Thursday, January 27, 2022

နွေဦးတော်လှန်ရေး မအောင်မြင်ရတဲ့ အဓိကအချက်


- မြန်မာနိုင်ငံဖွား အမေရိကန်နိုင်ငံ
သား CIA ရဲ့လက်ပါးစေလို့ နာမည်
ကြီးတဲ့ ဒေါ်မီမီဝင်းဘတ်က တော်လှန်
ရေးတွေ အောင်မြင်ရတဲ့အဓိကအချက်
(၃)ချက် ရှိတယ်လို့ ဆိုပါတယ်။

အဲ့(၃)ချက်ကတော့-
(၁) ပြည်သူတွေရဲ့ နာကျည်းချက်
(၂) နိုင်ငံတကာဖိအား
(၃) စစ်သားတွေဘက်ပြောင်းလာမှု လို့ဆိုတယ်။

- သူပြောတဲ့အချက် ၃ ချက်ကပဲ 
ဒီနေ့ NUGက ကြွေးကြော်နေတဲ့ 
နွေဦးတော်လှန်ရေး မအောင်မြင် 
ရတဲ့အကြောင်းတွေပဲ ဖြစ်နေပါ
တယ်။

- Social Media (အထူးသဖြင့် 
Fb)ပေါ်က သတင်းတု၊ သတင်းမှား
တွေကို အမှန်ထင်ပြီး မျက်စိမှိတ် 
ဖျင်ပိတ်ယုံနေသူတွေကတော့ ဒေါ်မီ
မီဝင်းဘတ် ပြောသလို အချက် ၃ 
ချက်ကို မြန်မာစစ်တပ်က ခံနေရ
တယ်လို့ ထင်နေကြမှာပါပဲ။

- လက်တွေ့မြေပြင်မှာတော့ အဲဒီ
အချက်တွေက မြန်မာစစ်တပ်အနေနဲ့ 
အေးရာအေးကြောင်း အလွယ်တကူ 
တုံ့ပြန်လုပ်ဆောင်နေတာတွေ့ရမှာ 
ဖြစ်ပါတယ်။

- (ပ)အချက်ဖြစ်တဲ့ ပြည်သူတွေရဲ့
နာကျည်းမှုဆိုရာမှာ စစ်တပ်ရဲ့အာ
ဏာထိန်းမှုကို မကြိုက်တဲ့ ပြည်သူ
များရှိသလို NLDအစိုးရကို မကြိုက်
တဲ့ ပြည်သူအများစု ရှိတာလည်း 
အမှန်ဖြစ်ပါတယ်။အလားတူစစ်တပ်
ကို မုန်းတီးနေကြသလို NUGရဲ့အကြမ်း 
ဖက်လုပ်ရပ်ကြောင့် PDF တွေရဲ့ 
-တ်ဖြတ်ခံခဲ့ရလို့ မိသားစုဘဝပျက်
ခဲ့တဲ့သူတွေကလည်း NUG PDF 
ကို မုန်းတီးပြီး သွေးကြွေးဆပ်ဖို့
စောင့်နေတဲ့ ဒုနဲ့ဒေးပါပဲ။ ပြည်သူ
ဆိုရာမှာ ယနေ့တိုက်ပွဲတွေဖြစ်နေ
တဲ့နေရာတွေ သာမကဘဲ တစ်နိုင်ငံ
လုံးအနေနဲ့ကြည့်ရင် စစ်တပ်ကို မုန်း
တီးတဲ့ပြည်သူတွေထက် အေးချမ်းမှု
ကို လိုလားပြီး NUG PDFကိုမုန်းတီး
နေသူတွေ ပိုများပါတယ်။ဘာလို့လဲ
ဆိုတော့ စစ်တပ်ကသူ့ကို ဘယ်လောက်
မုန်းမုန်း၊ဘယ်လောက်ဆဲဆဲ၊ ဘယ်
လောက်ဆန့်ကျင်ဆန့်ကျင်နေပါစေ 
အဲ့ ဒီလူတွေကို မ-တ်ဘူး၊NUG PDF 
ကတော့ နီနီစိမ်းစိမ်း အကုန်-တ်ပါ
တယ်။အဲ့လို လွဲမှားတဲ့ လမ်းစဉ်လိုက်
ပြီး အကြမ်းဖက်-တ်ဖြတ်နေတဲ့ 
NUG PDFတွေကို ပြည်သူတွေက 
စစ်တပ်ထက် ပိုမို နာကျည်းမုန်းတီး
နေတယ်ဆိုတာ ဗေဒင်မမေးနဲ့ ဆန်
ကုန် ပါလိမ့်မယ်။

