Thursday, January 27, 2022

" ဘင်အရေးကြောင့်နိုင်ငံအပေါ်သစ္စာဖောက်သွားတဲ့ NUG "


၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ၊ ဂမ်ဘီယာနိုင်ငံကမြန်မာနိုင်ငံကိုတရားစွဲထားတဲ့အမှုအတွက် ICJ ကြားနာပွဲရှိပါတယ်။ အရင်တခေါက်ကတော့ဒေါ်အောင်ဆန်းစုကြည်သွားရောက်လျှောက်လဲချက်ပေးခဲ့တာပါ။ အဲ့တုန်းကလဲ၊ဟိုမှာပြောခဲ့တာနဲ့မြန်မာနိုင်ငံမှာပြန်လာပြီးပြောခဲ့တဲ့အချက်တွေမတူကြောင်းကို Nationalist တွေဘက်ကထောက်ပြခဲ့ပါသေးတယ်။

ICJ တရားရုံးမှာလျှောက်ထားခဲ့တဲ့လျှောက်လဲချက်ကိုဘာသာပြန်ပြီးမြန်မာလိုပြန်ထုတ်ပြန်ပေးဖို့ပြောခဲ့တဲ့အတွက်တဘက်ကလဲအသံတွေထွက်လာပါတယ်။ Nationalist တွေဘက်ကစာတတ်တဲ့သူမရှိဘူး၊ဒါလေးတောင်မပြန်နိုင်ဘူးလားဆိုပြီးပြောကြပါတယ်။

တကယ်တမ်းကျတော့ Nationalist တွေဘက်ကအင်္ဂလိပ်စာမတတ်တာမဟုတ်ပါဘူး။ ဟိုမှာပြောခဲ့တာနဲ့၊မြန်မာမှာမိန့်ခွန်းလာပြောတာကိုအစိုးရဘက်ကတရားဝင်ထုတ်ပြန်တဲ့အထောက်အထားလိုချင်လို့ဆိုတာကိုသာမန်ပြည်သူတွေကတော့မသိနိုင်ပါဘူး။

စာမတတ်ဘူးဆိုလဲလော်ဘီတွေပြောသမျှနောက်ကောက်ကောက်လိုက်ယုံကြတာပါပဲ။ Nationalists ဆိုသူတွေဘက်ကနေ DSc (Doctor of Science) ဘွဲ့ယူလာတာဘယ်နှယောက်ရှိပြီလဲ၊ PhD ပြီးထားသူ၊ MA,MSc ပြီးထားသူဘယ်နှယောက်ရှိပြီလဲဆိုတာပြန်လေ့လာစေချင်ပါသေးတယ်။

ကျွန်တော်အမြဲပြောခဲ့တယ်။ အရင်အစိုးရလက်ထက်နိုင်ငံရေးတာဝန်တွေ၊ပါတီတာဝန်တွေယူသွားကြတဲ့သူတွေဘာနိုင်ငံရေးပညာမှမတတ်လို့အခုလိုဖြစ်ရတာဆိုတာပါ။ ရွေးကောက်ပွဲမဲပြဿနာထက်နက်နဲတဲ့နောက်ကွယ်ကအကြောင်းတရားတွေအများကြီးရှိပါသေးတယ်။

ရခိုင်အရေးဟာနှစ်ပေါင်းရာချီဖြစ်လာတဲ့ပြဿနာလို့ဒေါ်အောင်ဆန်းစုကြည် ICJ မှာလျှာက်လဲခဲ့တာမျိုးလဲပြန်ကြားရပါတယ်။ 'ရို' ဆိုတဲ့စကားလုံးစပေါ်တာ ၁၉၅၁ စက်တင်ဘာလ၊ ဂါးဒီးယန်းသတင်းစာမှာလို့သိထားပါတယ်။ (ဒီထက်ပိုငြင်းစရာဆိုသမိုင်းပညာရှင်တွေနဲ့ဆက်ငြင်းပါ)။ ဒါကြောင့် ၁၉၅၁ ကစရေရင် အခုလက်ရှိမှာ နှစ်ပေါင်း ၇၁ နှစ်ပဲရှိပါသေးတယ်။

