Thursday, January 27, 2022

""နိုင်ငံရေးသုံးသပ်ချက်""


မြန်မာ့အရေးနှင့်ပါတ်သက်ပြီး ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ရာမှာ နစက ကို လိုက်နာမှု မရှိဘူး လို့ပြောဆိုမှုတွေက အပြုသဘောမဆောင် သော မျှတမှုမရှိတဲ့စွပ်စွဲချက်တွေသာဖြစ်ပါတယ်။ဒိီလို စွပ်စွဲပြောဆိုမယ်ဆိုရင် ဘရူနိုင်းနိုင်ငံကအာစီယံဥက္ကဋ္ဌ
အဖြစ်တာဝန်ယူခဲ့တဲ့ ကာလက အာစီယံသည်
မြန်မာ့အရေးနှင့်ပါတ်သက်ပြီးသူ၏ အစဉ်အလာနှင့် ပဋိဥာဉ်များကို ကျော်လွန်ကာ လုပ်ဆောင်ခဲ့တဲ့အချက်ကို ပြန်ပြောင်းသတိရဖို့ လိုပါတယ်။ယခုလက်ရှိ မှာ ကမ္ဘောဒီးယားနိုင်ငံက အာစီယံဥက္ကဋ္ဌတာဝန်ပြောင်းလဲရယူပြီးနောက် မြန်မာ့အရေးနှင့်ပါတ်သက်ပြီး ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်၏ ညီညွှတ်မျှတသော ချဉ်းကပ်မှုတွေကို တွေ့မြင်ရပါတယ်။
မြန်မာ့အရေးဆုံးဖြတ်ချက်တွေ ဖိအားတွေနှင့်ပါတ်သက်ပြီး အဓိက မေးခွန်းထုတ်ထောက်ပြလိုတာက
ဒါသည် အာစီယံပဋိဥာဉ်ပါ ပြဌာန်းချက် ဖြစ်တဲ့
အဖွဲ့ဝင်နိုင်ငံများအားလုံး၏တူညီဆန္ဒအရ လုပ်ဆောင်ခြင်း ဟုတ်ပါရဲ့လား။အဖွဲ့ဝင်နိုင်ငံအားလုံးက သဘောတူညီမှုရရှိပါသလား။

ဇန္နဝါရီလ ၂၆ ရက်နေ့နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ကမ္ဘောဒီးယားဝန်ကြီးချုပ်
ဝန်ကြီးချုပ် ဟွန်ဆန်နှင့် Videoconference ဖြင့်တွေ့ဆုံမှုပြုလုပ်ခဲ့ကြပါတယ်။အာဆီယံဥက္ကဋ္ဌဖြစ်သည့်ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်သည် မြန်မာနိုင်ငံတွင် ဆက်လက်ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများအပေါ် နက်နက်ရှိုင်းရှိုင်း စိုးရိမ်ပူပန်လျက်ရှိပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ အောက်ပါအတိုင်း အချက်လေးချက်ကို ပန်ကြားခဲ့ပါသည်။

(၁)၂၀၂၁ ခုနှစ် ဧပြီလ ၂၄ ရက်နေ့ အာဆီယံ ခေါင်းဆောင်များ အစည်းအဝေးတွင် သဘောတူညီထားသည့် မြန်မာနိုင်ငံတွင် ပုံမှန်အခြေအနေ ပြန်လည်ရရှိလာစေရေးအချက်ငါးချက်ပါမြန်မာပဋိပက္ခဖြေရှင်းရေးအာဆီယံ ဘုံသဘောတူညီချက် ငါးရပ်ကို စဉ်ဆက်မပြတ် စည်းလုံးညီညွတ်စွာ ဦးစားပေးကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်ပေးပါရန် 

(၂)အာစီယံအထူးကိုယ်စားလှယ်၏ ပထမဆုံး မြန်မာနိုင်ငံခရီးစဉ်လာရောက်ရန် အမြန် ဆုံး ဖြစ်ပေါ်လာစေရေးဆောင်ရွက်ပေးပါရန် 

(၃)နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအပါအဝင်
မြန်မာနိုင်ငံအတွင်းရှိ အဖွဲအစည်းအသီးသီးအားလုံး 
ထိန်းထိန်းသိမ်းသိမ်း အကြမ်းဖက်မှု လျော့ချရေး၊
အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများ ငြိမ်းချမ်းစွာ အဖြေရှာနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားရန်
 

(၄) လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပံ့ပိုးကူညီပေးမှများကို အပြည့်အဝပူးပေါင်းဆောင်ရွက်ပေးပါရန် 

ဝန်ကြီးချုပ် ဟွန်ဆန်က တိုက်တွန်းခဲ့ကြောင်းအပါအဝင် မြန်မာ့နိုင်ငံရေးနှင့်ပတ်သက်၍ အကျယ်တဝန်းဆွေးနွေးခဲ့ကြပြီးနှင့် ၎င်းတောင်းဆိုချက်များ၊ တိုက်တွန်းချက်များကို မြန်မာနိုင်ငံအနေဖြင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကမ္ဘောဒီးယားမှသတင်းထုတ်ပြန်ထားပါတယ်။ကမ္ဘောဒီးယားနိုင်ငံ၏ အာဆီယံဥက္ကဋ္ဌတာဝန်ကိုအပြည့်အဝထောက်ခံကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ|နိုင်ငံတော်ဝန်ကြီးချုပ်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်
ဟုကမ္ဘောဒီးယားမှသတင်းထုတ်ပြန်ထားပါတယ်။

