Sunday, October 31, 2021

▪️မြန်မာ့နိုင်ငံရေးဟာ ကမ္ဘာ့နိုင်ငံရေးနဲ့ အမြဲတမ်းဆက်စပ်ပတ်သက်နေတတ်ပါတယ်။


▪️အဓိကကတော့ အမေရိကန်၊ တရုတ်နဲ့ ရုရှားပေါ့။
ဒီသုံးနိုင်ငံ လှုပ်လှုပ်ရှားရှားဖြစ်တာနဲ့
ကျွဲကူးရေပါဆိုသလို မြန်မာနိုင်ငံဟာလည်း
လှုပ်ခတ်လာခဲ့ရပါတော့တယ်။

▪️ဒီသဘောတရားနဲ့အတူတူပါပဲ။
မြန်မာနိုင်ငံဟာ လှုပ်ခတ်ပြီဆိုတာနဲ့
အဲ့ဒီသုံးနိုင်ငံလုံး မနေနိုင်မထိုင်နိုင်ဘဲ
လှုပ်ခတ်လာကြပါတော့တယ်။

▪️ဒါဟာ ပထဝီနိုင်ငံရေးပဲဖြစ်မယ်ထင်တယ်နော်။

▪️မြန်မာပြည်ဟာ သာမန်ထက်ကို
အမျိုးသားအကျိုးစီးပွားနဲ့ စည်းလုံးညီညွတ်မှုတွေမှာ
ကောင်းမွန်အောင် အထူးကြိုးစားသင့်ပါတယ်။
အမျိုးသားရေးစိတ်ဓါတ်တွေလည်း 
ခိုင်မာရင့်သန်နေဖို့ အထူးလိုအပ်တဲ့
တိုင်းပြည်တစ်ခုပေါ့။

▪️ဖြစ်ချင်တော့ အမိမြန်မာပြည်က
ပညာတတ်များဟာ ကိုယ့်ရဲ့တိုင်းပြည်
ရေမြေအနေအထားကို မဆန်းစစ်ဘဲ
ဒီမိုကြောင် လစ်ဘရယ်ကြောင်နေတာဆိုးပါတယ်။

▪️အဲ့ဒီတော့ ပညာတတ်တွေကိုသာ
ယုံကြည်ကိုးစားနေရတဲ့
ပညာမဲ့လူတန်းစားဟာဆိုရင်လည်း
ဘုမသိဘမသိနဲ့ ဒီမိုကြောင် လစ်ဘရယ်ကြောင်တွေ
ထဖြစ်ကုန်ကြပါတော့တယ်။

▪️အဲ့ဒီမှာ တိုင်းပြည်နှစ်ခြမ်းကွဲတာပါပဲ။
တိုင်းပြည်မှာ ဖြစ်ပေါ်လာရတဲ့ပြဿနာတိုင်းဟာ
အမျိုးသားရေးနဲ့ ဒီမိုကရေစီ၊ လစ်ဘရယ်အရေး
လွန်ဆွဲပွဲတွေချည်းပဲ ဖြစ်နေတာဟာ
ထင်သာမြင်သာရှိလှပါတယ်။

▪️အမေရိကန်အတွက် တရုတ်ကိုချဖို့
မြန်မာ့‌မြေဟာလိုသလို
တရုတ်အတွက်ကလည်း 
အမေရိကန်သူ့အနားရောက်မလာဖို့
မြန်မာ့‌မြေကိုလိုပါတယ်။

▪️ဘင်တွေအတွက်ကလည်း ပြည့်ကျပ်နေတဲ့
သူတို့လူဦးရေအတွက် မြန်မာ့မြေကိုမက်သလို။
ထိုင်းနိုင်ငံအတွက်ကလည်း သူတို့ဆီက
ကုန်စည်ရောင်းရန်အတွက် 
မြန်မာ့မြေဟာ မက်စရာဈေးကွက်ပါ။

▪️အိန္ဒိယအတွက်ကလည်းတရုတ်နဲ့ စူပါပါဝါတွေ
တန်းညှိရန်အတွက် မြန်မာ့မြေဟာ အခရာဖြစ်နေသလို
ရုရှားအတွက်ကလည်း မြန်မာ့မြေဟာ
သူ့ဖောက်သည်ရဲ့ မြေပါပဲ။

