Wednesday, June 30, 2021

စိတ်ခံစားမှု နဲ့ EQ


            မနေ့ညက ကိုယ့်ဘာသာကို ငယ်ဘဝ အကြောင်းတွေ ပြန်တင်ပြီး အေးအေးဆေးဆေး ဇာတ်ကားကြည့်နေမိပါတယ် ။ fb ပေါ်ကို ပို့စ် တင်ပြီးတာနဲ့ ဘာသတင်းမှ မဖတ်ဖူး ဇာတ်ကားပြန်ကြည့် ပါတယ် ။

         ကြည့်ကောင်းတုန်း ဖုန်းဝင်လာတယ် ၅၀၅ ကိစ္စရေးပါအုံး တဲ့ ။ ​fb တချက်ပြန်ကြည့်တော့ အနုပညာ သမား ၂၄ ယောက်ကို အမှုပြန်ရုတ်တာနဲ့ ပတ်သက်ပြီး အမျိုးသားရေး သမားတွေ ကမ္ဘာပျက်နေကြပြီ ။ 

           နောက် ငယ်ဘဝ မန့်လေးတွေ ပြန်ဖတ်ချိန်မှာ ၅၀၅ မန့်တွေ အများကြီး တွေ့ကြရပြန်တယ် ။ ကျနော်လည်း အကြောင်းရင်း ရှာကြည့်ရပါပြီ ။ အများစု မကျေနပ်တာက ချစ်သုဝေ နဲ့ သားငယ် ကို မကျေနပ်ကြတာ ။ 

         ထားတော့ ကျနော်လည်း မကျေနပ်ပါဘူး ။  အရေးကြီးတဲ့ ဘာကြောင့်ဆိုတာကို အဖြေရှာကြည့်မိပါတယ် ။ ဒီလူတွေက သူတို့ မှားခဲ့ပါတယ် နောက်နောင် ဒါမျိုး မလုပ်တော့ပါဘူး ဆိုပြီး ဝန်ခံကတိလက်မှတ်အစောဆုံး ထိုးခဲ့သူတွေ ။ 

       အနုပညာလောက မှာ ထပ်ပြီး ကွဲသွားတယ် ။ နစကဆီ ဒူးထောက်သူတွေ ဘာညာ ပေါ့ ။ အရေးကြီးတာက သူတို့ဆီက ထွက်ဆိုချက်တွေ နဲ့ သက်သေတွေက အကြီးစား လောက်တွေ အတွက် ဆိုက်ယာနိုက်အဆိပ်တွေပဲ ။

       ချစ်သုဝေကို ကင်းလွတ်ခွင့်ပေးလိုက်တာ တောထဲက ကလေးတွေကို အချက်ပြလိုက်တာပဲ ။ ဒေါ်စုကြည်ရဲ့ အမာခံတောင် အရေးမယူဖူး မင်းတို့ ဝေလေလေ အဆင့်တွေ ထွက်ပြေးခဲ့ကြတော့ ဆိုတဲ့ မက်ဆေ့ ပို့လိုက်တာ ။ နောက် ချစ်သုဝေ ဆီက အတွင်းစကားတွေ ဘယ်လောက် နှိုက်ထုတ်လို့ ရပြီလဲ ဆိုတာ တွက်ဆကြည့်နိုင်ပါပြီ ။ မြကျောက်သရက် သည် ဒီလောက်တော့ဖြင့် မချဥ်ပါဖူး ။

      သားငယ် အဆင့်ဆိုတာ နိုင်ငံရေး အဆင့်မှာ သုံးစားမရပါဘူး ။ ကမ္ဘာကြီးက IQ ကို အရေးထားသလို EQ လို့ ခေါ်တဲ့ သည်းခံစိတ် ကိုလည်း တန်ဖိုးထားပိုင်းဖြတ်နေတာ သတိပြုမိဖို့ လိုပါမယ် ။ 

         နစက အနေနဲ့ သူတို့ ဒီလို လွှတ်ပေးမယ် ဆိုတာ အစောကြီးကတည်းက ပြောခဲ့တာလေ ၊ ခင်ဗျားတို့က ဘာတွေ ခံစားနေကြတာ တုန်း ။ ဇော်မဲလုံးကြီး သတင်းစာရှင်းလင်းပွဲ မှာ ကြိုပြောသွားတယ် လေ.......

