Saturday, June 12, 2021

အတိတ် ပစ္စုပ္ပန် အနာဂါတ် နဲ့ ယုံကြည်ချက်

      အတိတ်ကာလက ၈၈ အရေးအခင်း ပြီးတော့ ရပ်ရွာတွေထဲမှာ အစိမ်းဝတ်ကြီးတွေနဲ့ တရားဥပဒေ စိုးမိုးရေးအတွက် ကြမ်းကြမ်းတမ်းတမ်း ဆုံးမနေတာတွေ တွေ့ခဲ့ရတော့ အတော် ရက်စက်တဲ့ လူတွေလို့ မြင်ခဲ့မိတယ် ။


     ပစ္စုပ္ပန် ကာလမှာ ပင်နီတွေဝတ် ပြည်သူတွေကို နှိပ်စက်နေတဲ့ မတော်မတရားမှုတွေ ကို တရားဥပဒေစိုးမိုးရေး အတွက် နှိမ်နင်းရမယ့်အစား ဟိုလက်ညှိုး ဒီလက်ညှိုးထိုး နဲ့ ဥပေက္ခာပြုထားကြပြန်တယ် ။

       အနာဂါတ်မှာ ငါတို့လို သာမန်ပြည်သူတွေအတွက် တာဝန်ယူမှု တာဝန်ခံမှု မရှိတဲ့ ရူးကြောင်ကြောင် လူလိမ် ပင်နီ နိုင်ငံရေးသမားတွေ အစား အခြားနိုင်ငံရေးသမား သို့မဟုတ် တပ်မတော်ကိုပဲ တောင်းတမိတာ ငါလို သြဇာအာဏာ မရှိတဲ့သူ အတွက် မှားသလား?

        အတိတ်ကာလတုန်းက အစိမ်းရောင် ယူနီဖောင်းကြီးတွေ နဲ့ သေနတ်ခါးထိုးပြီး ဘုန်းကြီးကျောင်းတွေမှာ လှူဒါန်းနေတညတွေ ဂါရဝပြုနေတာတွေကို မျက်စိနောက်ခဲ့ကြဖူးတယ် ။ ဥပဒေချိုးဖောက်ခဲ့မိတဲ့ သံဃာတွေကို ဖမ်းဆီးအရေးယူတာ နဲ့ ဆက်စပ်ပြီး အမြင်မကြည်ကြတာပေါ့ ။

      ပစ္စုပ္ပန်မှာ ပင်နီသာဝန် ဘုန်းကြီးကျောငိးတွေဖျက် ၊တရားပွဲတွေပိတ် ၊  ဘုရားအလှူငွေတွေယူ ၊ ဘုရားရွှေပါ် မချန်ခွာယူပြ ၊ ဗလီကျောင်းကြတော့ လူထောင်ချီ ဆန့်တဲ့ဟာကြီး ဆောက်ပေး မတဲ့ ။

      အနာဂါတ် သာသနာအတွက် ပင်နီလို သာသနာဖျက် ပါတီအစား အစိမ်းတွေ သေနတ်ခါးထိုးပြီး ဘုန်းကြီးကျောင်းတွေမှာ လှူဒါန်းနေကြတာ ပိုပြီး ကျက်သရေရှိပါလားလို့ ငါလို ဗုဒ္ဓဘာသာတယောက်က တွေးထင်နေတာ မှားသလား?

      အတိတ်ကာလတုန်းက အစိမ်းရောင်ယူနီဖောင်းတွေနဲ့ စေတီ ပုထိုးတွေ ပြင်ကြ ထီးတော်တွေတင်ကြ ရွှေသင်္ကန်းတွေကပ်ကြ ကထိန်တွေခင်းကြနဲ့ မြင်ခဲ့ရတော့ ဘာသာ သာသနာရေး လုပ်နေတာတောင် ယူနီဖောင်း မချွတ်ကြဘူး လို့ အပြစ်တင်ခဲ့ဖူးကြတယ် ။

      ပစ္စုပ္ပန် ပင်နီလက်ထက်မှာတော့ civid အကြောင်းပြပြီး စေတီပုထိုးတွေ သော့ခတ် ၊ ဗလီ နဲ့ ချပ်တွေကျတော့ဖွင့် ၊ ဘာသာပေါင်းစုံဆိုပြီး ပင်နီတွေက မုတ်ဆိတ်ကို ထိုင်ကန်တော့သတဲ့ ၊ ဘုန်းကြီးပျံကျင်းပပေးဖို့ ကူညီမလားမေးတော့ အထက်ကို တင်ပြရမတဲ့ မန်းဝန်
ကြီးချုပ်အဆင့်ကနော် မဟော်သဓာပညာဒါနကျောင်းကျတော့ ပိတ်ဆို့ပြီး တရားတောင် စွဲလိုက်သေး ထွီ။

