Tuesday, January 25, 2022

အကျဉ်းထောင်ထဲမှာ ဘဝနိဂုံးချုပ်ရမယ့် ဒေါ်စုကြည်ဟု ဝါရှင်တန်ပို့စ်သတင်းစာဟောကိန်းထုတ်


မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲသမိုင်းမှာ အဆိုးရွားဆုံးမဲလိမ်မဲခိုးမှုကြီးကို ၂၀၂၀ ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ တွေ့မြင်ခဲ့ရပါတယ်။ မဲလိမ်မဲခိုးမှုကို ဦးဆောင်သူကတော့ အာဏာရပါတီဖြစ်ခဲ့တဲ့ NLD ဦးဆောင်သူ ဒေါ်စုကြည် လို့ပဲ ဆိုရမှာဖြစ်ပါတယ်။

 မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈) ပုဒ်မ ၃၉၈ (က) “နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တစ်ရပ်ကို ဖွဲ့စည်းရမည်။” ဆိုတဲ့ ပြဋ္ဌာန်းချက်ကြောင့် ၂၀၁၀ မှာလည်း ရွေးကောက်ပွဲ အနိုင်ရပါတီဖြစ်တဲ့ USDP ပါတီက တက်လာတဲ့ သမ္မတကြီး ဦးသိန်းစိန်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းခဲ့ပါတယ်။ ထိုနည်းတူစွာ ၂၀၁၅ မှာ အာဏာရလာတဲ့ NLD ပါတီက တက်လာတဲ့ သမ္မတဟာလည်း ရွေးကောက်ပွဲကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းခဲ့ပါတယ်။

ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲများမှာ မှန်ကန်ပြီး တရားမျှတမှုရှိဖို့ဆိုတာက သမာသမတ်ရှိတဲ့ ရွေးကောက်ပွဲကော်မရှင် ရှိရမယ်ဆိုတာကတော့ နိုင်ငံရေးသမားမှ မဟုတ်ပါဘူး။ သာမန်ပြည်သူတွေ လက်ခံ နားလည်ထားတဲ့အချက်ပါ။ ၂၀၁၀ မှာ ရွေးကောက်ပွဲ မသမာမှုရှိတယ်ဆိုတဲ့ အသံလေးတွေ ထွက်ခဲ့တာ ရှိပေမယ့် ဆိုးရွားတဲ့အခြေအနေမဖြစ်ပေါ်ခဲ့ပါဘူး။

 တင်ပြတိုင်ကြားမှုတွေကို အထိုက်အလျှောက် ဖြေရှင်း ဆောင်ရွက်ပေးခဲ့တဲ့ အခြေအနေရှိပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲကို စီစဉ်ကျင်းပပေးခဲ့တဲ့ ဦးတင်အေးကော်မရှင်ဟာ မဲလိမ်မဲခိုးပြဿနာဘာမှမရှိဘဲရွေးကောက်ပွဲကို ကျင်းပပေးခဲ့ပြီး USDP ရဲ့ ပြိုင်ဘက် အတိုက်အခံ NLD ပါတီကိုလည်း သမ္မတကြီး ဦးသိန်းစိန်က အသာတကြည် အာဏာလွှဲပြောင်းပေးခဲ့တဲ့ မှတ်တမ်းဟာ အထင်အရှား ရှိခဲ့ပါတယ်။

NLD ပါတီအာဏာရလာတဲ့ အချိန်မှာ သမ္မတက ဦးထင်ကျော်ဖြစ်စေ၊ ဦးဝင်းမြင့်ဖြစ်စေ ဒေါ်စုကြည်ရဲ့ သြဇာခံပဲ ဖြစ်ပါတယ်။ ဒေါ်စုကြည်ကို ဦးထိပ်တင်ခဲ့ကြတာကိုတော့ လက်မခံလို့ မရပါဘူး။ ဒေါ်စုကြည်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉(စ) အရ သမ္မအရည်ချင်း ပျက်ယွင်းနေတာဖြစ်တဲ့အတွက် ဒေါ်စုကြည်ရဲ့ ကိုယ်စား ပြယုဂ်သမ္မတအဖြစ် နေပေးကြသူတွေပဲ ဖြစ်ပါတယ်။ 

