Tuesday, January 25, 2022

NLD ထောင်ချောက် နဲ့ တပ်မတော်


အနီပြည်ဖျက်တွေ"လော်သမျှ", ဒေါ်လာစားမီဒီယာတွေ"အော်သမျှ"
လိုက်ယုံပြီး "ငါတို့နိုင်ပြီ"လို့ အဟုတ်ထင် လိုက်လုပ်မမိကြစေဖို့ ဖတ်ပါ,မှတ်ပါ,ဖြန့်ဝေပေးကြပါစို့

#မဲကိစ္စအငြင်းပွားမှုဖြစ်နေစဉ်မှာပဲ 
NLD ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဇော်မြင့်မောင်က
 "တပ်မတော် အာဏာသိမ်းလည်း သူတို့အတွက် အခက်အခဲမရှိဘူး" လို့ ပြောခဲ့ဘူးပါတယ် ။ 

NLD မရှိရင် CRPH ကို အသက်သွင်းဖို့ အစကတည်းက စီစဉ်ပြီးသားပါ ။ အာဏာသိမ်းရင် တပ်ကို ဖျက်ဆီးမယ်ဆိုပြီး ကျိန်းဝါးပြီးသားပါ ။

      #NLD ရဲ့ နောက်ဆုံးအစည်းအဝေးဆုံးဖြတ်ချက်က လူကိုရင်းပြီး တပ်မတော်ကို တိုက်ဖို့ကိစ္စပါ ။ တပ်မတော်ကို တိုက်ဖို့ ပါဝါအပျော့၊ ပါဝါအမာ နှစ်မျိုးစီစဉ်ခဲ့ပါတယ် ။ ပါဝါအပျော့ကတော့ မဲကိစ္စမရှင်းဘဲ ခပ်တည်တည်နဲ့ 
လွှတ်တော်ခေါ်တဲ့ကိစ္စပါ ။( Plan A ပေါ့ )

  #NLD ရဲ့ အရင်းအမြစ်တွေက ဘုန်းထားတဲ့ ငွေတွေရယ် ၊ လူထုထောက်ခံမှုအင်အား၊ လော်ဘီ နဲ့ မီဒီယာအင်အားပါ ။ 

တပ်မတော်မဟုတ်ဘဲ သာမန်စစ်တပ်ဆို လစ်ဗျားနဲ့ ဆီးရီးယားလို လပိုင်းအတွင်း ဖြစ်သွားမယ့်အကွက်ပါ ။ 

ဆယ်နှစ်လောက်စုစည်းထားတဲ့ NLD အမာခံတွေ ၊ လော်ဘီတွေအပါအဝင် အနုပညာရှင်တွေလည်းရှိပါတယ် ။ ထောက်ပံ့ကြေးပေးပြီး စည်းရုံးခဲ့တာတွေလည်းရှိပါတယ် ။ 
ရွေးကောက်ပွဲကာလမှာပဲ နိုင်ငံခြားကထောက်ပံ့ငွေ
အများအပြားလည်း ရရှိလာခဲ့ပါတယ် ။ 

( Plan A )အလုပ်မဖြစ်တဲ့အခါ 
( Plan B )ကို စတင်ပါတော့တယ် ။ တပ်မတော်အာဏာသိမ်းပြီး ရက်ပိုင်းအတွင်း NLD ရဲ့ 
Plan B (CDM) ကို စတင်အသက်သွင်းပါတယ် ။

#ဝန်ကြီးဌာနပေါင်းစုံမှာရှိတဲ့ အနီဆဲလ်တွေ ၊ ဝန်ကြီးပြုတ်တွေအပြင် တပ်မတော်ကအစကနေ
ပြန်ကိုင်ရမှာ ဖြစ်တာကြောင့် CDM က အထိရောက်ဆုံး
ဖြစ်မယ်လို့ ယူဆခဲ့ကြပါတယ် ။ တိုင်းပြည်တည်ငြိမ်ရေးနဲ့ အစိုးရယန္တယား ရပ်ဆိုင်းသွားအောင် နှစ်ဘက်က ညှပ်တိုက်တဲ့ အကွက်ပါ ။ ဒါပေမယ့် တပ်မတော်က ရက်ပိုင်းအတွင်း အစိုးရဖွဲ့နိုင်တဲ့အပြင် CDM ထောက်ပံ့
ရေးလမ်းကြောင်းတွေ ဖြတ်နိုင်လို့ CDM တိုက်ပွဲကျဆုံး
ခဲ့ရပါတယ် ။ ပညာရေး ၊ ကျန်းမာရေးနဲ့ မီးရထားဝန်ထမ်း
ပါဝင်ခဲ့ပေမယ့် ရာနှုန်းပြည့် မအောင်မြင်ခဲ့ပါဘူး ။

