Tuesday, June 29, 2021

ဒီကာလအတွင်း ဘာတွေလုပ်ခဲ့လဲ???

copy.....
ဘယ်မလဲ မြသွဲ့သွဲ့ခိုင် ?

ဘယ်မလဲ ဝေယံထွန်း ?

ဘယ်မလဲ ကြယ်စင် ?

ဘယ်မလဲ အာဇာနည်ခေါင်းစဉ်တပ်ထားတဲ့ 
သေဆုံးသွားတဲ့ အခြားလူငယ်လေးတွေ?

ဘယ်မလဲ CDM ထောက်ပံ့ကြေး?

ဘယ်မလဲ ရုန်းထွက်ဖို့ ပြောတဲ့လူတွေ?

ဘယ်မလဲ မင်းကိုနိုင်စကားတွေ?

ဘယ်မလဲ we need R2P တွေ?

လာအုံးမယ် KNU/KIA တွေ 

နောက်မှ ရင်နာကြရအုံးမယ်…

သူတို့က လိုတုန်းသာ အာဇာနည်တင်ကြတာဗျ
အခု တစ်မျိုး တော်ကြာတစ်မျိုး 
Facebook ပေါ်ကTrends နောက်လိုက်တဲ့
ပေါ်ပင် နိုင်ငံရေးဟာ အောင်မြင်စရာမရှိဘူး…

ဘယ်သူမှ နိုင်ငံရေးခံယူချက်မရှိဘူး ။
လော်ဘီတွေမျိုးစေ့ချခဲ့တဲ့ အမုန်းတရား
ဒေါ်လာစားတွေရဲ့ အကြောင်းတရားတွေနဲ့
မောင်းနှင်နေရတဲ့ ရုပ်သေးတွေလိုပဲ
ကပြနေကြရတယ်…ကြိုးကို မမြင်ကြဘူး ။

ကြိုးစွဲသူတွေအလိုကျ
ဒီနေ့မင်းသားနေရာ ထားရင်ထားမယ်…
သူတို့နဲ့မတူတာနဲ့ နောက်နေ့ လူကြမ်းပဲ…
ဇာဂနာကိုပဲကြည့်…
ကိုကိုကြီးကိုကြည့်…
AA ကိုကြည့် …
အများကြီးရယ် ဒီလိုအဖြစ်တွေ…

အခုကာလမှာ…
၈၈မှီတဲ့ လူကြီးတွေ အတော်များများ
ဘာလို့ ငြိမ်နေကြသလဲ???
နိုင်ငံရေးသမား> စားဖားတွေ 
ပုံဖော်နေတာ Bullshit နိုင်ငံရေးပဲ
ဒေါ်လာစားနိုင်ငံရေးပဲဆိုတာ သိသွားကြပြီ…

အခုလဲ ၂၀၁၀ကစပြီး 
တပ်မတော်က အလုံးစုံအာဏာကနေ စွန့်ခွါတယ်
သတင်းလွတ်လပ်ခွင့်တွေ 
လွတ်လပ်စာပြောဆိုခွင့်တွေ
၁၀-နှစ်ပေးထားလိုက်တယ်
ဒီမိုကရေစီအတွက်ပဲ ဆိုတာ
အကုန်သိကြတယ်… မငြင်းကြနဲ့ ။

ဒီကာလအတွင်း ဘာတွေလုပ်ခဲ့လဲ???
လော်ဘီတွေမွေးတယ်…
ပြည်သူနဲ့ တပ်မတော်ကို သွေးခွဲတယ်
တပ်ကို ထိတ်ပုတ်ခေါင်းပုတ်လုပ်တယ်
အဲဒါကိုပဲ ၁၀နှစ်လုံးလုပ်ခဲ့တယ်
ငြင်းမလားပြော…‼️

ရှေ့မှာလူမြင်ကောင်းအောင် 
စေ့စပ်ညှိနှိုင်းရေး အယောင်ပြတယ်..
နောက်က လော်ဘီအားကိုးနဲ့ တပ်နဲ့ပြည်သူကို သွေးခွဲတယ်…
ဒါတွေကို ဒေါ်စု ဘယ်တုန်းက တားခဲ့ဖူးလဲ ???

ပန်ဆယ်လို > သမီးရေးတာထိန်းသင့်တယ်…
ဇာနည်တိုက် > သားကစိတ်နည်းနည်းလျော့…
သက္ကမိုးညို > သားကဝန်ထမ်း …
သားရဲ့ အာဘော်တွေက ပါတီပေါ်ယိမ်းနေရင်...
သား ထမ်းဆောင်နေရတာက > ပြည်သူ့ဝန်ထမ်း
သားချိန်ခွင်က တဖက်စောင်းနေမယ်…
ဒီလို တားခဲ့ဖူးတာကြားဘူးရင်…record ရှိရင်
ခုဒီပိုစ့်အောက် လာငြင်းလှည့်…‼️

သူ့ရဲ့ မေတ္တာဘယ်လောက်ကြီးကြောင်းနဲ့
စစ်တပ်က ဘယ်လိုယုတ်မာကြောင်း
၁၀ နှစ်နော်… ပြည်သူတွေအပေါ်
၁၀နှစ်တောင် (၁၀နှစ်)
လေလာရာဖင်ပေး အေးဆေးနေပြီး နားသွင်းခဲ့တာ …(သေချာမြင်အောင်ကြည့်)
ဘာကြောင့်ထင်လဲ???