▪️မြန်မာပြည်ဟာ ပဲလှော်ကြားကဆားလိုပါပဲ
တကယ့်ပါဝင်မှုနည်းနည်းလေးဆိုပေမယ့်
သူမပါရင်လည်း ပဲလှော်တွေက ပေါ့ရွှတ်နေတော့မယ့်
သဘောတရားမှာရှိပါတယ်။

▪️ဒီလိုအခြေအနေတွေကြောင့်
ခေတ်အဆက်ဆက် တပ်မတော်နဲ့ပြည်သူကြားကို
သွေးထိုးလှုံ့ဆော်မှုတွေ မြန်မာ့တပ်မတော်ကို
အင်အားချိနဲ့အောင် ဖန်တီးလုပ်ဆောင်မှုတွေဟာ
တက်သမျှကာချုပ်တိုင်း ဖြတ်သန်းခဲ့ရတဲ့
အခက်အခဲတွေဖြစ်ပါတယ်။
ပြောရမယ်ဆိုရင်တော့
ရိုးနေပြီဖြစ်တဲ့ ပြဿနာတွေပေါ့။

▪️မြန်မာနိုင်ငံဟာ ဘယ်တိုင်းပြည်ကိုမှ
အခုခေတ်နောက်ပိုင်းမှာ စစ်ပြုကျူးကျော်ဖို့
အစီစဉ်မရှိပါဘူး။ ဒါပေမယ့်
မြန်မာ့မြေဟာ အင်အားကြီးတိုင်းပြည်တွေအတွက်
စစ်မြေပြင်ပြုလုပ်ရန် 
အကောင်းဆုံးအနေထားမှာရှိပါတယ်။
သတိတစ်ချက်လွတ်တာနဲ့ 
တိုင်းပြည်ပေါင်းစုံက စစ်ကိုဝင်ပြီးကစားရာ
နေရာကြီးဖြစ်သွားနိုင်ပါတယ်။

▪️ဒီတော့ လူငယ်တွေအနေနဲ့
အမျိုးသားစည်းလုံးညီညွတ်ရေးကိုသာဦးတည်တဲ့
စာပေ၊ အနုပညာနဲ့ အမျိုးသားရေးစိတ်ဓာတ်ရှင်သန်ဖို့
ကောင်းမွန်သောဝါဒဖြန့်ခြင်းတွေကို 
ကြိုးစားလုပ်‌ဆောင်သင့်ပါတယ်။

▪️တိုင်းပြည်တစ်ခုရဲ့မြေကို စစ်ပြုပြီးမှသာ
ဒီမိုကရေစီအစစ်ကို ရရှိနိုင်မယ်ဆိုတဲ့
သောက်ရူးဝါဒမှိုင်းတွေကို ကျော်နိုင်အောင်
ကြိုးစားသင့်ပါတယ်။

▪️ကမ္ဘာကြီးကိုလေ့လာကြည့်လိုက်ပါ။
အာဏာရှင်ကနေ ဒီမိုကရေစီတိုင်းပြည်အဖြစ်သို့
ပြောင်းလဲလိုက်သော တိုင်းပြည်အားလုံးနီးပါးဟာ
စစ်ဒဏ်သင့်ကာ ပြာကျကုန်တာများပါတယ်။

▪️ဒါဟာ ဒီမိုကရေစီကြောင့်မဟုတ်ပါဘူး။
တိုင်းပြည်ကြီးတွေက သူတို့ရဲ့အကျိုးစီးပွားကြောင့်
သူများတိုင်းပြည်ကိုဖျက်ဆီးချင်လို့ 
ဒီမိုကရေစီလက်နက်နဲ့ 
ဖျက်သွားခဲ့ကြတာပဲဖြစ်ပါတယ်။

▪️အဲ့ဒီလိုအခက်အခဲမျိုးကို ကျော်ဖြတ်ပြီး
ဒီမိုကရေစီကို ငါးနှစ်တိတိ
အေးချမ်းစွာပေးသွားခဲ့တဲ့ ဦးသန်းရွှေရဲ့
ဉာဏ်ရည်ဉာဏ်သွေး စီမံခန့်ခွဲမှုပညာကိုတော့
မလေးစားဘဲ မနေနိုင်ခဲ့ပါဘူး။