မြန်မာနိုင်ငံမှာကနိုင်ငံသားနဲ့တိုင်းရင်းသားအခွင့်အရေးမတူပါဘူး။ တခြားနိုင်ငံတွေနဲ့မတူတဲ့အချက်ပါ။ တခြားနိုင်ငံတွေက ethnic ထက်၊ citizen ကိုပိုပြီးဇောင်းပေးတယ်။ မြန်မာမှာကတည်ဆဲ ၁၉၈၂ နိုင်ငံသားဥပဒေအရ တိုင်းရင်းသားကိုအခွင့်အရေးပိုပေးထားတယ်။

((((( အဲ့လိုပေးထားလို့လဲ(တချို့ပညာတတ်လူမျိုးရေးအစွန်းရောက်တွေကြောင့်) တချို့ပြဿနာတွေကြီးထွားနေတာပါ။ နောင်တချိန်ကျရင် Ethnocentric ကနေ Citizenship ဘက်ကို shift လုပ်ရမယ်။ 'ငါဘာလူမျိုး' ဆိုတာထက် 'ငါဘယ်နိုင်ငံသား' ဆိုပြီးလက်မထောင်ရမယ်။ တိုင်းပြည်ထဲမှာလူမျိုးအသီးသီးရဲ့ဓလေ့ထုံးစံတွေကိုချစ်မြတ်နိုးတန်ဖိုးထားရမယ်ဆိုပေမယ့်၊အစွန်းမထွက်သွားဖို့ 'နိုင်ငံသားစိတ်' နဲ့ထိန်းရမယ်။))))

​ဆက်ရရင်ကြိုက်ကြိုက်မကြိုက်ကြိုက်တည်ဆဲဥပဒေအရ ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေကိုကိုးကားရမယ်။ လိုက်နာရမယ်။ ဥပဒေပုဒ်မ ၃ အရ ၁၈၂၃ (ပထမအင်္ဂလိပ်-မြန်မာစစ်ပွဲ) မတိုင်မီဒီနိုင်ငံမှာရှိခဲ့တဲ့ ကချင်၊ကယား၊ကရင်၊ချင်း၊ဗမာ၊မွန်၊ရခိုင်၊ရှမ်းလူမျိုးကြီး ၈ ခုထဲပါတဲ့မျိုးနွယ်စုတွေ (တိုင်းရင်းသား)ဖြစ်တယ်။ အဲ့လိုမဟုတ်ရင်တိုင်းရင်းသားဖြစ်မှာမဟုတ်ဘူး။ သို့သော်ဥပဒေသတ်မှတ်ချက်တွေနဲ့ညီရင် (နိုင်ငံသား) ဖြစ်ပါတယ်။

ဒါဟာဘာသာရေးနဲ့မဆိုင်ပါဘူး။ ဘာသာရေးကိုစွဲပြီးခွဲခြားလိုစိတ်နဲ့ခွဲထားတာမဟုတ်ဘူး။ နိုင်ငံသားဟာနိုင်ငံသားအခွင့်အရေးရမယ်။ တိုင်းရင်းသားဟာတိုင်းရင်းသားအခွင့်အရေးရမယ်။

" ၁၄.၁.၂၀၂၂ ရက်နေ့၊ 'နစက' သတင်းစာရှင်းလင်းပွဲမှာ Myanmar National သတင်းဌာနကဒေါ်ဆွေဇင်ဦးမေးသွားတဲ့ထဲမှာ PR စနစ်ကြောင့် လူမျိုးခြား၊ဘာသာခြားအချိုးတစ်ခုလွှတ်တော်ထဲရောက်လာမယ်။ ရောက်မလာအောင်ဘာလုပ်မလဲဆိုတဲ့မေးခွန်း "

မျိုးကျွန်တော်မကြိုက်ပါဘူး။ ဒါဟာရည်ရွယ်ချက်မရှိတောင်ဘာသာရေးကိုနိုင်ငံရေးထဲဆွဲသွင်းပြီးဆူပူစေပါတယ်။ ဘာသာမတူလဲ၊ နိုင်ငံသားဆိုရင်နိုင်ငံသားတယောက်ရဲ့အခွင့်အရေးဟာပေးကိုပေးရမှာဖြစ်ပါတယ်။