( Plan B )ဖြစ်တဲ့ CDM မအောင်မြင်တဲ့အခါ 
( Plan C )လူထုတိုက်ပွဲကို ပုံဖော်ပါတော့တယ် ။ 

( Plan C )က လူထုနဲ့တပ်မတော်ကို ရန်တိုက်ပေးတဲ့ အကွက်ပါ ။ ပြည်သူတွေဘက်ကိုကျတော့ တပ်က မတရား
ပစ်ခတ်နေသယောင် ၊ အကြမ်းဖက်နှိမ်နင်းသယောင် ဝါဒဖြန့် အမုန်းတရား ရိုက်သွင်းပါတယ် ။
 ဇာတ်နာအောင် လူငယ် ၊ အမျိုးသမီးငယ်နဲ့ 
ကလေးငယ်တွေထည့်သွင်းပါတယ် ။ 

 #တပ်မတော်နှိမ်နင်းပုံသီးသန့်ရိုက်ကူးပြီး ဝါဒဖြန့်ပါတယ် ဒီလိုနဲ့ လူထုကြားမှာ အမုန်းတရားပွားလာအောင် သတင်းမှားတွေနဲ့ Psywar လုပ်ပါတယ် ။ 

#တပ်မတော်ဘက်က ဒါတွေကို သိလို့ ထိန်းထိန်းသိမ်းသိမ်း
ကိုင်တွယ် ၊ မဖြစ်မနေမှ ပစ်ခတ်တဲ့အခါ CRPH အနေနဲ့ လုပ်ရကိုင်ရ ခက်လာပါတယ် ။

 #တပ်မတော် gp တွေထဲဝင်ပြီး အကြမ်းဖက်ကိုင်တွယ်ဖို့ ၊ ခေါင်းဆောင် အရည်အချင်း ညံ့ဖျင်းသယောင်ဝါဒဖြန့်
လာကြပါတယ် ။ တပ်မတော်ဘက်က သည်းမခံနိုင်လို့ ပိုပြီး အကြမ်းဖက် ဖြိုခွင်းလာရင်"#ပိုပြီးမျက်ရည်ချူလို့ရပါပြီ" နောက်ဆုံး လူထုက လမ်းပေါ် ပြန်ထွက် လက်ရှိ Fighter တွေနဲ့ပေါင်းပြီး အီဂျစ်လို တပ်ကိုသိမ်းအောင် လုပ်တာပါ ။

 #Plan C က ပြည်သူနဲ့တပ်မတော်ကို ရန်တိုက်ပေး
တာကြောင့် နှစ်ဖက်စလုံးကြမ်းမှ အလုပ်ဖြစ်မှာပါ။ နောက်ပိုင်းမှာ တပ်မတော်နဲ့ရဲတွေ သည်းမခံနိုင်အောင် လုံခြုံရေးတပ်ဖွဲ့တွေကိုရွေးပြီး သတ်ဖြတ်လာတဲ့အဆင့် ရောက်လာပါတယ် ။ 

 #တပ်မတော်ကတော့ ပြည်သူတွေ အမြင်မမှားအောင် ခံစစ်အဆင့်က မတက်သေးပါဘူး ။ တပ်မတော်ကြမ်းမှ သူတို့အလုပ်ဖြစ်မှာပါ ။ တပ်မတော်ဘက်က ရေရှည်စစ်ပွဲလို သဘောထားပြီး တဖြည်းဖြည်းချင်း ချေမှုန်းနေတာ တွေ့ရပါတယ် ။ အရင်းအနှီးလည်း များပါတယ် ။ 
ထောက်ပို့လမ်းကြောင်းတွေကို ဖြတ်တောက်နေပါတယ် ။ CRPH ဘက်ကလည်း ဇာတ်ရှိန်တက်အောင် မီးထိုးပေးနေပါတယ် ။ 

 #ပြည်သူတွေအနေနဲ့ ဒီလိုအခင်းအကျင်းမျိုးတွေကို မြင်တတ်ဖို့ လိုပါတယ် ။ တပ်မတော်ဘက်က ခြေလှမ်းမမှား
ရအောင် ဂရုစိုက်လုပ်နေရတဲ့ သဘောမှာ ရှိပါတယ် ။ 