▪️မြန်မာ့ခေါင်းဆောင်တွေဟာ မညံ့ဖျင်းကြပါဘူးနော်။
ကိုယ်တို့တိုင်းသူပြည်သားတွေကလည်း
မညံ့ဖျင်းအောင်ဒီထက်ပိုတော်အောင်
သတိကပ်ပြီးလေ့လာသင့်ပါပြီ။

▪️ကိုယ်တို့အားလုံး သတိတချက်လွတ်တာနဲ့
ကိုယ်တို့ရဲ့မျိုးဆက်ဟာ စစ်မြေပြင်ဆိုတဲ့
ဝဲဂယက်ထဲကို ကျဆင်းသွားရမှာဖြစ်ပါတယ်။

▪️ဒါကိုသိရှိနားလည်ပေးကြပါ။

#SniperSu


Related Posts:

  • " ခွေးစိတ်ဓာတ်နဲ့ နိုင်ငံရေးဖျာဝင်ခင်းနေတာလား "- အင်ဘန်လ ဆိုတဲ့အကောင်ဟာ  ငြိမ်ချမ်းစွာ ဆန္ဒပြတဲ့ ပြည်သူတွေကို စကစမှ  အင်အားသုံးဖြိုခွင်းနေတာတွေ ဆက်လက်လုပ်  ဆောင်ရင် ဆန္ဒပြပြည်သူတွေဘက်ကနေ  ရပ်တည်ပြီး စစ်တပ်ကို တိုက်ခိုက်သွားမယ်ဆိုလို့  ကျုပ်ကလည်း ဒီပိုစ့်ကို ရေးတင်ရခြင်းပါ… Read More
  • အဘ ဘောမနေတဲ့ / စစ်ခွေး စစ်စစ်ပါကျွန်တော်ဟာ မင်းတို့တွေခေါ်နေကြတဲ့အဘ ဘောမတဲ့ " စစ်ခွေး စစ်စစ်ပါ လုံးဝရေအတု့အရောင်မပါဘူး...ကျွန်တော် လူတွေ သန်းပေါင်းများစွာရှိတဲ့ ကမ္ဘာကြီးမှာနေပါတယ်...လက်ရှိ လုပ်ဆောင်ချက်တွေက အားလုံးမြင်ကြတဲ့အတိုင်းပါပဲဗျာ...သာမာန်လူတန်းစား… Read More
  • အစိုးရဆိုတာ... အစိုးရပဲ Government is government.ဘာသာကွယ်ပျောက်ပြီးတိုင်းပြည်နွံနစ်မဲ့အရေးကစိတ်ချရပြီလို့ခံယူပြီး အတော်လေးစိတ်သက်သာရခဲ့တယ်၊ဒါပေမဲ့ရေးစရာတွေကတွေ့လာရတယ်အတော်များများကိုတော့မရေးခဲ့ပါဘူးဒီလိုကိစ္စမျိုးကတော့ရေးမှသင့်မယ်လို့ယူဆပါတယ်၊.................UK သံအမတ်ကိစ္စ… Read More
  • ငွေကြေးဖေါင်းပွမှု InflationInflation ဆိုတဲ့ ငွေကြေးဖေါင်းပွမှုဟာမရှိမကောင်း-ရှိမကောင်းအရာ၊နိုင်ငံအတော်များများက ( 0.5- 1.5)%လောက်ကို အတော်ပဲလို့လက္ခံထားကြတယ်တချို့လဲ (1.5-2)% လောက်အထိလက်ခံကြပါတယ်၊ရုတ်တရက် ငွေတန်ဘိုးကျတာရုတ်တရက်ငွေကြေးအလွန်မာတာမျိုးကစီး… Read More
  • အဖွားအိုရဲ့ နိဂုံး မလှပခဲ့ပေမယ့် ချယ်ရီရဲ့ အပြုံးက လှပခဲ့တယ်။အဖွားအိုရဲ့ ဇာတ်သိမ်းခန်းက မလှခဲ့ပေမယ့်ချယ်ရီရဲ့ ဇာတ်ဝင်ခန်းက လှပခဲ့တယ်။နိင်ငံအတွက် တာဝန်မကျေတဲ့ အဖွားအိုကိုနိင်ငံတာဝန်ကျေတဲ့ ချယ်ရီက ပညာပေးခဲ့တယ်။နိင်ငံကို သစ္စာဖောက်တဲ့ အဖွားအိုကြောင်းမြန်မာပြည်တော့ အပျက် မခံဘူးဆိုတဲ့အသိနဲ့… Read More