           တပ်မတော်က စစ်မျက်နှာ ဝိတ်လျော့လိုက်တာပါ ။ အခုလို လွှတ်​​ပေး​တော့ ဝရမ်းပြေး အချင်းချင်း မလွှတ်တဲ့ သူတွေက မနာလိုစိတ် နဲ့ စိတ်ဝမ်းကွဲပြီ ။ အပုပ်ချကြလိမ့်မယ် ။ ပုန်ကန်သူတွေ စိတ်ဝမ်းကွဲတာ နိုင်ငံတော် အတွက် အမြတ်ထွက်ပါတယ် ။ 

            တပ်မတော် ဝန်းရံသူတွေ ဟာ စိတ်ခံစားမှု များနေပါတယ် ။ GZ လေးတွေ အသတ်ခံနေကြရတော့ သနားနေကြတာလည်း ဒီလူတွေပါပဲ ။ GZ တွေ ဗုံးခွဲ လူသတ် မီးရှို့ လုပ်နေလို့ စိတ်ဆိုးနေကြတာလည်း ဒီလူတွေ ပါပဲ ။ 

           တချိန်တုန်းက ဘရွှေကြီးတောင် ဗုံးခွဲမှု နဲ့ ပတ်သက်ခဲ့တဲ့ မင်းသမီးဇင်မာဦးကို သတင်းပေး ပြန်မွေးပြီး လွှတ်ပေးခဲ့ဖူးတယ် ဗျ ။ 

           နောက်ထပ်လည်း လွှတ်ပေးအုံးမှာ သိပ်ပြီး ခံစားမနေကြပါ နဲ့ ။ အရမ်းစော်ကားထားတဲ့သူ လွှတ်ပေးလေ အဲဒီလူပေးထားတဲ့ အတွင်းသတင်း နဲ့ သက်သေနဲ့ တကွ ခိုင်လုံလေ ဖြစ်နေတယ်လို့ သဘောပေါက်သင့်တယ် ဗျ ။

      ပြန်လွတ်တဲ့ သူတွေထဲက တပ်မတော်ကို ချက်ခြင်း ပြန်ဆဲတဲ့ သူတွေ ၊ အရေးမစိုက်ဖူး ဆိုတဲ့ အပေါက်နဲ့ လက်သုံးချောင်း ထောင်ပြသူတွေများ တွေ့ခဲ့ရင် ခင်ဗျားတို့ ပြုံးပြုံးကြီး ကြည့်သာနေလိုက် အဲဒါ ဒလံ အကြီးစားတွေပဲ ဗျ ။ 

           မြကျောက်သရက်သီးကို စျေးကြီးပေး ဝယ်စားနေကြတာ အဲသလို ချို / ချဥ် ဖြစ်နေလို့ တဲ့ ။ 

          ဒီလို ​လွှတ်ပေးလိုက်တာ မြို့ပြ GZ တွေကို 80 % လောက် ချုပ်မိပြီဆိုတဲ့ အချက်ပြမှုလည်း ဖြစ်နေတယ် ဗျ ။ အခုဆို အကြွင်းအကျန်လေးတွေ ထလှုပ်နေတဲ့ အနေအထားပဲ ရှိပါတော့တယ် ။ 

        လှုပ်တဲ့သူလည်း ငရဲပြည်ကို ဗီဇာမပါပဲ တိုက်ရိုက်ပို့နေတာ အားလုံးအသိပဲလေ ။

      မိတ်ဆွေတွေကို ပြောချင်တာက စိတ်ခံစားမှုကို ကိုယ့်အသိ ကိုယ့်အတွေးအခေါ် ကိုယ့်ဗဟုသုတ လေးလောက်နဲ့ ခံစားပြီး ပေါက်ကွဲမနေကြပါ နဲ့ ဗျာ ။ ကိုယ်ပဲ စိတ်ဆင်းရဲ ရတာကိုး ။ 

      သာဝ ဆဲထားတဲ့ သားငယ် လွှတ်ပေးလို့ စိတ်ဆိုးနေသလား.... ? သူတောင် အဆဲခံနိုင်တာ ခင်ဗျားတို့က နာစရာလား ဗျ...? မကျေနပ်ဖူးလား ဒီကောင် သီချင်းဆိုတဲ့ အချိန် ခဲ နဲ့ ထုလို့ရတာ အမြတ်လို့ သဘောထား....... 

     ချစ်သုဝေ လွှတ်ပေးလို့ စိတ်ဆိုးနေသလား...... ? သူ့ဆီက အဖိုးတန် အတွင်းသတင်း ရနေတာလို့ သဘောပေါက်ရမယ်.. နောက် ဗုဒ္ဓဘာသာကို စော်ကားထားတဲ့ အကြွေးဆပ်ဖို့ တရားပြန်ဆွဲလို့ ရပြီဆိုတာ သဘောပေါက်ထားလိုက်ပါ ဗျာ ။ 

      ကဲ မျိုးချစ်မိတ်ဆွေတွေ စိတ်ခံစားမှုတွေ လျှော့ထားပြီး ကျန်းမာရေးသာ ဂရုစိုက်ကြပါဗျာ ။ မြကျောက်ကြီးကတော့ သူ့မူအတိုင်း ချိုလိုက် ချဥ်လိုက် နဲ့ သွားနေမှာပါ ။ အချိန်တန်တော့လည်း မသမာသူတွေ ကျဆုံးသွားမှာ ပါပဲ ဗျာ ။ 

           မျိုးဝင်း