ရခိုင်ပြည်က 'ဘင်' အရေးဟာလဲမြန်မာနဲ့သူတို့နဲ့ယူဆပုံမတူပါဘူး။ ကျွန်တော်တို့ဘက်ကတော့ ၁၈၂၃ ရှေ့ပိုင်းနေခဲ့တဲ့၊အမည်မပေါက်ခဲ့တဲ့သူတွေမို့ဒီနိုင်ငံရဲ့နိုင်ငံသား Elite နေရာဖြစ်တဲ့ တိုင်းရင်းသားမပေးနိုင်ဘူး။ သတ်မှတ်ချက်နဲ့ညီရင်နိုင်ငံသားပေးမယ်။ သူတို့ဘက်ကကျတော့မရှိတဲ့လူမျိုးအမည်တပ်ပြီးတိုင်းရင်းသားပေးဆိုပြီးတိုက်ရိုက်တောင်းတာပါပဲ။ ဒါကိုမြန်မာနိုင်ငံသား၊ ဌာနေတိုင်းရင်းသားတယောက်အနေနဲ့ (လုံးဝ) လက်မခံပါဘူး။

ရခိုင်ပြဿနာဟာဒီကနေစခဲ့တာပါ။ လက်ရှိ အချိန်ဟာ၊ ICJ မှာ ၊ကမ္ဘာ့ပုံရိပ်မှာ၊ ရခိုင်ပြည်တွင်း၂၀၁၊၆ ၂၀၁၇ ARSA အဖွဲ့ရဲကင်းစခန်းတွေကိုလူအလုံးအရင်း၊ ဓား၊လှံ၊လက်နက်အစုံနဲ့ဝင်တိုက်ခဲ့ကြလို့တပ်ကရှင်းလင်းရေးလုပ်ခဲ့ရတာကိုမှေးမှိန်အောင်လုပ်ခဲ့ကြတယ်။ အင်းဒင်လိုမျိုးတာဝန်ထမ်းဆောင်ရင်း လူ ၁၀ ယောက်-တ်ခဲ့တဲ့အမှုကိုကမ္ဘာ့မီဒီယာမှာအထောက်အထားနဲ့အတင်းလိုက်ဖုံးလွှမ်းထားတယ်။ ဒီဘက်က ရခိုင်၊မြို၊ဒိုင်းနက်တွေအ-တ်ခံခဲ့ရတာ၊ဟိန္ဒူဘာသာဝင်တွေတရွာလုံးနီးပါးအ-တ်ခံရတာကိုဖျောက်ထားတယ်။

ဒါတွေဟာစနစ်တကျလုပ်ကြံရေးဇာတ်လမ်း။ ဒီဇာတ်လမ်းကို Spring Revolution နဲ့လာရောတယ်။ တပ်ကအာဏာထိန်းလို့မကြိုက်တာ၊တော်လှန်ပုန်ကန်တာအထိကလက်ခံလို့ရပါတယ်။

ဒါပေမယ့် ICJ အရေး၊ ဘင်အရေးဟာနိုင်ငံ့အနာဂတ်ပြဿနာပါ။ ဒါကို Revolution နဲ့ရောချဖို့ကြိုးစားလာတယ်။ 'ရိုနေဆန်းလွင်' ၊ 'မောင်ဇာနည်' ၊ 'ထွန်းခင်' စတဲ့ 'ဘင်အရေး' ဆောင်ရွက်နေတဲ့သူတွေက Revolution ကိုထောက်ခံသယောင်နဲ့ 'ဘင်' အရေးကိုမြန်မာပြည်သူတွေဆီတဖြည်းဖြည်းထည့်လာတယ်။

ARSA ဘက်က၊ရဲကင်းစခန်း ၃၀ ကိုတပြိုင်နက်တိုက်တာမဖြစ်နိုင်၊ယုတ္တိမရှိဘူးလို့ဖြည်းဖြည်းချင်းအမြင်စပြောင်းတယ်။ ယုံတဲ့သူတွေကယုံလာကြတယ်။ အမှားကြာရင်အမှန်ဖြစ်လာမှာမို့ဒီကိစ္စကိုအခုကျွန်တော်ရေးပါတယ်။