ဒီမိုကရေစီအိုင်ကွန်အဖြစ် တင်စားခြင်းခံရတဲ့ ဒေါ်စုကြည် ဖွဲ့စည်းခဲ့တဲ့ ရွေးကောက်ပွဲကော်မရှင်ကတော့ ၂၀၂၀ ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ မြန်မာ့သမိုင်းမှာရော ကမ္ဘာ့သမိုင်းမှာပါ မကြားခဲ့ရဖူးတဲ့ ၁၁သန်းကျော် မဲခိုးမှုကြီးကို ကျူးလွန်ခဲ့ပါတယ်။

ဒီကိစ္စအတွက် ဖြေရှင်းပေးဖို့ ပြည်သူတွေက ဆန္ဒပြတောင်းဆိုကြသလို ပါတီတွေအပိုင်းကလည်း ဖြစ်စဉ်ဖြစ်ရပ် အလိုက် တိုင်ကြားမှုတွေ ဖြေရှင်းပေးဖို့ တောင်းဆိုတာတွေ လုပ်ခဲ့ကြသော်လည်း လုံးဝမျက်ကွယ်ပြုခဲ့ပါတယ်။ ပြဿနာကို မဖြေရှင်းဘဲ တင်းခံ ငြင်းဆန်ရင်း အစိုးရအသစ်ဖွဲ့နိုင်ဖို့လည်း တစ်ဖက်က ကြိုးစားလုပ်ဆောင် လာခဲ့ပါတယ်။

အရေးပေါ်အခြေအနေမှာ တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားတဲ့ တာဝန်အရ တပ်မတော်က ဝင်ရောက်လာပြီး တပ်မတော်သား မိသားစုဝင်တွေ မဲပေးခဲ့တဲ့ နယ်မြေတွေက မဲစာရင်းတွေကို စစ်ဆေးခွင့်ပြုဖို့ ရွေးကောက်ပွဲကော်မရှင်ထံ အချက်အလက်တွေ မိတ္တူကူးယူခွင့် တောင်းခံခြင်းကိုလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ခွင့်မပြုခဲ့ပါဘူး။ ဒီလုပ်ရပ်ဟာ အလိမ်ပေါ်မှာကို အလွန်အမင်း စိုးရိမ်ထိတ်လန့်နေတယ်ဆိုတာ ထင်ရှားစေခဲ့ပါတယ်။

တပ်မတော်က ရွေးကောက်ခံ ကိုယ်စားလှယ်လောင်းတွေထံ ဖြန့်ဝေထားတဲ့ မဲစာရင်းနဲ့ တစ်နိုင်လုံးအတိုင်းအတာဖြင့် မဲပေးခဲ့တဲ့ စာရင်းတွေကို အပြန်အလှန်လှန် စစ်ဆေးလိုက်တဲ့အခါမှာတော့အသက်(၁၀၀)ကျော် သေဆုံးပြီး ပုဂ္ဂိုလ်တွေ မဲစာရင်းမှာ ပါဝင်နေသလို အသက် (၁၈)နှစ် အပြည့်သေးတဲ့သူတွေလည်း မဲပေးခွင့် ရရှိတဲ့အခြေအနေတွေကို စိစစ်တွေ့ရှိရပါတယ်။

 နိုင်ငံသားစိစစ်ရေးကတ်ပြားမပါဘဲ မဲပေးခွင့် ရသူတွေ ရှိသလို တစ်ယောက်တည်းက မဲစာရင်းမှာ နှစ်ကြိမ်၊ သုံးကြိမ် ပါဝင်နေတာတွေလည်း စိစစ်တွေ့ရှိရပါတယ်။ ဒါကို ဖြေရှင်းဖို့ တပ်မတော်က တိုက်တွန်းတောင်းဆို ပြန်တော့လည်း တင်းခံပြီး ငြင်းဆန်မြဲပါပဲ။

NLD ပါတီက အစိုးရသစ်ဖွဲ့မယ့်နေ့မှာတော့ တပ်မတော်က လက်ဦးမှု ရယူပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၇ အရ NLD ပါတီဟာ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို အဓမ္မနည်းနဲ့ ရယူဖို့ကြိုးစားခြင်း ဖြစ်တဲ့အတွက် NLD ခေါင်းဆောင်ပိုင်းတွေကို ထိန်းသိမ်းလိုက်ရတဲ့အခြေအနေကို ရောက်ရှိသွားခဲ့ပါတယ်။