- (ဒု)အချက်ဖြစ်တဲ့ နိုင်ငံတကာဖိအားဆိုတာ 
စစ်တပ်အတွက် အသစ်အဆန်းမဟုတ်ပါဘူး။ 
ရိုးနေပါ ပြီ။ ၁၉၈၈ ကနေ ၂၀၁၀ လောက်ထိ မျိုးစုံ
ဖိအားပေးမျိုးတွေက ဒီနေ့အခြေအနေထက် ပိုမို
ဆိုးရွားလို့ အတွေ့အကြုံရင့်ကျက်နေပါပြီ။ အရင်
က လုံးဝတံခါးပိတ်နေထိုင်ခဲ့တဲ့ မြန်မာအနေနဲ့ အခု
လို မဖြစ် စလောက်ဖိအားမျိုးနဲ့တော့ ကိုယ့်နိုင်ငံရဲ့
အချုပ်အခြာအာဏာကို အထိမခံဘူးဆို သိပ်
သေချာပါတယ်။ မကြိုက်ပါဘူးလို့ပြောတဲ့နိုင်ငံတွေ
က နစကကို မကြိုက်လို့ သံတမန်အဆက် ဖြတ်
လိုက်တာ မြင်မိသလဲ? ဒီအဖြေက အရှင်းအလင်း
ဆုံးပဲ။

- (တ)အချက်က စစ်သားတွေဘက်ပြောင်းလာမှု
ဆိုတာ ဒေါ်မီမီဝင်းဘတ်ကို သနားတယ်လို့ ပြော 
ချင်တယ်။ မြန်မာစစ်တပ်မှာ ခွင့်မဲ့/စစ်ပြေးဆိုတာ 
လွန်ခဲ့တဲ့ နှစ် ၂၀ လောက်ကတည်းက နေ့တိုင်း ဖြစ်
နေ၊ ရှိနေတဲ့ ကိစ္စပဲ။ အဲလိုပြေးတဲ့သူတွေကို ကြည့်
လိုက် အများစုက ပြစ်မှုတွေဖြစ်ပြီး ထောင်ကျ မှာ
စိုးလို့ ပြေးတဲ့သူ ၈၀% ကျော်တယ်။ တပ်နေမပျော်
လို့၊ ကိုယ်ရေးကိုယ်တာအခက်အခဲရှိလို့ ပြေးတဲ့သူ
က အနည်းစုပါ။ အခုပြောပြောနေတဲ့ စစ်ပြေး 
CDM တွေအားလုံးရဲ့ ရာဇဝင်ကို လိုက်ကြည့်ရင် 
အကျင့်စာရိတ္တမကောင်း၊ S မှုတစ်သိန်းနဲ့ စစ်တပ်
က ထောင်ချတော့မှာမို့ ချော်လဲရောထိုင် CDM လုပ်
ပြီး အနေအစားချောင်အောင် လိမ်ဆင်လုပ်နေသူ
တွေကို တကယ့်သူရဲ ကောင်းလို လက်ခံနေတာ
ကတော့ မြွေပွေးခါးပိုက် ပိုက်ထားတာလို့ စိတ်မ
ကောင်းစွာ ပြောချင်တယ်။