ရဲကင်းစခန်း ၃၀ တပြိုင်နက်တိုက်တယ်ဆိုတာစစ်သဘောအရလုံးဝဖြစ်နိုင်ပါတယ်။ အကြမ်းဖက်ဖို့နှစ်ပေါင်းများစွာတမင်လေ့ကျင့်ထားတဲ့အကြမ်းဖက်တွေဘာလို့မဖြစ်နိုင်ရမှာလဲ။ 

အခုလက်ရှိမှာ နစက ကိုတော်လှန်နေပါတယ်လို့အသံကောင်းဟစ်ပြီး၊မြန်မာနိုင်ငံကို NUG ဘက်ကတမင်လား၊ ဟိုဘက်ကခင်းတဲ့အကွက်လားမသိဝင်လာတယ်။ 'ဘင်' အရေးလက်ဝင်လျှိုတယ်။ ဘယ်လိုလျှိုလဲဆိုတော့

၁။ ICJ အရေး၊ 'ဘင်အရေး' ကိုUK ကနေ အင်တိုက်အားတိုက်လုပ်နေတဲ့ MAP Myanmar Accountability Project အဖွဲ့က
NUG ဘက်ကို 'ဘင်၊ သူတို့အခေါ် ရို' ဝန်ကြီးတနေရာတောင်းထားတယ်။ NUG ဘက်ကလဲလက်ခံထားတယ်လို့ဆိုပါတယ်။

၂။ ဦးမန်းဝင်းခိုင်သန်း Myanmar Now နဲ့အင်တာဗျူးတဲ့အခါမှာ၊ သူရော၊ဒေါ်အောင်ဆန်းစုကြည်ရော ARSA အရေးမှာ တပ်ကပြတဲ့ဗွီဒီယိုကိုယုံလိုက်ရတယ်လို့ပြောတယ်။ ရခိုင်မြေကတိုင်းရင်းသားတွေ ARSA တိုက်ခံရလို့တပ်ကဝင်ရှင်းတာကိုဖုံးသွားခဲ့တယ်။

၃။ အခု ICJ တရားရုံးမှာလျှောက်လဲဖို့ NUG ဘက်က ဦးကျော်မိုးထွန်းကိုတင်ထားတယ်။ ဘာတွေလျှောက်လဲမလဲဆိုတာသူတို့ပဲသိမယ်။ သေချာတာကတပ်ကဒီကိစ္စကို Genocide လုပ်တာလို့လျှောက်လဲဖို့အပြင်မရှိဘူး။ နစကရဲ့ကိုယ်စားလှယ်ကိုလက်မခံပဲ၊ဦးကျော်မိုးထွန်းကို ICJ ကလက်ခံပြီး UN မှာမှတ်တမ်းတင်ရင်၊ ဟိုဘက်ကဇာတ်ညွှန်းရေးတဲ့အတိုင်းလျှောက်လဲရင်မြန်မာနိုင်ငံဟာ Genocide လုပ်တယ်ဆိုပြီးဖြစ်သွားမယ်။ ဒါဟာတပ်ကိုအရေးယူတာမဟုတ်ဘူး။ နိုင်ငံကိုအရေးယူတာဖြစ်တယ်။ မြန်မာနိုင်ငံသားတွေစဥ်းစားကြည့်ပါ။ ကိုယ့်ဘက်ကလဲခံရသေး၊ကိုယ်ကလဲ Genocide တယ်စွပ်စွဲခံရတာဖြစ်လာမယ်။ ကမ္ဘာ့အလယ်မှာနိုင်ငံရော၊နိုင်ငံသားတွေရောသိက္ခကျမယ်။

၄။ ထန်တလန်မှာတဘက်ကမြို့မီးရှို့တာကိုတပ်ကရှို့တယ်လို့အာရုံလွှဲတယ်။ လွှဲရုံမပြီးသေးဘူး။ ဒီမှာတောင်ဒီလိုလုပ်တာ၊ ရခိုင်မှာလဲဒီလိုလုပ်မှာပဲလို့မဆီမဆိုင်လက်ပံသားကိုဓားနဲ့ချိုင်တယ်။

