Monday, January 31, 2022

မင်္ဂလာဒုံမြို့နယ်တွင် လုယက်ရမ်းကားသူများက ဓားဖြင့်ထိုး၍ အထက်တန်းကျောင်းသားတစ်ဦး သေဆုံး


MNP ၊ ဇန်နဝါရီ ၂၆ရက်

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်တွင် လုယက်ရမ်းကားသူများက ဓားဖြင့်ထိုး၍ အထက်တန်းကျောင်းသားတစ်ဦး သေဆုံးမှု ဇန်နဝါရီ ၂၂ရက်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အဆိုပါ ည ၇နာရီခန့်က မင်္ဂလာဒုံမြို့နယ်၊ ၂/က စံပြရပ်ကွက်၊ ကာယသုခအပြင်လမ်း၌ နေထိုင်သော ဒေါ်စန်းစန်းငြိမ်းနှင့် ၎င်း၏ သားဖြစ်သူ မောင်နေလင်းအောင်သည် ဥက္ကာလမ်း၌ ဈေးဝယ်နေစဉ် အမည်မသိ လူတစ်စုက ဒေါ်စန်းစန်းငြိမ်း၏ ပိုက်ဆံအိတ်အား ဝင်ရောက်လုယက်၍ ဓားဖြစ်ထိုးရာ ခုခံသူ မောင်နေလင်းအောင် (၁၅နှစ်)တွင် ဓားဒဏ်ရာများရရှိ၍ နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါရပ်ကွက်အတွင်း ညအချိန် လျှပ်စစ်မီးပြတ်တေက်ချိန်ကို အခွင့်ကောင်းယူ၍ မသမာသူများက ဓားထောက်လုယက်မှုများ ကျူးလွန်လေ့ရှိကြောင်းလည်း ရပ်ကွက်နေပြည်သူများထံမှ သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ရဲတပ်ဖွဲ့က အမှုဖွင့်ကာ စုံစမ်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်း သီဟ
https://t.me/MyanmarNationalPost
www.mnpnewsagency.com

Related Posts:

  • ရေးကြ မန့်ကြ ပါ       လိုင်းပေါ်မှာ ရေးနေရုံနဲ့ ဘာမှ မထူးဖူးတို့ ၊ အစိုးရက သူတို့လုပ်ချင်ရာပဲ လုပ်နေတာပါ လို့ ထင်မြင်ယူဆနေရင် မှားပါတယ် ဗျာ ။     နစက အတွက် fb စောင့်ကြည့်ရေး အဖွဲ့ ရှိပါတယ် ။ တက်လာသမျှ ပို့စ် တွေ… Read More
  • လုပ်ချိန်တန်တာ ကြာပေါ့           ကိုစိုးတယောက် နေ့လည်မှ ရောက်လာပြီး ဇွတ်ခေါ်နေလို့ လက်ဖက်ရည်ဆိုင် သွားကြပါတယ် ။ "ငမျိုးရေ  စစ်ရေး အခြေအနေ ဘာကြားသေးလဲ ကွ ''"ဘာမှ မကြားသေးဖူး လေထဲက တောပြော တောင်ပြောတွေပဲ တွေ့န… Read More
  • မနေနိုင်လို့ ပါ        အစားကောင်းစားရရင် မိတ်ဆွေတွေကို သတိရတတ်သလို သတင်းကောင်းကြားထားရင်လည်း မိတ်ဆွေတွေ ဝမ်းသာအောင် စိတ်ချမ်းသာအောင် စိတ်ဓာတ်တက်ကြွအောင် ပြန်ပြောချင်တယ် ဗျ ။         မြန်မာပြည်ကြီး… Read More
  • ပညာရေးရထားကြီး ပျော်ပျော်စီးကြမယ်#ပြီးခဲ့တဲ့အပတ်ထုတ် ဂျာနယ်ပါကျွန်တော့် ဆောင်းပါးတစ်ပုဒ်။အဖေဆုံးတာ ( ၃) နှစ်ပြည့်တဲ့အချိန်မှာကျောင်းဖွင့်ချိန် တိုက်တိုက်ဆိုင်ဆိုင်မို့ပညာရေး ကို အားပေးခဲ့တဲ့ အဖေ့ ကိုသတိရရင်း ရေးဖြစ်ခဲ့တဲ့ ပညာရေးဆောင်းပါးတစ်ပုဒ်ပါ။#ပညာရေးရထား… Read More
  • ဆက်စပ်ကြည့်ကြပါစို့ဆောင်းပါးရှင် ~~>>ကိုမျိုးဝင်း { ဖြစ်စဉ် ၁ } ------------------ -  ဆော်ဒီသံအမတ်အဖြစ် 2008 မှ 2013 အထိ တာဝန်ထမ်းဆောင်ခဲ့ရတဲ့ သံအမတ်ကြီး ဦးခင်ဇော်ဝင်းရဲ့ မှတ်တမ်း - 2010 မှာ ဆော်ဒီအစိုးရက သူ့တို့ ထောင်ချထားတဲ့ မြန်မ… Read More