……………………………………………………………
ရန်ကုန်၊ အောက်တိုဘာ ၂၆ (People Media)
ပြီးခဲ့သည့်လအတွင်း အကယ်ဒမီမီးလင်းရွှေ ပေါက်ဈေးမှာ ၂၂ သိန်းထိ မြင့်တက်ခဲ့ပြီး အမေရိကန် ဒေါ်လာ စျေးမှာလည်း တစ်ဒေါ်လာကို ပြင်ပပေါက်ဈေးမှာ ၂၅၀၀ ၀န်းကျင်ဖြင့် မြင့်တက်ခဲ့သော်လည်း ယခုအခါမှာ တော့ ရွှေတစ်ကျပ်သား ၁၈ သိန်းအောက်ထိ ပြန်ကျလာပြီး ကန်ဒေါ်လာစျေးမှာလည်း တစ်ဒေါ်လာ ကျပ်ငွေ ၁၉၀၀ အောက်ထိ ပြန်လည်ကျဆင်းလာပြီ ဖြစ်သည်။
ယနေ့ မနက်ပိုင်း ၁၁ နာရီ ၁၅ မိနစ်အချိန်တွင် အကယ်ဒမီမီးလင်းရွှေအဖွင့်ဈေးမှာ ၁,၇၈၀,၀၀၀ (တစ်ဆယ့် ခုနှစ်သိန်း ရှစ်သောင်း )ကျပ်ဖြစ်ပြီး ဘဏ်ဒေါ်လာရောင်းဝယ်ဈေးမှာ တစ်ဒေါ်လာကို ၁၈၇၀ ကျပ်ဖြင့် အရောင်း အဝယ် ပြုလုပ်နေကြကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ သိရသည်။
ကမ္ဘာ့ရွှေစျေး (World Gold Price) မှာလည်း 1 Ounce- 1803 USD ဖြစ်ပြီး၊ ပြင်ပ Money Changer များ ဒေါ်လာပေါက်စျေးမှာလည်း တစ်ဒေါ်လာကို တစ်ဒေါ်လာကို ၁၉၀၀ ကျပ်ဖြင့် ရောင်းချနေပြီး၊ ဝယ်စျေးမှာတော့ တစ်ဒေါ်လာကို ၁၈၅၀ ကျပ်ဖြင့် ဝယ်ယူနေကြောင်း WK Money Changer မှ ထုတ်ပြန်ထားသည်။
Photo - ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း
#PeopleMedia #ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း
(unicode)
ရွှေတစ်ကျပ်သား ၁၈ သိန်းအောက်ထိပြန်ကျလာပြီး ဒေါ်လာစျေးမှာလည်း တစ်ဒေါ်လာ ကျပ်ငွေ ၁၉၀၀ အောက်ထိ ပြန်လည်ကျဆင်းလာ
……………………………………………………………
ရန်ကုန်၊ အောက်တိုဘာ ၂၆ (People Media)
ပြီးခဲ့သည့်လအတွင်း အကယ်ဒမီမီးလင်းရွှေ ပေါက်ဈေးမှာ ၂၂ သိန်းထိ မြင့်တက်ခဲ့ပြီး အမေရိကန် ဒေါ်လာ စျေးမှာလည်း တစ်ဒေါ်လာကို ပြင်ပပေါက်ဈေးမှာ ၂၅၀၀ ဝန်းကျင်ဖြင့် မြင့်တက်ခဲ့သော်လည်း ယခုအခါမှာ တော့ ရွှေတစ်ကျပ်သား ၁၈ သိန်းအောက်ထိ ပြန်ကျလာပြီး ကန်ဒေါ်လာစျေးမှာလည်း တစ်ဒေါ်လာ ကျပ်ငွေ ၁၉၀၀ အောက်ထိ ပြန်လည်ကျဆင်းလာပြီ ဖြစ်သည်။