Thursday, January 27, 2022

အများပြည်သူလူထုသိရှိစေရန်သတင်းထုတ်ပြန်ချက်


နေပြည်တော်၊ ဇန်နဝါရီ - ၂၅

ယခုအခါ အကြမ်းဖက်အုပ်စုများ
ဖြစ်သည့် CRPH NUGနှင့် ယင်းတို့
လက်အောက်ခံအဖွဲ့အစည်းများ၊ယင်း
တို့နှင့်ဆက်နွယ်နေသော အဖွဲ့အစည်း
များ၊လူပုဂ္ဂိုလ်များ၏ Facebook 
Accountများမှ နိုင်ငံတော်တည်ငြိမ်
ရေးကို ပျက်ပြားစေရန်နှင့်ပြည်သူ
လူထုအား ကြောက်ရွံ့ထိတ်လန့်မှု
ဖြစ်ပေါ်စေရန် ရည်ရွယ်ပြီး 
silencestrike (အသံတိတ်သပိတ်)ပြုလုပ်ရန်၊ လက်ခုပ်တီးခြင်း၊ သံပုံးတီးခြင်း၊ ကားဟွန်း
တီးခြင်းများ စသည်ဖြင့် အသံထွက်သပိတ်ပြုလုပ်ရန် လှုံ့ဆော်မှုများ လူမှုကွန်ရက်များ၌
ပျံ့နှံ့နေသည်ကို တွေ့ရှိရပါသည်။ 

ယင်းသို့ လှုံ့ဆော်မှုများအပေါ် 
ပြည်သူများအနေဖြင့်
လိုက်ပါလုပ်ဆောင်မိပါက 
ဥပဒေအရ အရေးယူခံရနိုင်သဖြင့် 
အများပြည်သူသိရှိနိုင်စေရန်
အောက်ပါအတိုင်း သတင်းထုတ်ပြန်ထားပါသည်။

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော 
CRPH ၊ NUG နှင့် ယင်းတို့၏
လက်အောက်ခံအဖွဲ့အစည်းမျာ
ယင်းတို့နှင့်ဆက်နွယ်နေသေား၊  
အဖွဲ့အစည်းများ၊လူပုဂ္ဂိုလ်များသည် 
နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို 
ပျက်ပြားစေရန်နှင့် ပြည်သူ
လူထုကို အကြောက်တရားများ 
ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ
ပျက်ပြားစေရန်ရည်ရွယ်လျက် 
လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ 
ခြိမ်းခြောက်ခြင်းများကို 
လူမှုကွန်ရက်များမှ
တစ်ဆင့် နည်းမျိုးစုံဖြင့် 
ပြုလုပ်လျက်ရှိပါသည်။

ပြည်သူများအနေဖြင့် ယင်းတို့၏ 
လှုံဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် 
မသိနားမလည်၍ ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ 
လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ 
ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့်ဖြစ်စေ 
အများပြည်သူ အနှောင့်အယှက်ဖြစ်စေမည့် 
ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများ
ပြုလုပ်လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က
နှင့် ပုဒ်မ ၅၀၅-က ၊ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃(က)
နှင့်တည်ဆဲဥပဒေများအရ အရေးယူခံရနိုင်ပါသည်။

ထို့ပြင်ပြစ်မှုနှင့်သက်ဆိုင်သည့် 
ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ 
မရွှေ့ပြောင်းနိုင်သော
ပစ္စည်းများကို အကြမ်းဖက်မှုတိုက်ဖျက်ရေး
ဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး 
ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက 
နိုင်ငံဘဏ္ဍာအဖြစ် သိမ်းဆည်းခံရနိုင်ပါသည်။

သို့ဖြစ်ပါ၍ပြည်သူများအနေဖြင့် 
အကြမ်းဖက်အုပ်စုများ၊ ယင်းတို့၏ 
လက်အောက်ခံအဖွဲ့အစည်းများ၊ 
ယင်းတို့နှင့်ဆက်နွယ်နေသူ လူပုဂ္ဂိုလ်များ၏ 
လှုံ့ဆော်ဝါဒဖြန့်မှုများ
အပေါ် လိုက်ပါပြုလုပ်ခြင်း
မပြုကြရန်နှင့် ပြုလုပ်ပါက 
ဥပဒေအရ အရေးယူခံရနိုင်ကြောင်း 
အသိပေးထုတ်ပြန်အပ်ပါသည်
ဟုပါရှိပါသည်။

#ရှု့ထောင်မှုခင်းနှင့်သတင်းမီဒီယာ

Related Posts:

  • မော်စကိုမှာ သတဲ့လမင်းကြီးအမိမြန်မာပြည် ပြန်ရောက်လာပါပြီပူတင်က လေယဉ်ပြန်လှည့်ခိုင်းပြီးဖမ်းစီးတော့မယ်ဆိုတဲ့  လမင်းကြီးဆီးချိုတက်လို့ လေယဉ်ပြန်လှည့်သွားတယ်ဆိုတဲ့ လမင်းကြီး              US က ဘိန်းရာဇာလို့ စွပ်စွဲပြီးလေယဉ်အဆင်း စီးဖမ်းတော့… Read More
  • အလှူခံပြီး...တာဝန်ကြတော့မခံ...     ဖေ​ဖော်ဝါရီ(၁)ရက်နေ့နောက်ပိုင် NUG အတွက် အလှူခံပွဲတွေ ဆက်တိုက် အမေရိကမှာ၊ ဂျပန်မှာ၊ စင်ကာပူမှာ၊ ယိုးဒယားမှာ အလှူငွေတွေ ဒေါ်လာသိန်းချီရတယ် ဆိုပဲ အောက်ခြေ PDF တွေလက်ထဲ ဘယ်နှပြားရောက် လည်းတော့မသိဘူး။ အူကြောင်… Read More
  • USတို့ စိတ်ပူစရာမလိုတဲ့ တောတွင်း လူသတ်ပွဲ(#ဒါ မျိုး ကို ကျေနပ်တယ်မလား?#ဒါမျိုး လုပ်ချင် နေကြတယ် မဟုတ်လား?#ကိုယ်အိမ်မှာ ပဲ ကြက်ဖလုပ်လို့ ရမယ်#သူများအိမ်ရောက်ရင် ကြက်မပဲ##ဘယ်သူ တွန်ရဲသလဲ...ပြောကြည့် လိုက်...)#COPY Speak Outဒီနေ့မနက်က လူငယ်လေးတွေကို ရိုက်နှက်နေတဲ့… Read More
  • ဝေဝေနု ကိုလျှော့တွက်ထားပါသလား ? ချိန်သားကိုက်ပေါ်လာတာ အကြောင်းမဲ့ဟုထင်နေပါသလား ? ******************************ဝေဝေနု ဟားဗက် ကျောင်းဆင်း နိုင်ငံတကာဥပဒေပညာရှင်ဖြစ်***********************************ဝေဝေနု လက်ထဲ မှာယင်းတို့အလိုကျ ရေးဆွဲပြီးသား အခြေခံဥပဒေ… Read More
  • ဇောက်တိ ဇောက်ထိုး နိုင်ငံရေး          Covid ကာလမှာ အိမ်တွင်းပုန်းရင်း ရောက်တတ်ရာရာတွေကို တွေးနေမိရင် ကိုယ်ကောင်းစွာ သိမှီရလိုက်တဲ့ မဆလ ခေတ်ကနေ ဒီကနေ့အထိ နိုင်ငံဖြစ်စဥ်တွေ အခင်းအကျင်းတွေကို ပြန်စဥ်းနေမိပါတယ် ။     … Read More