Thursday, June 24, 2021

တနွယ်ငင် တစင်ပါ

        ကိုစိုးကတော့ အချိန်မှန်ပဲ လင်းတာနဲ့ ရောက်လာတယ် ။ လက်ဖက်ရည်မှာသောက်ပြီးတာနဲ့....

"ငမျိုးမင်းညက ညဥ့်နက်မှ ပို့စ် တွေ ထတင်နေပါလား ကွ ''

"ဟုတ်တယ် Hemp အပင် အကြောင်း ဖတ်ရင်း တည်းဖြတ်ရင်း အိပ်မရဖြစ်နေလို့ တခါတည်း ရေးပြီး တင်လိုက်တာ ''

"ငါက ဆိပ်ကမ်းစာချုပ် နဲ့ လိုင်ဇာ ကိစ္စ ပိုပြီး စိတ်ဝင်စားတယ် ''

"ဆိပ်ကမ်းစာချုပ်က အရေးကြီးတယ် ဗျ နှစ်ကျပ်ကွက် ကစားနေတာပဲ ''

"ဘယ်လို နှစ်ကျပ်ကွက်လဲ ကွ ''

"မြန်မာ့ရေတပ်အတွက် လက်ရှိစစ်သင်္ဘောတွေထက် ကြီးမားတဲ့ စစ်သင်္ဘောတွေ တည်ဆောက်လိမ့်မယ် ဗျ ၊ နောက်ပြီး ရုရှားစစ်သ​ေ
င်္ဘာကြီးတွေ ဆိပ်ကမ်းကပ်ပြီး နားခွင့်ပေးလို့ ရသွားလိမ့်မယ် ''

"အခြေစိုက် ခြေချခွင့်မပြုရ လို့ ခြေ / ဥ မှာ အတိအလင်း ပြဌာန်းထားတယ်လေ ''

"အခြေချတပ်စွဲတာ မဟုတ်ဖူး အလည်လာတာ လေ 😁😁''

"သြော် အေးကွာ ပေါက်ပြီ ဒါနဲ့ လိုင်ဇာ နဲ့ မိုင်ဂျာယန်းက..... ''

"KIA က အနေအစားကျပ်နေပြီ ၊ တဖက်မှာ သွေးတိုးစမ်း တိုက်ကွက်ဖော်ပြပြီး မြူတာပေါ့ ဗျာ လိုင်ဇာ ချောင်သွားအောင်လေ ၊ အဲဒါကြောင့် တပ်မတော်က နဲနဲ ဆုံးမပြလိုက်တာ ''

"အေး ဒီတပွဲတော့ အပြတ်ရှင်းမှ ကောင်းမယ်ဟေ့ နောက်ပြီး ဗိုလ်ချုပ်ရာပြည့်ကို အကြံပေးတဲ့ အဖွဲ့ကရော ''

"အကြမ်းဖက်တွေကို အကြမ်းပြန်ဖက်တော့မယ် ဆိုတဲ့ မက်ဆေ့ ပေးလိုက်တာ ပဲ ''

"အေးကွာ ဒီကောင်တွေ ယုတ်ယုတ်မာမာ နဲ့ အပြစ်မဲ့ ပြည်သူတွေကို သတ်နေတာ ၄၉၀ ရှိပြီကွ ''

"မညှာတော့ပါဖူး တောက်လျှောက် ပစ်နေတာပါ သူတို့အတွက် 
ရွှေလက်နဲ့ကြိုတဲ့ကာလ ကုန်သွားပြီ ဘူးလက် အလှည့်ရောက်ပြီ လေ ''

"မန္တလေးက ပြဿနာ နောက်ဆက်တွဲ မိနေတာ အများကြီးပဲ ကွ ''

"လေကြီး မိုးကြီး ဆေးသမား တော်လှန်ရေး ငကြောင်တွေပါဗျာ စစ်ဖိနပ်နဲ့ နံကြား နှစ်ချက် မကန်ရဘူး သားက စိတ်မပါပဲ အဖော်ကောင်းလို့ လုပ်မိတာပါ ဆိုပြီး အကုန်ဖော်တော့ တာပဲ ''

"အေးကွ ဟိုကောင်မ ဖာဆယ်လို ဗန်းပြ အလှူခံနေတဲ့ ခေါင်းဆောင်ဆိုတဲ့ကောင် မိသွားတော့ အကုန်ပေါ်တာပေါ့ အလှူခံရတဲ့ ငွေတွေ ဖာဆယ်လို ရတာပေါ့ ကွာ''

"အဲဒီ အဖွဲ့က တကယ် အရှက်နည်းတဲ့ အဖွဲ့တွေဗျ အကြောင်းအမျိုးမျိုးပြပြီး အလှူခံစားနေကြတာ ရွံစရာပဲ ''

"ဟုတ်ပါ့ ကွာ အဲဒါကတော့ လူတွေသေလေ သူတို့ ဂွင်တွေ့လေပဲ ဟေ့ ''

"ဟုတ်ပါ့ ဗျာ ကဲ ပြန်ကြစို့ ''

"နေအုံးကွ တို့နိုင်ငံ အနေအထား ဘယ်လို ဖြစ်နိုင်မလဲ ကွ ''

"ပြည်ပရန်ကတော့ စဥ်းစားစရာ မလိုတော့ဖူး ပြည်တွင်းရန်ကလည်း အခုလို ကိုင်ပြီဆိုရင် စိတ်အေးလက်အေး နေပေတော့ မကြာတော့ဖူး တနွယ်ဆွဲမိရင် မြုံလိုက်ပါအောင် ဆွဲတတ်တယ် ''

"ကဲ ကွာ တနွယ်ငင် တစင်ပါအောင် လုပ်တတ်ကြတာမို့ စိတ်တော့ နည်းနည်းအေးရပါပြီ ကွာ ''

          မျိုးဝင်း

(မန္တလေး ဆေးကြောင် PDF တို့ရဲ့ အလှူတော်)

{အောက်ဆုံး ပုံ က အသက်}