Sunday, October 31, 2021

☆☆ကျွန်မလေးစားရသူတွေထဲကတစ်ယောက်ပါ☆☆


ကျွန်တော် အနောက်နိုင်ငံမှာ အနှစ်၂၀ နီးပါး 
နေထိုင်ခဲ့ပါတယ်။ ဝိဇ္ဇာ ဘွဲ့ကလေးကနေ 
ဥပဒေသိပ္ပံပါရဂူ ဘွဲ့ရတဲ့အထိ အလုပ်ပေါင်း
များစွာလည်း လုပ်ကိုင်ရင်း ရုန်းကန် လှုပ်ရှား 
ပညာ သင်ခဲ့ပါတယ်။ ဘာလို့လည်းဆိုတော့ 
မြန်မာနိုင်ငံတော် အစိုးရက ပိုက်ဆံတစ်ပြားမှ 
မေထာက္ပံ့ခဲ့လို့ပါ။
-
တက္ကသိုလ် ထမင်းစားဆောင်မှာ 
ပန်းကန်တွေ ဆေးတဲ့အလုပ်က စပြီး၊
စာကြည့်တိုက်မှာ စာအုပ်ပြန်သိမ်းတဲ့အလုပ်
စာစစ်ဋ္ဌာနမှာ စာစစ်တဲ့အလုပ်
တရားရုံးမှာ ဘာသာ/စကားပြန်တဲ့ အလုပ်
ကင်းဘရိတ် တက္ကသိုလ် သုတေသီအလုပ်
ပဲန်ဆဲန်ဗီးနားဥပေဒဋ္ဌာန ကု သုသေတီ အလုပ်
တက္ကသိုလ်မှာ ဘွဲ့လွန် သုတေသီအလုပ်
တက္ကသိုလ်မှာ ဒု-ညွှန်မှူးအလုပ်
Ph.D., ကျောင်းသူ/ကျောင်းသားတွေကို
Supervisor လုပ်ပေးတဲ့ အလုပ်
ပြည်တော်လုံခြုံရေးဋ္ဌာနစတဲ့ နေရာတွေမှာ 
အလုပ်မျိုးစုံ လုပ်ခဲ့ပြီးမှ 
မြန်မာပြည်ကို ပြန်လာတယ်။
-
ကိုဖီအာနန် ကော်မရှင် ဖွဲ့တော့
ယခင် သမ္မတဦးသိန်းစိန် ဖွဲ့စည်းခဲ့တဲ့ 
ရခိုင်ပြည်နယ် ပဋိပက္ခ စုံစမ်းရေး မှာ
၇ လ လောက်သုသေတန ပြုတဲ့ အဖွဲ့မှာ 
ပါခဲ့တော့ ကိုဖီအာနန် ကော်မရှင်က လူကြီး 
တစ်ချို့က ဖိတ်ခေါ်ပြီး သဘောထားနဲ့
အကြံပြုချက်တွေ တောင်းဆိုခဲ့ပါတယ်။
-
အဲဒီကော်မရှင်ထဲက အဖွဲ့ဝင် တစ်ဦးက
၁၉၈၂ မြန်မာနိုင်ငံသား ဥပေဒ အပါအဝင်
၁၉၄၈ ခုနှစ် နိုင်ငံသား ဥပေဒ တွေနဲ့ ကိစ္စကို 
ဆွေးနွေးလိုတယ် ဆိုလို့ သွားတွေ့ပါတယ်။
-
ကျွန်တော်လည်း တတ်သလောက်
မှတ်သလောက်၊ ရှိသမျှ ဥပေဒ တွေ ယူသွားပြီး
ရှင်းပြပါတယ်။ နှစ်နာရီ လောက် အပြန်အလှန် 
ဆွေးနွေးခဲ့ကြပါတယ်.။
-
နောက်ဆုံးတော့ ကျွန်တော့်ကို
အမေရိကန်နိုင်ငံသား ခံယူထားတဲ့
မြန်မာပြည်ဖွား_လူမျိုးရေးအစွန်းထွက်
"Naturalized citizen of US but
Racist Myanmar born...." 
ဆိုပြီး မှတ်ချက် ပေးပါတယ်။
-
ကျွန်တော် တော်တော်လေး ဒေါသ 
ထွက်သွားပါတယ်။ ခင်ဗျားက လူကြီးတစ်ယောက် 
ဖြစ်ပြီး ဒီလိုမှတ်ချက် ပေးတယ် ဆိုရင်
ခင်ဗျားတို့ အဖြူ (ဂျူး) တွေက
ကျွန်တော်တို့ (ဂျူး) မဟုတ်တဲ့ လူသားတွေ
ဘယ်လို့ နှိပ်ကွတ်ခဲ့သလဲ ဆိုတာ
ပြောပြပါ့မယ် ဆိုပြီး ကျွန်တော့်အတွေ့အကြုံလေး
တစ်ခုကို ပြောလိုက်ပါတယ်။
-
ကျွန်တော် အမေရိကန်မှာ ကျောင်းနေတော့
ပိုက်ဆံလိုအပ်နေလို့ တပ်မတော်ထဲဝင်တော့
မင်းအရပ်က ၅ ပေ ၂ လက်မပဲ ရှိတယ်
၃ ပေ လောက် ရှည်တဲ့ M-16 ကို ကိုင်ပြီး 
