Tuesday, January 25, 2022

စမ်းရဲရင် စမ်းကြည့်👮‍♀️


မြန်မာ့ တပ်မတော်က
တိုင်းပြည်ရဲ့ အာဏာကို
စတင်ထိန်းသိမ်းလိုက်တဲ့နေ့ကစပြီး
ဒီနေ့အထိ
ကျွန်တော်တို့ တိုင်းပြည်အတွင်းမှာ

အကျယ်လောင်ဆုံး ကြားနေရတဲ့

အကြောင်းအရာ 
နှစ်ခု ရှိပါတယ်

ပထမ အကြောင်းကတော့

မြန်မာ့တပ်မတော်ကြီးကို
ပြိုကွဲသွားစေချင်ပြီး

တပ်မတော်သားတွေကို
မိုက်မိုက်ရိုင်းရိုင်း
ဆဲနေကြတဲ့ အကြောင်းပါ

ဒုတိယအကြောင်းကတော့

မြန်မာနိူင်ငံရဲတပ်ဖွဲ့ဝင်တွေကို
တစ်ချက်ကလေးမှ 
အကောင်းမပြောကြဘဲ
နည်းမျိူးစုံနဲ့
အပြစ်တင်ကြ
သိက္ခာချကြ
အရှက်ခွဲနေကြတဲ့

အကြောင်းပါ

အဲ့ဒီအကြောင်းနှစ်ခုကိုပဲ

ဇောင်းပေးပြီး
ပြောနေ 
ရေးနေ 
ကြွေးကြော်နေကြတဲ့

လူတန်းစားတစ်ရပ်က
ကျွန်တော်တို့ရဲ့ 
တိုင်းပြည်အတွင်းမှာ

သပ်သပ်ကိုရှိနေပါတယ်

အဲ့ဒီလူတန်းစားတွေကို
ကျွန်တော်က
အကြံလေးတစ်ခုလောက်
ပေးကြည့်ချင်ပါတယ်

မြန်မာ့တပ်မတော်ကြီးကိုလည်း
ခင်ဗျားတို့ အနားမှာ 
မရှိစေချင်ဘူး

တပ်မတော်သားတွေရဲ့ 
အကာအကွယ်ကိုလည်း
ခင်ဗျားတို့အနေနဲ့ 

မလိုအပ်ဘူး

မြန်မာနိူင်ငံရဲတပ်ဖွဲ့ဝင်တွေကိုလည်း
ခင်ဗျားတို့က
အမြင်မကြည်လင်ဘူး

သူတို့တွေရဲ့
စောင့်ရှောက်ပေးမှု့ကိုလည်း
မခံယူချင်ကြဘူးဆိုရင်

ခင်ဗျားတို့လို 
လူတန်းစားတွေအတွက်
အကြံကောင်းလေးတစ်ခုလောက်

ပေးချင်ပါတယ်ဗျာ

မြန်မာနိူင်ငံရဲ့ 
အချူပ်အခြာ အာဏာ
သက်ရောက်နေတဲ့နယ်မြေထဲမှာ

တပ်မတော်က

မသိချင်ယောင်ဆောင်ပြီး
ဟ ပေးထားတဲ့
နေရာတွေရှိပါတယ်

ခင်ဗျားတို့ခေါ်သလို
မြောက်ကြွကြွလေသံမျိုးနဲ့
ခေါ်ရရင်တော့

လွတ်မြောက်နယ်မြေပေါ့ဗျာ

တော်လှန်ရေးသမားကြီးတွေရဲ့
လွတ်မြောက်နယ်မြေတွေ
မြန်မာနိူင်ငံအတွင်းမှာ
သုံး လေးခုလောက်
ရှိမယ်ထင်ပါတယ်

တကယ်တမ်းကတော့
ဘယ်နေရာမှ

လွတ်မြောက်နယ်မြေ
အစစ် မဟုတ်ပါဘူး

ကျားသနားလို့
နွားချမ်းသာရာ ရနေကြတာပါ

မြန်မာ့တပ်မတော်ဘက်ကသာ
ဘာကိုမှ မထောက်ထားဘဲ
တကယ်လုပ်ချင်တယ်ဆိုရင်

အဲ့ဒီ 
လွတ်မြောက်နယ်မြေဆိုတဲ့
နေရာတွေကို

ဆယ်မိနစ်လောက်

အချိန်လေးအတွင်းမှာတင်
အမှုန့်ခြေပစ်လို့ ရပါတယ်

ဒါတွေ ထားလိုက်ပါတော့ဗျာ

နောက်များမှပဲ 
ရေးပြပါတော့မယ်

အခုလောလောဆယ်တော့

တော်လှန်ရေးသမားကြီးတွေရဲ့
လွတ်မြောက်နယ်မြေ

ဆိုတာကြီးကအမှန်တကယ်ကြီးကို
ရှိနေပါတယ်လို့ 
ကျွန်တော်တို့က
ဘုရားစူးလွတ်
ယုံယုံကြည်ကြည်
လက်ခံလိုက်ကြတာပေါ့ဗျာ

