Monday, January 31, 2022

"အဂတိအမှုနဲ့ ထောင်ဒဏ် ၁၆ နှစ်ထပ်ချလိုက်လို့ စုစုပေါင်းထောင်ဒဏ် ၅၄ နှစ်အထိ ကျခံရဖို့ရှိတဲ့ ရှမ်းပြည်နယ် စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း ဦးစိုးညွှန့်လွင်"


ရှမ်းပြည်နယ် စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဟောင်း ဦးစိုးညွန့်လွင်ကို နောက်ထပ်အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်လှစ်အရေးယူခဲ့ပြီး ယခုရက်ပိုင်းထဲမှာပဲ အဆိုပါအမှုအတွက် ထောင်ဒဏ် ၁၆ နှစ် ထပ်မံ ချမှတ်လိုက်တယ်လို့ သိရပါတယ်။

ဦးစိုးညွန့်လွင်ဟာ နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂ ၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ - ၁၂၄ (က)၊ ၁၂၄ (ဃ)၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ - ၅၀၅ (က)၊ ၅၀၅ (ခ) စတဲ့ အမှုတွေနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၀ ရက်က ရှမ်းပြည်နယ် တောင်ပိုင်း တောင်လေးလုံး အကျဉ်းထောင် တရားရုံးကနေ ထောင်ဒဏ် ၃၈ နှစ်အထိ ချမှတ်ခံထားရတာဖြစ်လို့ ယခုထပ်တိုးအမှုမှ ထောင်ဒဏ် ၁၆ နှစ်ဖြင့်ဆိုလျှင် စုစုပေါင်းထောင်ဒဏ် (၅၄) နှစ်အထိ ကျခံရဖို့ရှိနေတာပဲဖြစ်ပါတယ်။
#mhtnews