Monday, January 31, 2022

#အေးချမ်းပါစေအမိမြေ


😢ဒေါင်း တွေလဲ 
တ ဖြုတ်ဖြုတ်ကြွေ ...
ကြံ့ တွေလဲ
တ ဖြုတ်ဖြုတ်ကြွေ ...
စစ်စိမ်း တွေလဲ
တ ဖြုတ်ဖြုတ်ကြွေ...
တိုင်းရင်းသား လက်နက်ကိုင်တွေလဲ
တ ဖြုတ်ဖြုတ်ကြွေ ...
အပြစ်မဲ့ပြည်သူတွေလဲ
တဖြုတ်ဖြုတ်ကြွေ...

ပန်းတွေ နဲ့ ဝေနေတာ
ပန်းပန်လျက် ရှိနေတာကတော့
လက်နက်မှောင်ခိုသမား တွေ နဲ့
ပြည်ပကနေ ခလောက်ဆန်
ပြည်တွင်းမှာနေပြီး မီးမွေး မီးရှိူ့နေတဲ့
ဒေါ်လာစား NGO တွေ နဲ့
လက်နက်တွေ ကို ရောင်းချပေးနေတဲ့
နိုင်ငံ တွေ ပါ ဘဲ ...

တရုတ် က အစ
ရုရှား နဲ့ အစ္စရေး အလယ်
အမေရိကန် နဲ့ EU အဆုံး 

သူတို့ လက်နက် ရောင်းရဖို့
NGO အမည်ခံ ဒေါ်လာစားတွေ
ခလောက်ဆန် ဖို့ 
သူတို့ ထမင်းအိုး မကွဲ ဖို့ ...

မြန်မာပြည် ကို မီးတင်ရှို့ပြီး
စစ်တလင်း ပြင် ဖြစ်အောင်
လုပ်နေ ကြတယ် ...

စာဖတ်ပါ ..
စာတွေ ဖတ်ကြပါ ..

Facebook မှာတင်
လမ်းမဆုံး ကြပါနဲ့ 

Google ကိုပါ ခေါက် ကြည့်ပါ ...

ဆယ်လီလော်ဘီတွေရဲ့ 
စကားတွေ နဲ့ လမ်းမဆုံး ကြပါနဲ့ ...

မြန်မာပြည်ကြီး
အလုံးစုံ ပျက်သုန်းသွားမှာ 😥😥😥

😥ကိုယ်တွေ သေသွားရင်တောင်
ကိုယ့်သားသမီး တွေကို 
ခွက်ဆွဲ တောင်းစားရမယ့်
နိုင်ငံထဲ မထားခဲ့ကြပါနဲ့ ...

😭#နောက်ဆုံး ပြောရရင်
ဘယ်သူသေသေ 
ကိုယ့် ရင်ဘတ်ထဲက နာတယ်...

😢ဘယ်ဖက်ကသေ ရင် ညာဖက်က ဟား
ညာဖက်က သေရင် ဘယ်ဖက်က ရယ်မော
နေတဲ့ သူတွေ အထဲ မှာ ကျွန်တော်မပါဘူး ...

ကိုယ့်လိပ်ပြာ ကိုယ်
အသန့်ရှင်းဆုံး လုံတယ် ...

ဘယ်သူ တဦးတယောက် သေတာကိုမှ
ဒီနေ့ဒီချိန်ထိ ဝမ်းမြောက်ဝမ်းသာ
မဖြစ်ခဲ့ ဖူးဘူး ...

ကိုယ်လဲ မတားဆီးနိုင်ဘူး ...😥😥😥

#credit

ရင်ဘတ်ချင်းတူ ၍ ကူးယူ ဖော်ပြပါတယ်။

Related Posts:

  • အိမ်နီးချင်းကောင်း....ပီသ...ပါပေတယ်ဘယ်သူက....မိမိ..အိမ်နီးချင်းကို failed state ဖြစ်စေချင်ပါ့မလဲ?အနောက်နိုင်ငံနဲ့...ဒေါ်လာစားတွေ..ဖြစ်ချေင်တာ..failed stateသူတို့..က..နိုင်ငံရေး..နားမလည်လို့ပါ...failed state ဖြစ်ရင်....ပြည်သူတွေပဲ...ခံ..ရတာပါ...အစိုးရ..ပြုတ်...… Read More
  • ကိုဗစ်ကာကွယ်ဆေး ထိုးကြပါဒီနိုင်ငံမှာ လက်ရှိထိုးပေးနေတဲ့ ကာကွယ်ဆေးက တရုတ်နိုင်ငံထုတ် Sinopharm အမျိုးအစားဖြစ်လို့ WHO က အသိအမှတ် မပြုဘူး၊ အခုပျံ့နှံ့နေနေတဲ့ ကိုဗစ်မျိုးစိတ်သစ်တွေကို မကာကွယ်နိုင်ဘူးလို့ fb ပေါ်မှာ မြင်သိနေရလို့ ဒီကာကွယ်ဆေးနဲ့ ပတ်သက်ပြ… Read More
  • " ဝိုင်းမော် ခလရ ၅၈ ရဲ့ အောင်ပွဲ "- ဝိုင်းမော်က မုန့်ဟင်းခါး က ရှမ်းမြောက်အထိကို  မွှေးနေတာဘဲ😋  ပွဲကြီး ၊ ပွဲသေး စုံနေတာဘဲဗျ😋( ၁ ) KIA  မုန့်ဟင်းခါး - ၁၂ ပွဲ😋( ၂ ) PDF မုန့်ဟင်းခါး - ၂၁ ပွဲ😋( ၃ ) မောင်းပြန် - ၂၃ လက်( ၄ ) တူမီး - ၁၃ လက္​စုစုပေါင်း မုန့်ဟင်… Read More
  • ဝိုင်းမော် ခလရ (၅၈)ရဲ့ ဖြစ်စဉ်အပေါ်သုံးသပ် အကြံပြုချက်ဝိုင်းမော် ခလရ (၅၈) ကတော့နောက်ချန်ရဲမေအပေါင်းတို့ရဲ့စစ်စွမ်းရည်သတ္တိဗြတ္တိ အပြည့်နဲ့ အဖိတ်အစင်မဲ့ အောင်ပန်းဆင်နိုင်ခဲ့ပါပြီ။°°°°°°°°°°°°°°°°°°လွန်ခဲ့တဲ့  ၂၀၁၇ လောက်တုန်းက(ခုနှစ်တော့ မှားနိုင်ပါတယ်)ရှမ်းမြောက်မှာရှိတဲ့  နမ္မတူ… Read More
  • 4.8.2021 ပွင့်ဖြူ ယနေ့ နံနက်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမြို့နယ်ပါတီ အတွင်းရေးမှူးဦးဆန်းထွန်းနှင့် မြို့နယ်ကော်မတီဝင်များမှပွင့်ဖြူ ပိုးတွေ့လူနာ ဂျပန်ဆောင်နှင့် မိုးကုတ်ရိပ်သာ စုစုပေါင်း၂၀၀ဦးတို့.အား တစ်ဦးလျှင်ငှက်ပျောတစ်ဖီးနှ… Read More