NLD ပါတီက မြန်မာ့သမိုင်းမှာ အဆိုးရွားဆုံး မဲလိမ်မဲခိုး မဲသမာမှုကျူးလွန်ခဲ့တာနဲ့ ပတ်သက်လို့ ဆက်စပ်စဉ်းစား ကြည့်တဲ့အခါ တရားခံဟာ ဒေါ်စုကြည် ဖြစ်နေပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲကို (၁၀၀%) အနိုင်ရချင်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူများကို ပြောခဲ့ပါသတဲ့။ ဒီစကား တွေအတွက် သက်သေရှိပါတယ်။ နော်ဝေနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဒေါ်မော်မော်ကိုယ်တိုင်က ဒေါ်အောင်ဆန်းစုကြည်က (၁၀၀%) အနိုင်ရချင်တဲ့အကြောင်း၊ ဒါကို ရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူများက ဖြစ်နိုင်၏၊ မဖြစ်နိုင်၏ ပြန်လည်တင်ပြခြင်းမရှိဘဲ ရာထူးနေရာ ပျောက်မှာစိုးရိမ်စိတ်နဲ့ မလုပ်သင့်တာတွေကို လုပ်ခဲ့ခြင်းကြောင့် မဲလိမ် မဲခိုး မဲမသမာမှုကြီးဟာ မြန်မာ့သမိုင်းမှာ အဆိုးရွားဆုံး ဖြစ်ခဲ့ရပါတယ်။

မြန်မာ့နိုင်ငံရေးဖြစ်စဉ်ကို ပြည်ပမီဒီယာတွေက ဝေဖန်ရေးသားကြတဲ့အခါ NLD ပါတီလက်ထဲကနေ တပ်မတော်က ထိန်းသိမ်းလိုက်ရတဲ့ အခြေအနေကို အာဏာသိမ်းအစိုးရလို့ ပြစ်တင်ဝေဖန်ကြတာ များပါတယ်။ နိုင်ငံရေးဖြစ်စဉ်ကြီးထဲက အဓိကကျတဲ့ အခန်းကဏ္ဍဖြစ်တဲ့ NLD ပါတီရဲ့ မဲလိမ်မဲခိုးမှုကြီးကိုတော့ ထိန်ချန်ဖော်ပြကြလေ့ရှိပါတယ်။ ဒီလိုထိန်ချန်ဖော်ပြခြင်းဟာ မီဒီယာကျင့်ဝတ်နဲ့ ညီညွတ်တဲ့ လုပ်ရပ်မဟုတ်ပေမယ့် NLD ပါတီကို ဝန်းရံပြီး တပ်မတော်အပေါ် အများပြည်သူက အမုန်းပွားလာအောင် မဲသူခိုးပါတီ NLD ကို ထောက်ခံသူတွေကို တော်လှန်ပုန်ကန်ချင်စိတ်တွေ ဖြစ်လာအောင် မီးလောင်ရာ လေပင့်၊ ဓာတ်ဆီလောင်းပေးတဲ့ ရေးသားလှုံ့ဆော်ဖော်ပြချက်တွေပဲ ဖြစ်ပါတယ်။

တပ်မတော်က အာဏာထိန်းသိမ်းအပြီးမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖောက်ဖျက်တဲ့ လုပ်ရပ်တွေအတွက် ဘာတစ်ခုမှ အရေးမယူခဲ့ပါဘူး။ NLD ပါတီအာဏာရစဉ်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုတဲ့ အရှိန်အဝါနဲ့ လာဘ်လာဘယူခဲ့တဲ့ ကိစ္စတွေ၊ နိုင်ငံတော်ဘဏ္ဍာဆုံးရှုံးအောင်လုပ်ပြီး ဒေါ်ခင်ကြည်ဖော

#မှတ်ချက်!----(မက်ဆင်ဂျာမှပို့လာသမျှသာ)
ဘာလဲကွာ!-- ဖတ်ကောင်းတုန်းမီးပျက်သွားတယ်