Thursday, January 27, 2022

အာဆီယံကိုယ်စားလှယ်ဝင်ခွင့်ပြုဖို့နဲ့ စာနာမှုအကူအညီပေးခွင့်ပြုဖို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် တိုက်တွန်း


■ မြန်မာပြည်ပြသနာပြေလည်ရေးအတွက် မနှစ်ကဧပြီလမှာချမှတ်ထားတဲ့ အာဆီယံဘုံ သဘောတူညီ ချက်ထဲက အချက်နံပါတ် (၃) ဖြစ်တဲ့ အာဆီယံအလှည့်ကျဥက္ကဋ္ဌကခန့်အပ်တဲ့ အထူးကိုယ်စား လှယ်ဝင်ခွင့်ပေးဖို့နဲ့ အချက်နံပါတ် (၄) ဖြစ်တဲ့ လူသားချင်းစာနာမူအကူအညီပေးတဲ့အခါမှာ ပံ့ပိုးဆောင်ရွက်ဖို့ မြန်မာစစ်ခေါင်းဆောင်ကို ကမ္ဘောဒီးယားဝန်ကြီးချုပ်က ဇန်နဝါရီလ ၂၆ ရက် ဒီနေ့တောင်းဆို တိုက်တွန်းလိုက်ပါတယ်။

အာဆီယံအသင်းအလှည့်ကျဥက္ကဋ္ဌအဖြစ်တာဝန်ယူထားတဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်နဲ့ အွန်လိုင်းဗီဒီယိုကနေတဆင့် ဒီနေ့ဆွေး နွေးပွဲမှာ တိုက်တွန်းလိုက်တဲ့အကြောင်း ဝန်ကြီချုပ်ဟွန်ဆန်ရဲ့ facebook စာမျက်နှာမှာ ဖော်ပြ ထားပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ၂၀၂၁ ခု၊ ဧပြီ ၂၄ ရက် ဒီကနေ့ ပြုလုပ်တဲ့ အရှေ့တောင်အာရှနိုင်ငံများ အသင်း (အာဆီယံ) ရဲ့ မြန်မာ့အရေး အရေးပေါ်အစည်းအဝေးကနေ ထုတ်ပြန်လိုက်တဲ့ ဘုံသဘောတူညီ ချက် ငါးချက်ကတော့

၁။ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ပြီး သက်ဆိုင်သူအားလုံး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြဖို့၊

၂။ ပြည်သူတွေရဲ့အကျိုးစီးပွားအတွက် ငြိမ်းချမ်းတဲ့အဖြေတစ်ခု ရအောင် သက်ဆိုင်သူအားလုံး အပြုသဘော ဆွေးနွေးကြဖို့၊

၃။ အာဆီယံအတွင်းရေးမှူးချုပ်ရဲ့ အကူအညီနဲ့ ဆွေးနွေးရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်နိုင်အောင် အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်တစ်ယောက်က ကြားဝင်ညှိနှိုင်းပေးဖို့၊

၄။ အာဆီယံအသင်းရဲ့ လူသားချင်းစာနာမှု အကူအညီပေးရေးဌာနကတဆင့် မြန်မာနိုင်ငံကို အကူအညီတွေပေးဖို့၊

၅။ သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံဖို့ အာဆီယံအထူးကိုယ်စားလှယ်နဲ့အဖွဲ့ မြန်မာနိုင်ငံကို စေလွှတ်ဖို့ တို့ဖြစ်ပါ
တယ်။

Photo - Samdech Hun Sen, Cambodian Prime Minister

#AmarapuraTvChannel