Monday, January 31, 2022

မေတ္တာဆိုတာ အလျှားအနံမရှိပေမယ့် အသွားအပြန်တော့ ရှိတယ်ဆိုတဲ့စကားကို လက်ခံတယ်ဗျာ။


၂၂ပူး အရေးအခင်းဖြစ်တော့ သူတို့နဲ့မတူလို့ ဖိနှိပ်ခံရတယ်၊ Social Punishment အလုပ်ခံရတယ်၊ ဖယ်ကျဥ်ခံရတယ် ကတုံးတုံး တတ်တူးထိုး လူမဆန်အောင် ဖိနှိပ်ခံနေရတဲ့ ပြည်သူတွေဘက်က ကျွန်တော် ရပ်တည်ပြောဆို ဦးဆောင်ပေးခဲ့တယ်။ ကျွန်တော်ဒါတွေလုပ်ခဲ့တာ မေတ္တာရားကိုသာ ကိုးကွယ်ပြီး လုပ်ခဲ့တာပါ။ 

အခုဆို ကျွန်တော်တို့ ဖိနှိပ်ခံ ပြည်သူတွေဟာ စည်းလုံးလာကြသလို၊ အင်အားတောင့်တင်းလာကြပြီ။ အခုဆို ကျွန်တော်ကို ဟိုဖက်ရပ်ကွက်က တိုက်ခိုက်ဆဲဆို စော်ကားနေကြတယ်။ ဒါမေမယ့် စည်းလုံးပြီးအင်အားတောင့်တင်းလာပြီဖြစ်တဲ့ ကျွန်တော်တို့ဘက်ခြမ်းက ပြည်သူတွေ ကျွန်တော့်ကို ဝန်းရံပေးကြတာ ကွန်းမန့်တွေရေးကြတာ၊ အသဲလေးတွေ ဝိုင်းပေးကြတာ၊ ဝိုင်းထောက်ခံကြတာတွေ တွေရတော့ မေတ္တာတရားဟာ အလျှားအနံမရှိပေမယ့် အသွားအပြန်ရှိတယ်ဆိုတဲ့ စကားဟာ မှားသလားနော်။ 

Like ပေးခြင်း၊ Share လုပ်ခြင်း၊ ကွန်းမန့်လေးတွေပေးခြင်း၊ အသဲနှလုံးလေးတွေ ပေးခြင်းတွေပြုလုပ်နေတဲ့ ကျွန်တော်ကိုအားပေးသူ အမျိုးတွေအကုန်လုံးက ကျွန်တော့်လိုဘဲ ကိုးကွယ်ရာတူတဲ့ မေတ္တာတရားကိုသာ ကိုးကွယ်ပြီး ဝန်းရံပေးနေတယ်ဆိုတာ ကျွန်တော်ယုံကြည်ပါတယ်။ Like မပေးရဲ မရှယ်ရဲပေမယ့် Messenger ကနေ နေထိုင်ရတဲ့ပတ်ဝန်းကျင်ကြောင့်ဘာမှမပေးရဲပေမယ့် အားပေးနေတယ်နော်ဆိုတဲ့ အားပေးစကားလေးတွေပို့ပေးကြတယ်။ ကျွန်တော် ကွန်းမန့်ပြန်မရေးနိုင်ပေမယ့် အားလုံးသော Like တွေ၊ အသဲလေးတွေ၊ နှလုံးသားလေးတွေ အကုန်လုံး တစ်ခုချင်းစီကို ရင်ဘက်ကြီးနဲ့ခံစားပြီး ထိုင်ကြည့် ထိုင်ဖတ်နေပါတယ်ဗျာ။ မေတ္တာတရားကြောင့် ကျွန်တော်တို့စည်းလုံးကြတယ် ဖိနှိပ်ခံရမှုတွေက လွတ်မြောက်ကြတယ်။ 

ကျွန်တော်တို့ ရပ်ကွက်ရဲ့ မွန်မြတ်တဲ့မေတ္တာတရားကို ဒီမှာပဲရပ်မနေသင့်ဘူး၊ ဒို့မေတ္တာစွမ်း ကမ္ဘာထက်လွှမ်းကြပါဆို့။ ဘာမသိညာမသိ နီနေရ၊ အန်ယူဂျီနေရတဲ့ လူတွေကိုလည်း မေတ္တာထားပြီး လမ်းမှန်ပြပေးသင့်ပါတယ်။ ခေါင်းဆောင်ကိုးကွယ်မှုမှားပြီး လမ်းပြောက်နေသူတွေကိုလည်း မေတ္တာထားလမ်းပြပေးသင့်ပါတယ်။ စည်းလုံးမှုကောင်းသထက်ကောင်းလာပြီဖြစ်တဲ့ ကျွန်တော်တို့မြန်မာပြည်သူတွေစုစည်းရာ Maung Maung's Safe Space page မှာ NUG နဲ့အနီများ ဆန္ဒမဲလာကောက်ခံရင် သောင်ပြိုကမ်းပြိုမနိုင်ပဲ ခွက်ထိုးခွက်လန် မြေပြိုအောင်ရှုံးမယ်ဆိုတာ သိထားပါ။

ကိုမောင်မောင် (Finland)