Wednesday, October 27, 2021

ဦးမင်းအောင်လှိုင်သည် တန်ဖိုးဘယ်လောက်ရှိပါသလဲ??? ဒေါ်အောင်ဆန်းစုကြည်သည် တန်ဖိုးဘယ်လောက်ရှိပါသလဲ??? သင်ကိုယ်တိုင်ရော တန်ဖိုးဘယ်လောက် ရှိပါသလဲ???


လူတစ်ယောက်၏ တန်ဖိုးဆိုသည်မှာ သူဖြတ်သန်းခဲ့သော ခေတ်ကာလကြီးက သူ့ပခုံးပေါ်တင်ပေးလိုက်သော တာဝန်ကို သူဘယ်လောက်ထမ်းဆောင်နိုင်ခဲ့သလဲဆိုတာကို ကြည့်ပြီး သတ်မှတ်ရမည်ဟု ကိုကိုးကျွန်းပြန် ဆရာကြီးဗန်းမော်တင်အောင်ဆိုခဲ့သည်။
 
ယနေ့မြန်မာနိုင်ငံသားများ ဖြတ်သန်းခဲ့သော ခေတ်ကာလကြီးက မြန်မာနိုင်ငံသားတိုင်း၏ ပခုံးပေါ်သို့ နိုင်ငံတော်ငြိမ်းချမ်းရေးဆိုသည့် တာဝန်ကို တင်ပေးခဲ့ပါသည်။ဦးမင်းအောင်လှိုင်၏ ပခုံးပေါ်သို့လည်းတင်ပေးခဲ့သည်။ဒေါ်အောင်ဆန်းစုကြည်၏ ပခုံးပေါ်သို့လည်း တင်ပေးခဲ့သည်။

ဦးမင်းအောင်လှိုင်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် အရွယ်ရောက်သော အချိန်မှစ၍ နိုင်ငံတော်ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ခဲ့မှုများအပေါ်မူတည်ပြီး ဦးမင်းအောင်လှိုင်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ တန်ဖိုးကို သတ်မှတ်ရပါမည်။

နိုင်ငံတော်ငြိမ်းချမ်းရေးတာဝန်ကို ကိုယ်ကျိုးစွန့်ပြီး၊အသက်ပေးပြီး ထမ်းဆောင်ခဲ့ပါလျှင် တန်ဖိုးအလွန်ရှိသူဟု သတ်မှတ်ရပါမည်။အထိုက်အလျှောက်ထမ်းဆောင်ခဲ့ပါလျှင် တန်ဖိုးအတော်အသင့်ရှိသူဟု သတ်မှတ်ရပါမည်။ငြိမ်ချမ်းရေးကိုလိုလားပါလျှင် တန်ဖိုးအနည်းငယ်ရှိသူဟု သတ်မှတ်ရပါမည်။နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ဖျက်လိုဖျက်ဆီးလုပ်ပါလျှင် တန်ဖိုးလုံးဝမရှိသူဟု သတ်မှတ်ရပါမည်။

ဦးမင်းအောင်လှိုင်သည် တန်ဖိုးဘယ်လောက်ရှိပါသလဲ???
ဒေါ်အောင်ဆန်းစုကြည်သည် တန်ဖိုးဘယ်လောက်ရှိပါသလဲ???
ဤပို့စ်ကို ဖတ်နေသော သင်ကိုယ်တိုင်ရော တန်ဖိုးဘယ်လောက်ရှိပါသလဲ။

ငါးမင်းဆွေ
၂၇-၁၀-၂၀၂၁



Related Posts:

  • တာလီဘန် ပထမဆုံး သတင်းစာ ရှင်းလင်းပွဲ .. ( တာနီဘန်တို့ထက် လိမ်မာသွားသော တာလီဘန်များ .. )၁ ။ သူတို့ဟာ ဘယ်သူနဲ့မှ မတိုက်ခိုက်လိုဘူး ၊ အာဖဂန် ရဲ့ တရားဥပဒေ စိုးမိုးရေးကိုပဲ လိုလားတယ် ။  မည်သူတဦးတယောက် မှ ကြောက်ရွံ ထိတ်လန့်မှု မရှိစေရ ။၂ ။ အမျိုးသမီးတွေ ကျောင်းတက်ခွင့်ပေးမယ် ၊ တကသိုလ် တက်ခွင့်ပြုမယ် ။ အမျိုးသမီး အရေး… Read More
  • မယောင်ရာဆီလူး ပညာတတ်များ ကိုကြီးစိုးတယောက် ဘရိတ်ဖတ်အတွက် ပါဆယ်ထုပ်လေးဆွဲပြီး သူများအတင်းပြောဖို့ အားကျိုးမာန်တက်ရောက်လာတော်လည်း ပြောရတာပါ ဗျာ ။"ငမျိုးရေ လိုင်းပေါ်မှာတော့ မြေအောက်ရထား နဲ့ လျှပ်စစ်ကားတွေ ဟော့ နေတယ် ကွ ''"အင်း မရောင်ရာဆီလူး အရ… Read More
  • NLDတွေဘာလို့အတုံးအ ရုံးသေနေရတာလဲ? ၂၀၂၁ခုဖေဖော်ဝါရီလ၁ ရက်နေ့ကနေဩဂုတ်လ ၁ရက်နေ့အတွင်း nldပါတီဝင်တွေnldထောက်ခံသူတွေစုစုပေါင်းတစ်သောင်းကျော်သေခဲ့ပါပြီ။ တပ်မတော်နဲ့တိုက်ပွဲဖြစ်လို့သေတဲ့PDFတွေ..KNU သတ်လို့ သေတဲ့PDFတွေ..KIAသတ်လို့ သေတဲ့PDFတွေ..မိုင်းထောင်ဖောက်ခွဲလို… Read More
  • NLD က ဒေါ်မေဝင်းမြင့်ကို သွားပြောခိုင်းရမယ်😌😌😌အာဖဂန်ကိုဘာသာကြီးတစ်ခုတည်းကြီးစိုးနေတာ ကျယ်မတို့လက်မခံနိုင် ပါဘူးလို့😁သွား ပြောကြည့်လေ ရမလားလို့#credit … Read More
  • ဒုတိယကမ္ဘာစစ်အတွင်းက ဗုံးထိမှန်ခဲ့သော်လည်း မပျက်ဆီးခဲ့သော တန်ခိုးကြီး #မိုးညှင်းသမ္ဗုဒ္ဓေစေတီတော်ကြီး#တည်နေရာ - စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်။#အလှူရှင် - မြန်မာ သက္ကရာဇ် ၁၃ဝ၁ ခုနှစ် ဒုတိယဝါဆို လဆန်း (၅) ရက်နေ့ ကြာသပတ… Read More