Tuesday, January 25, 2022

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ မနက်ဖြန်မှာ အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးမယ်


မိုးတိမ် (NP News) -ဇန်နဝါရီ ၂၅

ကမ္ဘောဒီယားဝန်ကြီးချုပ် ဟွန်ဆန်နဲ့ 
မြန်မာ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး 
မင်းအောင်လှိုင်တို့ဟာ ဇန်နဝါရီ(၂၆)
ရက် ဗုဒ္ဓဟူးနေ့မှာ ဗီဒီယို Call နဲ့ 
တွေ့ဆုံဆွေးနွေးမှု လုပ်ဆောင်သွား
တော့မှာဖြစ်တယ်လို့ စီအန်အေက 
ရေးသား ဖော်ပြလိုက်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ကမ္ဘောဒီယားဝန်ကြီးချုပ် ဟွန်ဆန်တို့ရဲ့အွန်လိုင်းကနေ တွေ့ဆုံစကားပြောမယ့် အစီအစဉ်ဟာ အဓိကအကြောင်းအရာအဖြစ် အာဆီယံထိပ်သီးအစည်းအဝေးတွေကို မြန်မာက အစိုးရခေါင်းဆောင်တွေ တက်ရောက်ခွင့်နဲ့ သက်ဆိုင်တယ်လို့လည်း သိရပါတယ်။ အထူးသဖြင့် ကမ္ဘောဒီးယားဝန်ကြီးချုပ်က အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ထမ်းဆောင်စဉ်အတွင်းမှာ အိမ်ရှင်ကောင်းပီသစွာနဲ့ မြန်မာခေါင်းဆောင်ကို ဖိတ်ကြားဖို့ ပြင်ဆင်ဆုံးဖြတ်ထားပေမယ့် အာဆီယံဒေသတွင်းနိုင်ငံတွေထဲက မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူလိုနိုင်ငံတွေက ကန့်ကွက်မှုတွေ လုပ်ဆောင်နေတဲ့အတွက် ကမ္ဘောဒီးယားဝန်ကြီးချုပ်ကိုယ်တိုင် စဉ်းစားဆုံးဖြတ်ရတာ ခက်ခဲလာတဲ့သဘောမျိုးလည်း ဖြစ်ပါတယ်။ ဒါကြောင့် နှစ်ဦးသား အွန်လိုင်းကနေ တွေ့ဆုံစကားပြောပြီး ခိုင်မာတဲ့ကတိကဝတ်တွေတည်ဆောက်ဖို့ ရည်ရွယ်ထားပုံ ရပါတယ်။ စင်ကာပူသတင်းဌာန စီအန်အေရဲ့ဖော်ပြချက်မှာတော့ မြန်မာ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ လူချင်းတွေ့ဆုံထားပြီးသည့်တိုင် နောက်ထပ်တစ်ခေါက်အဖြစ် အွန်လိုင်းကနေ ဗီဒီယို Call ပြောသွားမယ်လို့ ဟွန်ဆန်ကိုယ်တိုင်က ထပ်လောင်း အသိပေးလိုက်တာဖြစ်ပါတယ်။ “ အာဆီယံထိပ်သီးအစည်းအဝေးတွေကို တက်ဖို့အတွက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖိတ်ကြားဖို့ ကိစ္စမှာ ဟွန်ဆန်ဘက်က ဆန္ဒရှိနေတယ်။ ဒါပေမဲ့ အာဆီယံဘုံသဘောတူညီချက် ငါးချက်ကို တိုးတက်မှုရှိအောင်လုပ်ဆောင်ပေးဖို့ လိုအပ်တယ်ဆိုတာကို သူနားလည်သဘောတူထားတယ် ” လို့ မလေးရှားဝန်ကြီးချုပ်နဲ့ ဇန်နဝါရီ ၂၅ ရက်က ဗီဒီယို Call တွေ့ဆုံဆွေးနွေးမှုမှာ ထည့်သွင်းပြောကြားထားပါတယ်။ မြန်မာဘက်ကသာ အာဆီယံဘုံသဘောတူညီချက် ငါးချက်ကို တိုးတက်ဖြစ်ထွန်းမှု မပြသနိုင်ခဲ့ရင် နိုင်ငံရေးနဲ့ မဆိုင်တဲ့ ကိုယ်စားလှယ်တစ်ဦးကိုသာ တက်ခွင့်ပေးမယ်လို့ သဘောထားရှိကြောင်းလည်း ဆိုပါတယ်။ အထူးသဖြင့် အာဆီယံနိုင်ငံအချို့က အသည်းအသန် မရမက ကန့်ကွက်နေမှုတွေဟာ သံတမန်နိုင်ငံရေးမှာ ရုပ်ထွက်မကောင်းလှတာကြောင့် ကမ္ဘောဒီးယားဘက်ကလည်း သတိထားကိုင်တွယ်နေတဲ့ သဘောမျိုးဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။