အားမလို အားမရမဖြစ်ပါနဲ့ ။ စစ်ပွဲတစ်ပွဲရဲ့အသက်ဟာ အရင်းအမြစ် အင်အားပါ ။ CRPH မှာ အကန့်အသတ် ရှိပါတယ် ။ တပ်မတော်မှာ လူအား ၊ ငွေအင်အား အများကြီး ရှိပါတယ် ။ NLD နဲ့ သူ့ရဲ့ကိုယ်ပွား CRPH က ဘဝနဲ့ရင်းပြီး တိုက်တဲ့ စစ်ပွဲဖြစ်လို့ အချိန်ကြာနိုင်ပါတယ် ။ 

 #အရေးအကြီးဆုံးက တပ်မတော်ဘက် မှာ ထောက်ခံသူတွေ ၊ ဝန်းရံသူတွေရှိနေသမျှ ဒီစစ်ပွဲ ဘယ်တော့မှ မရှုံးပါဘူး ..။

#တိုင်းပြည်ပျက်စီးအောင် လုပ်သူများ တဖြေးဖြေးနဲ့
ကျဆုံးနေပြီဆိုတာ အားလုံးမြင်တဲ့အတိုင်းပါပဲ။

ဆလိုင်းငွန်ကျုံးလျန်

Related Posts:

  • ပြုံယမ်း မှ နေပြည်တော်၏ အနာဂါတ်သို့ (၂)      1998 မေလ မှာ " ပင်လယ်ပြင် စိုးမိုးရေး " ဆိုတဲ့ စီမံချက် ပြုလုပ်ပြီး မြန်မာ့ပင်လယ်အတွင်းရှိ ကျွန်းများ အပေါ်မှာ တရားမဝင် လာရောက်နေထိုင်သူများအား ဖယ်ရှားဖို့ ဆောင်ရွက်ပါတယ် ။      မြန်မာ့ရေပိုင်နက် ကော့သောင်းခရိုင် ခရစ်စတ… Read More
  • ပြုံယမ်း မှ နေပြည်တော်၏ အနာဂါတ်သို့ ( ၁)      2004 ခုနှစ်၏ နိုင်ငံတော်အဆင့် မိတ်ဆုံစားပွဲတခုတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် အတူ တဝိုင်းထဲထိုင်၍ အတူစားသောက်နေသော ဝန်ကြီး ၂ ပါးကတော့ကျောက်ဆည်သား ငယ်သူချင်း ၂ ဦးဖြစ်သူ ဆောက်လုပ်ရေးဝန်ကြီး ဗိုလ်ချုပ်စောထွန်း နဲ့ တ… Read More
  • ပြုံယမ်း မှ နေပြည်တော် အနာဂါတ်ဆီသို့ (4)       ဦးရွှေမန်းတို့ အဖွဲ့ဟာ ပြုံယမ်းမှာ 2008 ကုန်ပိုင်းကာလ၌ ချုပ်ဆိုခဲ့တဲ့ စစ်ရေးစာချုပ်တွေမှာ ဘယ်အချက်တွေ ပါဝင်နေပါသလဲ ? စိတ်ဝင်စားစရာ ကောင်းတဲ့ ပိုင်းက စလာပါပြီ ။     သာမန် လှိုဏ်ခေါင်းတူးခြင်း ၊ နျူထိပ်ဖူးတပ် ဒုံးများထုတ… Read More
  • UN ဆိုသည်မှာမြောက်ကိုးရီးယားက ညူကလီးယားလက်နက်တွေပစ်လွှတ်ချင်သလောက်ပစ်လွှတ် UN နဲ့ US ကဘာမှမပြောရဲဘူး။မြောက်ကိုးရီးယားနောက်မှာ တရုတ်လက်မဲကြီးရှိလို့။အစ္စရေးက ပါလက်စတိုင်းတွေကို လေယာဉ်နဲ့ဘယ်လောက်ပဲ ဗုံးကြဲ ဗုံးကြဲ UN နဲ့ တရုတ်ကြီးကဘာမှမပြေ… Read More
  • ပြုံယမ်းမှသည် နေပြည်တော်၏အနာဂတ်ဆီသို့(၃)        မြန်မာဟာ 1990 ကျော်ကာလများမှာပြုံယမ်းနဲ့ သံအဆက်အသွယ် ဖြတ်ထားလို့တရားဝင် ဆက်သွယ်ဖို့ မလွယ်ပါဘူး ။ ပြဿနာက 10-10-1983  မှာ ရန်ကုန်မြို့ အာဇာနည် ဗိမ္မာန်အားမြောက်ကိုရီးယား မှ လာရောက် ဗုံးဖောက်ခွဲ၍ ဖြစ်ပါတယ် ။      အဲဒီမတိ… Read More