     အနာဂါတ်ကာလ ငါတို့ ဗုဒ္ဓဘာသာ မကွယ်ပျောက်စေဖို့ ပင်နီတွေကွယ်ပျောက်ဖို့ လိုပြီဆိုတာ မြင်ကြပါသလား ။ ပင်နီပျောက်ပြီး အခြားအရောင်တွေ ရောက်ပါစေ အစိမ်းရောင်တွေ လွှမ်းပါစေလို့ ဆန္ဒပြုပါတယ် ။

     အတိတ်ကာလတုန်းက ပြည်သူတွေကို လုပ်အားပေးခေါ်ပြီး ပြည်သူတွေ အသုံးပြုရမယ့် လမ်း တံတား ဆည်မြောင်းတွေကို အစိမ်းရောင်ယူနီဖောင်းဝတ်တွေက လုပ်စေခဲ့တယ် ။ ဖြစ်ထွန်းလာတဲ့ အကျိုးစီးပွားအတွက် လုပ်အားပေးခဲ့ရတဲ့ ဒေသခံတွေကပဲ ခံစားစံစား ကြနေရပေမယ့် အမုန်းခံ အစိမ်းဝတ်တွေကတော့ လမ်းတပေ ဆည်ရေတမှုတ် ရေရှည် မခံစားရပါဘူး ။

       ပစ္စုပ္ပန် မှာ ပင်နီတွေ အမှိုက်ကောက် အိမ်သာဆေး ဟန်ရေးပြပြီး ပြည်သူ့ငွေသုံးကာ တည်ဆောက်သတဲ့ လမ်းတမိုင် ၂ ၂ ဘီလီယံတဲ့ ၊ တမံက တနှစ်ခံ ၊ တံတားကို ဆေးသုတ် အမည်ပြောင်း သူတပါးကိုဖောင်းထု တက်ညီလက်ညီ ခိုးလိုက်ကြတာ တက်တက်ပြောင်နေပါပေါ့ နှစ်ခြောက်ဆယ် သူခိုးတွေဟာ ငါးနှစ်သားသူခိုးကို ပါးစပ်အဟောင်းသား ငေးကြည့်ရတဲ့ အဆင့်။

     အနာဂါတ်တိုင်းပြည် အမှန်တိုးတက်ဖို့ ဖော်ရှိုးသူခိုး ပင်နီတသိုက်ကို သူတို့စရိုက်နဲ့ လျှော်ညီတဲ့ အင်းစိန်မှာ တောရဆောက်တည်ခိုင်းဖို့ အစိမ်းရောင်ယူနီဖောင်းတွေ ယာယီဖြစ်စေ အရေးပေါ် လာချိန်တန်ပြီလို့ ယူဆနေတာ ငါလို သာမန်ပြည်သူ အများစုဖြစ်မယ်လို့ ယုံကြည်မိတယ် ။ ဘုရားမကြိုက်တဲ့ ခွေးနီတသိုက်ကတော့ အူနေ ဟောင်နေမှာပေါ့လေ ။

      အတိတ်ကာလတုန်းက အမေရိကန် နဲ့ အနောက်အုပ်စုရန်ကို ကြံ့ကြံ့ခံပြီး တရုတ်ကို နောက်ခံပြု ကုလမှာ အံတုခဲ့ကြတဲ့ အစိမ်းရောင်ဝတ်တွေအပေါ် နိုင်ငံရေးဗဟုသုတ ဆယ်ပြားဖိုးလောက် အသိနဲ့ ဝေဖန်ခဲ့ဖူးတယ် ။

      ပစ္စုပ္ပန်မှာ ပင်နီတသိုက် ကျားဖင်နှိုက်မိသလို ငဖြူကယ်ပါ ငနက်ကယ်ပါ နဲ့ ဘုံကျွန်နိုင်ငံ ဖြစ်လိုဖြစ် ၊ လေယာဉ်တစင်း အမြောက်တလက်ပဲ ရှိတဲ့ ရွာသာသာ နိုင်ငံ အစုတ်အပြတ်က တရားစွဲတာကို လက်ခံပြီး ကိုယ့်ဘာသာ တရားခံဖြစ်အောင်လုပ် ကိုယ့်လည်ပင်းကိုယ်
ကြိုးကွင်းစွပ်ချလိုက်တဲ့ ပေါကြောင်ကြောင် လူယုတ်မာ တိုင်းပြည်သစ္စာဖောက်ကြီး တွေ့လိုက်ရတယ် ။

       ဒါကြောင့် အနာဂါတ်ကာလရဲ့ အမျိုးဂုဏ် ဇာတိဂုဏ် တိုင်းပြည်ဂုဏ်အတွက် သစ္စာဖောက်တွေကို ဖယ်ရှားရမယ် ။ အခြေအနေမှန်အရ ပင်နီကို ချီးထက်ရွံပြီး အစိမ်းရောင်ကို တမ်းတနေမိတာ အမျိုးချစ်သူတိုင်းလို့ ဆိုရင် မှားမယ် မထင်ဘူး ။ ထမီခေါင်းစွပ်ထားတဲ့ ခွေးနီတသိုက်ကတော့ ထုံးစံအတိုင်း အူကြဟောင်ကြပေါ့ ။

       မျိုးဝင်