မလေးရှားဝန်ကြီးချုပ် အစ္စမေး ဆာဘရီ ယာကော့ဗ်ကတော့ ဟွန်ဆန်နဲ့ တွေ့ဆုံဆွေးနွေးစဉ်မှာ ကမ္ဘောဒီးယားကို ကိုယ်တိုင်အလည်အပတ်လာရောက်မယ့်အကြောင်း ထည့်သွင်းပြောကြားခဲ့သလို မြန်မာကို အာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်ခွင့်အတွက် ဆန့်ကျင်တဲ့ဘက်မှာသာ ရှိတဲ့အကြောင်း အတိအလင်းပြောကြားထားတယ်လို့ သိရပါတယ်။

#NPnews

Related Posts:

  • ခေါင်းထိပ်ကဟာ ဘာကြီးလဲတဲ့မြန်မာမှာတော့ ယခင်က Special Security Force (SSF) တွေမှသာ တွင်တွင်ကျယ်ကျယ် အသုံးပြုလေ့ရှိတဲ့ GoPro လို့ခေါ်တဲ့ Helmet Mounted Camera မှတ်တမ်းတင် ကင်မရာပါ။ မန္တလေး လ္ဖက်ရည်ဆိုင်ဝင်စီးတဲ့ဖြစ်စဉ်မှာလည်း တပ်ဖွဲ့ဝင်အချို့ အသုံးပြုသ… Read More
  • ***အနီပိန်း&အစိမ်းပိန်း***    ...:::::....::::::::::::::::::::::::::::::....:::➡အနီပိန်းက ရှင်းတယ် သူနဲ့မတူအားလုံးသူ့ရန်သူ   ဂေါင်ကြီးကဘာလုပ်လုပ် အကုန်မှန်တယ် ပြန်မပြောဘူး    ထောက်မပြဘူး...အားလုံးokဘဲ🔀အစိမ်းပိန်းကြတော့လည်း ထိုနည်း၎င်းဘဲ အစိမ်းဘက်    … Read More
  • ဂန့်ဂေါမြို့နယ်မှာ ကင်းလှည့်လာတဲ့ စစ်သားတွေကို သေနတ်နဲ့ဝိုင်းပစ်တဲ့ NLD အကြမ်းဖက်သမား ၁၆ ဦး သေဆုံးMHT News (Sep- 10)မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် မြောက်ပိုင်းက သာလင်းရွာနဲ့ မြင်သား ရွာအနီးမှာ စက်တင်ဘာ ၉ ရက် ညနေပိုင်းက ကင်းလှည့်လာတဲ့ စစ်သားတွေကို NLD အကြမ်းဖက်အဖွဲ့တွေက သေနတ်နဲ့ဝိုင်းပစ်ခတ်ခဲ့တဲ့အတွက် အပြန်အလှန် ပစ်ခတ်… Read More
  • ## ငွေတစ်ခုတည်းအတွက်နဲ့တော့        တိုင်းပြည်နဲ့ လူမျိုး        ကိုးကွယ်သည့် စစ်မှန်သော ဘာသာသာသနာကို        လက်ငြိုးထိုး        တင်ဒါခေါ် ရောင်းစားမည့်        အစိုးရမျိုး ထေရဝါဒတိုင်းပြည်မှာ        မပေါ်ပေါက်စေရန် အုပ်တစ်ချပ်သဲတစ်ပွင့်        ပါဝင်ခဲ့ရ… Read More
  • ကာကင်း ၂ခုလုံးကို လုံး၀ပိုင်ဆိုင်သွားခဲ့ပြီးလိုင်ဇာကို အလွယ်တကူ သိမ်းဆည်းနိုင်ကါလျှက်နဲ့ မသိမ်းသေးပဲ အခြေအနေစောင့်ကြည့်နေတဲ့ နောက်ကွယ်ကအကြောင်းက အပေးအယူ လုပ်မယ့်သဘောရှိနေပြန်တယ်။တရုတ်ဘက်ကလည်း တစ်ဖက် နယ်နိမိတ်ဘက်မှာ ကလည်းတရုတ်စစ်တပ်က သိန်းနဲ့ချီ ....... ဒီတော့ လွန်ခဲ့တဲ… Read More