Monday, January 31, 2022

#ဖရဲသီးခရိုင်ရဲမှူးတဦးကိုဖမ်းဆီး


စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့၊ (ခ) ရပ်ကွက်ရှိ ခရိုင်စီအုပ်မံအုပ်ချုပ်ရေးအဖွဲ့ ရုံးပေါင်းစုံရုံးကို ဇန်နဝါရီ ၂၉ ရက်ည၊ ည ၁၁ နာရီကျော်အချိန်ခန့်တွင် PDF အင်အား (၅၀) ဦးခန့်က ၎င်းရုံး၏ အနောက်တောင်ဘက် ၁ မိုင်ခန့်အကွာမှနေ၍ လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အဆိုပါရုံး၌ အခြေပြုလျှက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့မှ ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရသည်။ 

အကြမ်းဖက်သမားပစ်ခတ်သည့် လက်လုပ်စိန်ပြောင်း ဗုံးသီးများမှာ ရုံးအတွင်းသို့ ကျရောက်ခြင်းမရှိဘဲ ရုံး၏အနောက်ဘက် ၄ ဖာလုံခန့်အကွာရှိ ယာခင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ သဖြင့် ထိခိုက်မှုမရှိကြောင်း သိရသည်။
 
ယခုအခါ ယင်းမာပင်ခရိုင်အတွင်းရှိ ရဲစခန်းများအား PDF အကြမ်းဖက်များ၏ တိုက်ခိုက်ခံရမှုမရှိစေရေးအတွက် ခေတ္တခရိုင်ရဲမှူး အေးဝင်း ဦးစီးသည့် လုံခြုံရေးတပ်ဖွဲ့မှ တပ်အသင့်နေရာယူထားရှိကြောင်း သိရသည်။

 ယခုဖြစ်စဥ်မတိုင်မီအတွင်းက ဖြစ်ပွားခဲ့သည့် ဖြစ်စဥ်များအတွင်း၌ အကြမ်းဖက်အုပ်စုများနှင့် အဆက်အသွယ်ရှိခဲ့သည့် ခရိုင်ရဲမှူးတစ်ဦးကို သက်ဆိုင်ရာမှ ဖမ်းဆီးလိုက်ကြောင်း သတင်းများထွက်ပေါ်လျှက်ရှိသည်။

#သူရိယနေဝန်း