ဘယ်လို စစ်တိုက်နိုင်မလဲဆိုပြီး စော်ကားခြင်း 
ခံရတယ်။ ကျွန်တော် လက်နက်ကိုင်ခဲ့တဲ့
လူဟောင်းပါ။ M-16, AK-47 တို့ ဆိုတာ
ခင်ဗျားတို့ ထက် ပိုရင်းနှီးပါတယ် ဆိုပြီး
ပြန်ဟောက်လိုက်ပေမယ့် တပ်ထဲဝင်ခွင့်မရခဲ့ဘူး။
-
ကျွန်တော့်သူငယ်ချင်းလည်း တပ်ထဲဝင်တော့
မင်းရဲ့ အရပ်အမောင်းနဲ့ မင်းရဲ့ အလေးချိန် 
(ဝိတ်) နဲ့ မမျှဘူး။ မင်း PT ပြေးလို့လဲရမှာ မဟုတ်ဘူး  
ဆိုပြီး စော်ကားတာ ခံရတော့ PT မပြောနဲ့ ငါက 
Karate Black Belt ရပြီး အခုထိ ကရာတေး ကစားနေတဲ့ 
ကောင်ကွလို့ ပြောပေမယ့်လည်း တပ်ထဲအဝင်မခံဘူး။
-
အဖဂန် နဲ့ အီရတ်မှာ စစ်ဖြစ်တော့
တပ်မတော်ထဲ ဝင်လာပါ။
ခင်ဗျားကျောင်းတက်ခ လက်ကျန် အကြွေးတွေ
အားလုံးကို အမေရိကန် ကာကွယ်ရေးက 
လျော်ပေးပါ့မယ်..အပတ်တိုင်း စာလာပို့ပါတယ်။
အမှိက်ပုံးထဲ ပစ်ထည့်လိုက်ပါတယ်။
-
ကျွန်တော်ရာထူးကြီး လာတော့
လက်ထောက် အလုပ်ခေါ်တယ်
လျောက်လာသူက ၁၀၀ လောက် ရှိတယ်
ကျွန်တော်က သူတို့ အတွေ့အကြုံ တွေ
ပညာအရည်အချင်းတွေ ကြည့်ပြီး
လျောက်လွှာ ၅၀ ကို ကျွန်တော့် အထက်က
လူကြီးကို တင်ပြခဲ့တယ်။
-
နောက်တစ်နေ့မှာတော့
ကျွန်တော် လူကြီး ခေါ်လို့ သွားတော့
သူ့စားပွဲမှာ အလုပ်လာလျောက်တဲ့ စာ
၅ စောင်ပဲ ကျန်တော့်တယ်။
-
သူ့ အမိုက်ပုံထဲက လျောက်လွှာ ၄၅ စောင် 
ကောက်ပြီး ကျွန်တော့် အခန်းပြန် ကျွန်တော် 
ဘာများ မှားသလဲ ဆိုပြီး စဉ်းစားတယ်။
-
၅ ယောက် လျောက်လွှာကို ကြည့်တော့
ခင်ဗျားတို့ ဂျူး လူမျိုးနာမည် ပါတဲ့ လူတွေ
ကျန်တဲ့ ၄၅ ကို ကြည့်တော့
ဂျူးလူမျိုး မဟုတ်တဲ့ နာမည်တွေ နဲ့
လျောက်လွှာတွေ.။
-
ဒီတော့ လူ့အခွင့်အရေးတို့ ဘာတို့ 
လာပြောမနေပါနဲ့ ခင်ဗျားတို့ပဲ ကျွန်တော့်ကို
လူမျိုးရေး အစွန်းထွက် ဖြစ်အောင်
ပညာသား ပါပါ သင်ပေးခဲ့ပါတယ် လို့.။
-
သံအမတ် ဟောင်းကြီးက
ပါးစပ်ဟောင်းလောင်း မျက်လုံးပြူးကြီးနဲ့
ကျွန်တော်ကို ပြန်ခွင့် ပြုပါဆိုပြီး
၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေ နဲ့
အခြား ဥပေဒ စာရွက်စာတမ်းတွေ သိမ်းပြီး
အိမ်ပြန်ခဲ့ပါတယ်.။
-
နောက်ဆုံး တစ်ခုလေး မှာလိုပါတယ်
မြန်မာနိုင်ငံသားတိုင်း မြန်မာပြည်ဖွားသူတိုင်း
မည်သည့် တိုင်းရင်းသား မဆို ......
မိမိ နိုင်ငံကို ချစ်ကြပါ
မိမိ လူမျိုးကို ချစ်ကြပါ
အကျိုးအမြတ် မရှိရင်
ဘယ်နိုင်ငံခြားသားကမှ
မြန်မာပြည်ကို မချစ်ဘူး၊
မကြိုက်ဘူး၊မနှစ်သက်ပါဘူး...
ကိုယ်တွေ့ပါ....။

Dr. ဆလိုင်း ငွန်ကျုံးလျန်
SAC -- ကာချုပ်အကြံပေး
(မြန်မာပြည်ဖွား၊ချင်းအမျိုးသား)