လက်ရှိ မြန်မာ့အရေးကို အာဆီယံက ကြားဝင်အားစ်ုက်ဆောင်ရွက်နေမှုများကိုလေ့လာသုံးသပ်ဆွေးနွေး
လိုတာရှိပါတယ်။🙏ဒေသတွင်းမိသားစုဆိုတဲ့ ရှုမြင်မှုအရ အပြုသဘော အသိအမှတ်ပြုပါတယ်။🙏
၂၀၂၁ ခုနှစ် ဧပြီလ ၂၄ရက်နေ့ အာဆီယံခေါင်းဆောငိများအစည်းအဝေးမှာ မြန်မာနိုင်ငံခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အာစီယံ ဘုံသဘောတူညီမှု ၅ရပ်ကို မူအားဖြင့် သဘောတူခဲ့သည်ကို ထောက်ရှု၍ မြန်မာသည်နိုင်ငံရေးအကျပ်အတည်းကိုအမှန်တကယ်ဖြေရှင်းလိုသော စိတ်အားထက်သန်မှုနှင့်အာဆီယံမိသားစုအပေါ် ယုံကြည်အလေးထားတာကို ထင်ရှားတွေ့မြင်နိုင်ပါတယ်။ဒါကို အသိအမှတ်ပြုဖို့လိုပါတယ်။

နိုင်ငံရေးစနစ် ကွဲပြားမှုမတူညီမှုတွေရှိနေသော်လည်း အာဆီယံ၏ အစဉ်အလာကောင်းများဖြစ်တဲ့ ဗဟိုပြုမှု စည်းလုံးညီညွှတ်မှု ကို အဖွဲ့ဝင်နိုင်ငံများအားလုံးမှ လည်း တန်ဖိုးထားထိန်းသိမ်းနိုင်ရန် လိုအပ်ချက် အားနည်းချက်တွေရှိနေတဲ့အတွက် မြန်မာ့အရေးသည် ရှေ့မဆက်နိုင်ဖြစ်နေတာလို့သုံးသပ်ပါတယ်။

နောက်တစ်ချက်က မြန်မာ့ဒီမိုကရေစီအရေးအပေါ် နိုင်ငံတကာစာမျက်နှာမှာ အဖွဲ့ဝင်နိုင်ငံအချို့၏မိသားစုဝင်မြန်မာအပေါ် ဒီမိုကရေစီစနစ်ကို ကြေညက်မှုမရှိဘဲ ခွဲခြားဆက်ဆံမှု နှိမ်ချမှုတွေဖြင့် ပြင်းပြင်းထန်ထန် ဝေဖန်တိုက်ခိုက်ပြောဆိုနေတာတွေ| အဆိုပါနိုင်ငံများ၏ ကျင့်ဝတ်မရှိ စည်းမဲ့ကမ်းမဲ့အဆင့်အတန်းနိမ့်ကျပြောဆိုမှုတွေကို မြန်မာပြည်သူတို့အကြား ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။ဝန်ကြီးချုပ်ဟွန်ဆန်မှလည်း အဆိုပါကိစ္စကို သတင်းမီဒီယာများမှတဆင့် အချိန်နှင့်တပြေးညီ ပြတ်ပြတ်သားသားတုန့်ပြန်လိုက်တာတွေကို ကြားသိနေရပါတယ်။ကျေးဇူးတင်ပါတယ်ရှင့်။

လက်ရှိမြန်မာ့အရေးကို ဖြေရှင်းဖြေလျော့ဖို့လုပ်ဆောင်ရာမှာ နစက၏ရှေ့လုပ်ငန်းစဉ်နှင့်ဦးတည်ချက်များတွင် ထည့်သွင်းချမှတ်အကောင်ထည်ဖော်နေသော
မြန်မာ့ငြိမ်းချမ်းရေး အပစ်အခတ်ရပ်စဲရေးနှင့်ချိတ်ဆက်ဆောင်ရွက်တာသည် ပြသနာ၏ရင်းမြစ်ကိုဖြေရှင်းတာဖြစ်တယ် တိုက်ရိုက်သက်ဆိုင်တယ်ဆိုတာချင်းပြည်နယ် ကယားပြည်နယ်တွင်ဖြစ်စဉ်များ မှာ အထင်အရှား တွေ့မြင်ရပါတယ်။

မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးအောင်မြင်ပါစေ။🙏
မြန်မာပြည်သူတွေ ဘေးဘယာတွေဝေးကွာပြီး
ရေလိုအေး ပန်းလိုမွှေးပါစေရှင်။🙏
စည်းလုံးညီညွှတ်စွာဖြင့် မိမိတိုင်းပြည်ကို
ချစ်ခင်မြတ်နိုးတန်ဖိုးထားတတ်ကြပါစို့လို့ချစ်ခင်စွာပန်ကြားလိုက်ပါတယ်ရှင့်။🙏

လေးစားလျက်🙏
နန်းမြမြမီမီဇော်🙏
နိုင်ငံတကာဆက်ဆံရေးပညာ
ဂုဏ်ထူးတန်းဘွဲ့
၂၀၂၂ ခုနှစ် ဇန္နဝါရီလ ၂၇ ရက်။