ခုလိုအချိန်မျိုးမှာ 
ပြည်သူ၂ ခြမ်းကွဲနေအောင်ပဲ ။
သူတို့ဆက်လုပ်မယ့်အမှားအတွက်ကာကွယ်ပေးမယ့်ရင်ဘတ်တွေမသိချင်ယောင်ဆောင်ပါးစပ်ပိတ်ပေးမယ့်လူတွေကို
အမျိုးအစားတစ်ရပ်အနေနဲ့
ပြည်သူလူထု ဆိုတာထဲက ခွဲယူပြီး
စနစ္တက်ဖန္တီးခဲ့တာပဲ…‼️

( သေချာ…မြင်အောင်ကြည့် )
အစကထဲက…မဲစာရင်းတွေသာ စစ်ပေးခဲ့ရင်…
သူတို့တွေသာ မဲမသမာမှု မလုပ်ခဲ့ရင်…

သူတို့လည်း တင်းပြည့်ကျပ်ပြည့် အစိုးရဖွဲ့နိုင်မယ်
ကျုပ်တို့လည်း ဆက်ပြီးတော့
အတိုက်အခံကောင်းအဖြစ် ရပ်တည်မယ်…
ပြည်သူ့အကျိုး ပိုပြီးဆောင်ရွက်ပေးမယ်…
ကျုပ်တို့ ပိုကောင်းလာအောင် ကြိုးစားမယ်…

ဒီကိစ္စတွေသာ မဖြစ်ခဲ့ရင်
ခုချိန်လောက်ဆို
ကျုပ်တို့ ကိုဗစ်ကို အနိုင်တိုက်ပြီးနေလောက်ပြီ…
ဘယ်ညီအစ်မ/ညီအစ်ကို မှလည်း သေစရာ မလိုဘူး…
စီးပွါးရေးလည်း အဆင်ပြေနေလောက်ပြီ…
အခုလို ဘာမှအလုပ်မဖြစ်စရာလဲ မရှိဘူး…

လူတွေအကုန်လုံး သူ့အလုပ်နဲ့သူ…

လူတွေအကုန်လုံး သူ့ဝင်ငွေနဲ့သူ…

လူတွေအကုန်လုံး သူ့ရည်ရွယ်ချက်နဲ့သူ…

လူတွေအကုန်လုံး သူမျှော်လင့်ချက်နဲ့သူ…

ကားဝယ်ဖို့ ငွေစုသူတွေ…
အိမ်ဝယ်ဖို့ ငွေစုသူတွေ…
နိုင်ငံခြားသွားမယ့် ကျောင်းသားတွေ…
ငွေပေါ်လာမယ့်… လှောင်ကုန်တွေ…
ဝင်ငွေရမယ့် project/ဆိုဒ် တွေ…
ကျောင်တက်ရမယ့် ကလေးတွေ…
ရှင်ပြုပေးမယ့် ရွာက ကလေးမိဘတွေ…
ခဲထားတဲ့ Online shopping တွေ…
ကိုဗစ်အလွန် စီးပွါးရေးတွေ…
အကုန်လုံး အကုန်လုံးကို …

“ မဲစာရင်းစစ်ပေးစရာ မလိုဘူး ” ဆိုတဲ့

အမိန့်စကားတစ်ခွန်းနဲ့ ခွေးဖြစ်သွားအောင်လုပ်ခဲ့တာ…ပဲ

“ စကားတစ်ခွန်းထဲနော်… ”

“ မဲစာရင်းစစ်ပေးစရာ မလိုဘူး ” ဆိုတဲ့
အမိန့်စကား တစ်ခွန်းထဲနဲ့ 
အခုတော့… 
ပြည်သူတွေ အကုန်ခွေးဖြစ်ကြပြီ…
သေတဲ့လူတွေသေကြပြီ…
မိသားစုတွေ ဒုက္ခရောက်ကြပြီ…

သေချာပါတယ် 
ကျုပ်သိတယ်…
ကျုပ်ရဲရဲကြီး နားလည်တာက…
ပြည်သူ့ဆန္ဒတွေကို မှန်ကန်လေးစား
ခိုးသာမထားရင် ဒီလိုမလုပ်ဘူး…
ကလေးအတွေးနဲ့ စဉ်းစားလို့ ရတယ်…

ဒီလိုဆုံးဖြတ်တဲ့ လူတွေထဲမှာ …
ကလေးတစ်ယောက်မှ မပါဘူး…
အကုန် လူကြီးတွေချည်းပဲ…
အကုန် ၈၈ ကာလကို မှီတယ်… 
၈၈ ကအနိဌာရုံတွေ မြင်ဖူးတယ်…
ခင်ဗျားတို့ သိသိကြီးနဲ့ လုပ်ခဲ့တာ…

ခင်ဗျားတို့…

အရမ်း ယုတ်ညံ့တယ်…

အရမ်း အတ္တကြီးတယ်…

အရမ်း အာဃာတကြီးတယ်…

အရမ်း အစွန်းရောက်တယ်…

ခင်ဗျားတို့တွေ… ပြည်သူကိုချနင်းခဲ့တယ်…

ခင်ဗျားတို့ အသက်တွေက သေခါနီးပြီ…
ကျုပ်တို့ ခံရတဲ့ပြည်သူတွေက မကျိန်ဘူး…
ဝဋ်ဆိုတာ မနေဘူး… လည်လိမ့်မယ်…
ဝဋ်လည်စရာ ငရဲပဲရှိတယ်…

(စိတ်ကြိုက်ကူးယူနိုင်တယ်)

ကျုပ်ကိုယ်တိုင် ဒီဒုက္ခတွေခံစားနေရလို့ ရေးထားတာပဲ ။

credit