက ည လင်းအားကြီးလို့ လ ကို ဆဲ။နေ့ အလုပ်လုပ်သူက နေ ပူလွန်းလို့ နေကို ဆဲ။🌼သူ့ဘာသာ နေတဲ့ လတို့ နေတို့ မြေကြီးတို့တောင် အဆဲခံရသေးတာပဲ။🌼ဘာမဟုတ်တဲ့ သူတွေက ဘယ်လောက်ဆဲဆဲ နေလို လလို မြေကြီးလို ဘာမှ မတုန့်ပြန်ဘဲ နေလိုက်ကြပါ။🌼… Read More
  • Facebook 6 နာရီကြာ ပျက်သွားလို့Mark Zuckerberg (ခ) မိဇူ/ တရုတ်မလင်ဟာUS Dollar 7 Billion(ဘီလီယံ) ဆုံးရှူံးသွားရပါတယ်။တစ်မိနစ်ကို ပျမ်းမျှ သန်း ၂၀လောက် ဆုံးရှုံးတာဖြစ်ပါတယ်။7 Billion ဆိုတာ သန်း ၇၀၀၀ ဖြစ်ပါတယ်။Facebook Instagram WhatsApp သုံးခုလုံး နာရီအတော်က… Read More