Thursday, January 27, 2022

ဝင်ချင်အုံးဟဲ့ NATO


US နဲ့ UK က သံရုံးမိသားစုတွေပြန်
ခေါ်သွားပြီ။ယူကရိန်းကို လက်နက်
တော့ပေးတယ်။လူမပေးဘူး။နယ်
စပ်မှာတော့ စစ်သား၅၀၀၀၀လောက်
ဖြန့်ချဘို့ ဆွေးနွေးဆဲလို့ ပြောတယ်။

ဂျာမဏီကလည်း ဆေးရုံတော့ပေးမယ်။လက်နက်မပေးဘူးတဲ့။

ရည်ရွယ်ချက်က ယူကရိန်း - ရုရှားစစ်ပွဲမှာUS နဲ့ NATO ဟာ ယူကရိန်းဖက်ကနေပြီး စစ်မတိုက်ပေး
ဘူး။မင်းတို့ဖာသာ မင်းတို့တိုက် ၊ ငါ့ပြည်သူတွေ အသေ
မခံနိုင်ဘူး ။ 
မင်းတို့ ယူကရိန်းပြည်သူတွေပဲ အသေခံကြလို့
ပြောတဲ့ သဘော။

US နဲ့ NATO ဘာကြောင့် ယူကရိန်းဘက်ကနေ ဝင်မ
တိုက်ပေးတာလဲ ။ 

သူတို့ ယူကရိန်းဘက်က ဝင်တိုက်လို့ ယူကရိန်းစစ်ထဲ
သူတို့ စစ်သားတွေနစ်မြုတ်နေချိန် ၊ ကျွံဝင်နေချိန်မှာ
တရုတ်က ထိုင်ဝမ်ကို ဝင်တိုက်ရင် သူတို့ယူကရိန်းစစ်ပွဲ
ကနေ ချက်ချင်း ပြန်ထွက်ပြီး ထိုင်ဝမ်ကို မကူနိုင်ရင်
ထိုင်ဝမ် တရုတ်လက်ပါသွားမယ်။

ထိုင်ဝမ်ကို တရုတ်လက်အပါခံလို့ မရဘူး။
ယူကရိန်းကို ရုရှားလက်အပါခံလို့ရတယ်။

ဘာကြောင်လဲဆိုတော့ -
ထိုင်ဝမ်တရုတ်လက်ပါရင် ဂျပန်လည်းပါပြီ
ဂျပန်ပါရင် အော်ဇီလည်းပါပြီ။
အော်ဇီပါရင် အင်ဒိုပစ္စဖိတ်ဒေသပါပြီ။

ဒါကြောင့် ယူကရိန်းကို ရုရှားလက်ထဲထည့်မယ်။
ထိုင်ဝမ်ကိုတော့ တရုတ်လက်ထဲ မထည့်နိုင်ဘူး။

နောက်တစ်ချက်က
ယူကရိန်းနဲ့ ရုရှား ၊ တရုတ်နဲ့ ထိုင်ဝမ် စစ်ဖြစ်နေချိန်မှာ
အီရန်က အစ္စရေးကို ဝင်တိုက်မလားဆိုတဲ့ ဆူးတစ်ချောင်း
ကလည်း သူတို့ရင်ထဲကို လာစိုက်နေတယ်။

ပြောချင်တာက
မြန်မာတွေ US ကို ယုံကြည်ပြီး မြန်မာပြည်ကို
ဝ ကွက်ပြီး US လက်ထဲ ထိုးမထည့်ပါနဲ့။

ဒီမိုကရေစီကို အကြောင်းပြပြီး အာဖဂန်ကိုမြှောက်ပေး
တယ် ။ မနိုင်တော့ အာဖဂန်ပြည်သူတွေကို တာလီဘန်
တွေလက်ထဲ ခွေးသေဝက်သေဆိုပြီး ထားပြစ်ခဲ့တယ်။

အခုလည်း 
ယူကရိန်းပြည်သူတွေကို ရုရှားလက်ထဲမှာ ကျီးထိုးထိုး
ခွေးစားစား ထားပြစ်ခဲ့အုံးမယ်။

အနာဂတ်ကို ဟောတဲ့ နက္ခတ်ပညာရှင်တွေကတော့
ပြောတယ်။
ဖေ ၂၁ ရက်အတွင်း ရုရှား - ယူကရိန်း စစ်ဖြစ်မယ်တဲ့။

ဒါဆိုရင်
ဖေ ၂၁ မှာ လုပ်မဲ့ ICJ ပျက်ပြီပေါ့။

#ဆီမီးအိမ်

Related Posts:

  • အသန်း ရေးတဲ့ ရွှေရူပါဦး အကြောင်းသမီးလေးရွှေရူပါဦးရဲ့အဖေကတပ်မတော်သားအငြိမ်းစားတစ်ယောက် ........အမေကစစ်တပ်ထိရင် ဇတ်ဇတ်ကြဲ စွာလန်နေတဲ့ နွယ်နီနိုင် .........သူတို့သမီးလေးကို စစ်တပ်ချစ်တတ်အောင်မိဘတွေကသွန်သင်ပေးခဲ့လို့ သာ အနုပညာရှင်တစ်ယောက်အဖြစ်ရပ်တည်လိုတဲ့ သမီးလ… Read More
  • #ကိုဗစ်နဲ့လုပ်စားနေကြသူများCDM ဆေးဝန်ထမ်းတွေ လက်ဖျားငွေသီးနေတာ သိကြလား❓ မြို့တိုင်းမှာ ကြိတ်ကုတွေ တပုံချည်းပဲ အစိုးရ စစ်ဆေးရေးဌာနတွေမှာ စစ်လို့ P ထွက်နေကြောင်း စာရွက်ထုတ်ပေးတာတောင်  အိမ်မှာကြိတ်ကုတွေရှိသလို ဖျားလို့ ကိုယ့်ဟာကိုယ် စစ်ပြီး P မို့လို့ ကြိ… Read More
  • ကိုချိုကြီးကျွန်တော် အကြမ်းဖက် သမား မဟုတ်ဘူးငြိမ်းချမ်းရေးသမား ဖြစ်တဲ့အတွက်အကြမ်း မဖက်တဲ့ ငြိမ်းချမ်းရေး နည်းလမ်းတွေနဲ့ပဲ ကျွန်တော် လုပ်မယ် ..... ။#kochogyi (U.S.A)...အမှန်တရားကိုမြတ်နိုးသောအမှန်တရားဘက်က ရပ်တည်နိုင်စွမ်းရှိသောအမှန်တရားအ… Read More
  • ဗိုလ်ချုပ်အောင်ဆန်းပုံရိပ်နဲ့ အန်တီစု ဖြစ်လာတာ ဘာဆန်းလဲအန်တီစု ပုံရိပ်နဲ့ NLD ဖြစ်လာတာ ဘာဆန်းလဲNLD ပုံရိပ်နဲ့၁၀တန်းမအောင်တွေ လွှတ်တော်အမတ်ဖြစ်လာတာ ဘာဆန်းလဲအဲ့ လွှတ်တော်အမတ်တွေပုံရိပ်နဲ့ဗုဒ္ဓဘာသာအရေးတွေ တန်းညှိခံလာရတာဘာဆန်းလဲအဲ့သလိုတန်းညှိခံလာရတဲ့ ပုံရိပ်နဲ့လူမလေးခွေးမခန့် ကိုယ့့်… Read More
  • NLD ၅-နှစ်အုပ်ချုပ်လိုက်တာ....👎..😁#credit… Read More