- ဒါကြောင့် CIA cell ဒေါ်မီမီဝင်းဘတ်ပြောတဲ့ 
အဓိကအချက် ၃ ချက်ဟာ လက်တွေ့မြေပြင်မှာ
တော့ မြန်မာစစ်တပ်အတွက် ထွေထွေထူးထူး
ပြဿနာမဟုတ် သာမန်ပါမွှား လေးသာဖြစ်ပြီး 
မြေပြင်မှာ ကျရှုံးနေတဲ့ NUG PDF တို့အတွက် 
Social Media (အထူးသဖြင့် fb) ပေါ်မှာ သတင်း
မှား(Misinformation)တွေပေးပြီး ဆေးထိုး၊ ဂျင်း
ထည့်၊ သွေးထိုးနေတယ်ဆိုတာ ထမင်းစား ကြီးတဲ့
သူတိုင်း သိပါတယ်ဗျာ ။

#KT

Related Posts:

  • 👺 နီပိန်းတို့အမေး 😇 နီမပိန်းသူအဖြေ👺: ကျုပ်တို့မှားသလား? တိုက်ပွဲတွေဖန်တီးသူထက် တိုက်ပွဲတွေမရှိအောင် လုပ်သူကိုချစ်တာ ကျုပ်တို့မှားလား?😇: ဒေါ်စုကြည် မြန်မာပြည် ပြန်ရောက်ပြီး ၁၉၈၈ နောက်ပိုင်း ကရင်ပြည်နယ်မှာ တိုက်ပွဲတွေဖြစ်တယ်၊ ၂၀၁၂ ဒေါ်စုကြည်လွှတ်ထဲဝင်လာတော့ ရ… Read More
  • သမိုင်းမော်ကွန်းမှာ စာတင်ကာ ထိုးနိုင်ဖို့သက်ကိုကွယ် စွန့်ရစေတော့ဘာသာနဲ့လူမျိုးကိုဖြင့်လက်ဆယ်ဖြာ ထိပ်မှာမိုးကာထားတယ်တန်ခိုးများသာ လင်းလက်စေသား ......... ။🇲🇲 မဟာသွေး  August Army Present… Read More
  • လပွတ္တာမြို့ ❀ ❀ ❀ ❀ ❦  မြန်မာပြည် မြေပုံထဲ မှာ    သက်တမ်း တစ်ရာကျော် ရှိပြီး လူတိုင်းမသိတာ    ကျွန်တော်တို့ လပွတ္တာမြို့ တဲ့ 😔😔😔❦ လပွတ္တာ သား ပါလို့ မိတ်ဆက်ရင်   နာဂစ်ဒေသကလား? လို့ အမေးခံရတယ်   ဟုတ်ပါတယ် ကျွန်တော်တို့ ဒေသကို   ရာသီဥတု က ဒုက္ခ… Read More
  • အစ္စလာမ်မစ်အစွန်းရောက်တွေ..စတင်လှုပ်ရှားလာပြီ လှုပ်တာနဲ့ငြိလာမဲ့ဂွင်းဆက်တွေ..တနိုင်ငံလုံးက.အစ္စလာမ်တွေပါ..အချိန်တိုအတွင်း.ဖော်ထုတ်နေပါပြီအစ္စလာမ်မစ်အစွန်းရောက်အကြမ်းဖက်တစ်ဦးရွှေဘိုမြို့တွင် ဖမ်းဆီးရမိ။ညလယ်ပိုင်းမှာရွှေဘိုမြို့ရဲ့စည်းကမ်းအရမ်းကောင်းတယ်လို့နာမည်ကြီးနေတဲ့ဗိ… Read More
  • ယနေ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေမှာအောက်ပါအတိုင်းဖြစ်😁😁😁စစ်ငြိမ်းချမ်း😁… Read More