🇷🇺💛🇲🇲
(ပြီးခဲ့တဲ့
သီတင်းတစ်ပတ်လောက်ကပဲ
ရုရှားရေတပ်က ဗိုလ်ချုပ်ကြီးရဲ့
လျှို့ဝှက် နေပြည်တော်ခရီးစဉ်ကို
ပြည်တွင်းသတင်းအရင်းအမြစ်များရသာ
သိရှိရပြီး ခရီးစဉ်အသေးစိတ်ကို
နှစ်ဖက်စလုံးက သတင်းမထုတ်ပြန်ကြပါဘူး။
ဒါဟာ ရုရှားရဲ့ နောက်ထပ်
ဗျူဟာမြောက် ပထဝီနိူင်ငံရေးအရွေ့
စစ်အခြေစခန်းတစ်ခု မြန်မာနိုင်ငံမှာ
ထပ်မံထွက်ပေါ်လာနိုင်မလား ဆိုတဲ့
မေးခွန်းမျိုး
Military Today news website
ကလည်း မေးခွန်းထုတ်ခဲ့ပါတယ် ။)
(ကိုးကား-နိူင်လင်းထက်ပိုစ့်မှ)
အခုရက်ပိုင်းအတွင်းမှာ
"မြန်မာ၏ စီးပွားရေးနှင့်လုံခြုံရေးအတွက်
အစွမ်းကုန် ကာကွယ်ပေးမည် " ဟု
ရုရှားရေတပ် ဒုချုပ်ကလည်း
ပြောထားခဲ့တာလည်း ရှိပါတယ် ။
" မြန်မာဟာ
ရုရှားအတွက် ယုံကြည်စိတ်အချရဆုံး
အရှေ့တောင်အာရှက မိတ်ဆွေနိုင်ငံဖြစ်ပြီး
မြန်မာစစ်ဘက်နဲ့
ပိုမိုပူးပေါင်းကာ ဆောင်ရွက်သွားမယ်လို့ "
ရုရှားကာကွယ်ရေးဝန်ကြီးက
တရားဝင်ပြောကြားထားတာတွေကလဲ
ရှိနေပြန်ပါသေးတယ်။
ယခုအချိန်မှာ
ကျနော်တို့နိူင်ငံဟာ
ဒေသတွင်း အာဆီယံဆက်ဆံရေး
တင်းမာမှုတွေ မြင့်တက်နေချိန်မှာ
ရုရှားဘက်က ဒီလိုပြတ်ပြတ်သား
နစက ဘက်က ရပ်တည်နေခြင်းက
ကြီးမားတဲ့ နိူင်ငံတကာဆက်ဆံရေး ကို
နစကအတွက် မောင်းတင်ပေးနေခြင်းလို့
သုံးသပ်တွေ့မြင်မိပါတယ် ။
ရုရှားက ခြေလှမ်းခပ်စိပ်စိပ် နဲ့
မြန်မာအပေါ်လွှမ်းမိုးမှုတွေ ယခင်ကထက်
ပိုမိုကြီးထွားလာနေတာ အသေအခြာပါ ။
အရင်ကတည်းကလည်း
ရုရှားလက်နက်တွေ အမြှောက်အများ
ပြည်တွင်းက ဝယ်လိုအားတွေ
အများကြီး ရှိနေသလို
ထုတ်လုပ်မှုတွေပါ ရှိလာခဲ့တယ် ။
နောက်ပြီး
စစ် ပညာတော်သင်နဲ့
စစ်ဘက်ဆိုင်ရာ ပြိုင်ပွဲတွေ
စစ်ဘက်ဆိုင်ရာ နိူင်ငံတကာ
အစည်းအဝေးတွေမှာလည်း
မြန်မာနဲ့ရုရှားက အတော်လေး
မိတ်ဖက်ဖြစ်နေခဲ့တယ်လို့ ပဲ
သုံးသပ်ရမှာ ဖြစ်တယ် ။
ပြောချင်တဲ့
အဓိက အကြောင်းအရင်းက
ပြည်တွင်းမှာ အခုလက်ရှိ တော်လှန်ရေး
အားကောင်းနေတဲ့ စစ်ကိုင်းတိုင်းတို့
ချင်းပြည်နယ် တို့လို့ ဒေသအတော်များများမှာ
တပ်မတော်က
လက်ရှိဝယ်ယူထားတဲ့
နောက်ထပ် ထပ်မံဝယ်မယ့်
ရုရှားရဲ့စစ်လက်နက်အသစ်တွေ
စမ်းသပ်ဖို့အတွက် စက်ပစ်ကွင်းနေရာ
ဒေသတစ်ခု ဖြစ်လာနိုင်မလား.?
(ဒီထက် ကံဆိုးရင်တော့
ရုရှားရဲ့စစ်လက်နက်အသစ်တွေ
စမ်းရုံတင်မကဘဲ သက်တမ်းလွန်တွေကိုပါ
ဖျက်ဆီးဖို့ စက်ပစ်ကွင်းတစ်ခု
ဖြစ်လာနိုင်ပါတယ် )
နိူင်ငံတကာဖိအားတွေ
လက်ရှိ အခြေအနေတွေထက်
ပိုများလာရင် များလာသလောက်
နိူင်ငံတကာ ဆက်ဆံရေးကို
ငဲ့ကွက်နေတော့မှာ မဟုတ်တော့ဘဲ …
နစကဘက်က
ပြည်တွင်းမှာ ယခုထက်ပိုပြီး
ရုရှားလက်နက်အသစ်အဆန်းတွေ
စမ်းသပ်ဖို့ အတွက် အခွင့်ထူး
ဖြစ်လာနိုင်တော့မလား .?
ဆိုတာ က တော့..?
ပြေးကြည့်တာထက်
အခုလို တွေးကြည့်တာက
ပိုလို့ ပိုလို့များ မှန်နေမလားပဲ ဗျ.!
ကျုပ်ရဲ့ အခု
သုံးသပ်ချက် မှားပါစေလို့
ဆုတောင်းနေလိုက်ကြပေအုံးတော့
ပြည်ဖျက်လောက်တွေရေ …
ကဲ ပြည်ဖျက်
အကြမ်းဖက်လောက်
တော်လှန်ရေးသမားတွေရေ
မင်းတို့ ကံကောင်းပါစေ ဆိုတာကလွဲလို့
ဆုတောင်းပေးစရာ မရှိတော့ပါဘူး
20211028:Thuya 🇲🇲
Copy kkt