ဒီတော့ကျွန်တော်အမြဲပြောနေတဲ့ 'ပြုတ်မနူး၊ အိုကြီးအိုမ' တွေနဲ့ဖွဲ့စည်းထားတဲ့ NUG ကတော့ 'ဘင်အရေး' မှာတဘက်က,ကစားတဲ့အတိုင်းဝင်သွားပြီ။ နောင်တချိန်မှာဒီလူတွေဟာနိုင်ငံတော်သစ္စာဖောက်တွေအဖြစ်သမိုင်းအတင်ခံကြရလိမ့်မယ်။

အခု ICJ အရေးဟာသိပ်အရေးကြီးတဲ့အခြေအနေပါ။ မြန်မာနိုင်ငံကလူတွေကိုတပ်ကအာဏာမထိန်းထိန်းအောင်လုပ်ပြီး၊အာရုံလွှဲထားတယ်။ တပ်ကအာဏာထိမ်းတာနဲ့၊ 'ဘင်' အရေးကိုပါတပြိုင်နက်လှုပ်ရှားလာတယ်။

တပ်နဲ့ပြည်သူနဲ့ကိုသွေးခွဲထား၊တနိုင်ငံလုံးတိုက်ပွဲတွေဖြစ်၊ပြည်သူတွေငတ်မွတ်၊နိုင်ငံအင်အားချိနဲ့အောင်မျိုးစုံလုပ်ထားပြီး၊အနောက်ဘက်အရပ်မှာလိုချင်တာပုံဖော်လာတာကတော့ကမ္ဘာ့အပြောင်မြောက်ဆုံး Masterpiece ပါပဲ။

ဒီနေရာမှာနိုင်ငံခြားရေးဝန်ကြီးဦးဝဏ္ဏမောင်လွင်နဲ့၊ရှေ့နေချုပ်ဒေါ်သီတာဦးတို့ရဲ့ကဏ္ဍသိပ်အရေးပါသွားပြီ။ မြန်မာရဲ့အနာဂတ်ဟာသူတို့ရဲ့ပုခုံးပေါ်မှာ။

ဒီတော့ကျွန်တော်တို့တွေဘာလုပ်ကြမလဲ။ 

မြန်မာနိုင်ငံကိုတကယ်ချစ်ရင်နောက်ကွယ်ကအမှန်တရားတွေကိုမြင်အောင်ကြည့်ပေးဖို့လိုနေပါပြီ။ အခုအချိန်ဟာမြန်မာအဘက်ဘက်ကချိနဲ့နေချိန်၊ သူတို့အဘက်ဘက်လိုသလိုပုံဖော်နေချိန်ပါပဲ။ မြန်မာ့သစ္စာဖောက်တွေကိုမှတ်တမ်းတင်ရမယ်။ မြန်မာ့အနာဂတ်ကိုပုခုံးပေါ်ထမ်းထားသူတွေကိုအားပေးဖို့လိုပါတယ်။

ဒါဟာ..
အာဏာရှင်နဲ့မဆိုင်ပါဘူး
မြန်မာတမျိုးသားလုံးနဲ့ဆိုင်တယ်
မြန်မာပြည်သားအားလုံးနဲ့ဆိုင်တယ်
မြန်မာတွေဒီမိုကရေစီဗန်းပြပြီးပြည်ဖျက်နေတဲ့အိပ်မက်ကနေထဖို့အချိန်ကျပါပြီ။

#Geopolitics' Admin( 24.1.2022)

မြန်မာနိုင်ငံအားဝိုင်းပတ်ပိတ်ဆို့ဖျက်ဆီးခြင်းပိုစ့်(ဘယ်လောက်အကွက်ကျကျလုပ်လာလဲကြည့်ပါ)
https://www.facebook.com/1179867708859834/posts/1848305598682705/

ဦးမန်းဝင်းခိုင်သန်း Myanmar Now အင်တာဗျူး link
https://fb.watch/aKfET7nWTh/