ဒါမှလည်း
ဒီစာစုလေးက
ရှေ့ဆက်ရေးလို့ ရပေမပေါ့ဗျာ

အဲ့ဒီတော့ဗျာ

ခင်ဗျားတို့ဘက်က
တပ်မတော်ကြီးကိုလည်း
အင်မတန်မှမုန်း

ရဲတပ်ဖွဲ့ကြီးကိုလည်း
ဘယ်လိုနည်းနဲ့မှ ကြည့်မရလေကြတော့

ခင်ဗျားတို့တတွေအတွက်

တပ်မတော်ကြီးနဲ့
ကင်းလွတ်တဲ့နေရာ

ရဲတပ်ဖွဲ့ဝင်တွေ
မလာကြတဲ့နေရာ

ဥပဒေ အတိုင်းဆိုတဲ့
စကားရပ်
မပေါက်ရောက်တဲ့ နေရာဖြစ်တဲ့

လွတ်မြောက်နယ်မြေ

ဆိုတဲ့ 
နေရာလေးတွေမှာ
သွားနေကြည့်လိုက်ပါလားဗျာ

တစ်ခုတော့ ထပ်မှာချင်ပါသေးတယ်ခဗျ

အဲ့ဒီလို သွားနေကြတော့မယ်ဆိုရင်

ခင်ဗျားမှာ 
ပိုင်ဆိုင်ထားသမျှ
စည်းစိမ်ဥစ္စာတွေ အကုန်လုံးရယ်

ခင်ဗျားရဲ့
အမျိူးသမီး
ချောချောတောင့်တောင့်ရယ်

ခင်ဗျားသမီး
ငယ်ငယ်လှလှလေးတွေရယ်

ခင်ဗျားရဲ့သား
အရွယ်ကောင်းလေးတွေကိုရယ်ပါ

လွတ်မြောက်နယ်မြေဆိုတဲ့ အရပ်ကို
မပါမဖြစ် ပါရလေအောင်
ယူသွား 
ခေါ်သွားပါဗျာ

အဲ့ဒီလို မသွားခင်လေးမှာ

ခင်ဗျားမှာ 
ပိုင်ဆိုင်ထားတဲ့
စည်းစိမ်ဥစ္စာတွေကို ဘေးမှာပုံ

ခင်ဗျားရဲ့
ခပ်တောင့်တောင့် ချစ်ဇနီးကို
ခင်ဗျားရဲ့ ဒီဘက်ဘေးမှာထား

လှလှငယ်ငယ်
ခင်ဗျား သမီးလေးတွေကို
ခင်ဗျားမိန်းမဘေးနားမှာ ရပ်ခိုင်း

ခင်ဗျားရဲ့အရွယ်ကောင်း
သားလေးတွေကို
သမီးလေးတွေရဲ့
ဘေးမှာ ရပ်ခိုင်းပြီး

မိသားစု ဓါတ်ပုံလေး တစ်ပုံ
ရိုက်ထားလိုက်ပါဗျာ

ရိုက်ပြီးသွားရင်တော့

မြန်မာ့တပ်မတော်ကြီးက
အကာအကွယ်ပေးမထားတဲ့

မြန်မာနိူင်ငံရဲတပ်ဖွဲ့ဝင်တွေက
စောင့်ရှောက်မပေးထားတဲ့

ဥပေဒအရဆိုတဲ့စကား
သက်ရောက်မှူမရှိတဲ့

ခင်ဗျားတို့ရဲ့

လွတ်မြောက်နယ်မြေကို
ထွက်သွားလိုက်ပါဗျာ

လွတ်မြောက်နယ်မြေကြီးကို
ရောက်ပြီးသွားလို့
တစ်လပြည့်တဲ့နေ့ကျရင်

ခင်ဗျားဒီမှာနေတုန်းက

ရိုက္သြားခဲ့တဲ့
မိသားစု ဓါတ်ပုံလေးကို
ပြန်ထုတ်ကြည့်လိုက်ပေါ့ဗျာ

အဲ့ဒီအချိန်ကျရင်

ခင်ဗျားနဲ့အတူ
ပါသွားတဲ့အရာတွေထဲက

ဘယ်အရာတွေ ကုန်သွားပြီ
ဘယ်အရာတွေ ပါးသွားပြီ

ဘယ်အရာတွေ ပဲ့သွားပြီ
ဘယ်အရာတွေ ပေါက်သွားပြီ

ဘယ်အရာတွေ ပြဲသွားပြီ 
ဘယ်အရာတွေ ပျော့သွားပြီ 

ဆိုတာကို
မျက်မြင်အရလည်း
ခင်ဗျားတွေ့ရမှာပါ

ခံစားအသိနဲ့လည်း

ဘယ်သူ့ရဲ့ 
ဘယ်နေရာတွေက
ဘာတွေဖြစ်သွားပြီဆိုတာကို

ခင်ဗျားသိမှာပါ

အဲ့ဒီအချိန်ကျတော့မှ

တစ်စုံတစ်ရာရဲ့
တန်ဖိုးကို
ခင်ဗျား သိလာပါလိမ့်မယ်

တစ်ဦးတစ်ယောက်ရဲ့
တန်ဖိုးမဟုတ်ဘူးနော်

တစ်စုံတစ်ရာရဲ့

တန်ဖိုးကို 
ခင်ဗျားတို့ သိလာကြမှာပါ

မယုံဘူးဆိုရင်

မိသားစု ဓါတ်ပုံလေးရိုက်ပြီး
လွတ်မြောက်နယ်မြေကို
ခရီးဆန့်ကြည့်လိုက်ကြပါလားဗျာ
ခင်ဗျားရဲ့
ငွေကြေးစည်းစိမ်
ခင်ဗျားရဲ့မိန်းမ
ခင်ဗျားရဲ့ သားသမီးတွေကိုပါ
အပါခေါ်သွားဖို့တော့
မမေ့နဲ့ပေါ့ဗျာ ။ ။

မင်းအုပ် စိုး